Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3org

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် နှစ် (၂၀) ပြည့် အခမ်းအနားကျင်းပ

ရိုးမ ၃။ နိုဝင်ဘာ ၁၈၊ ၂၀၀၈

ယနေ့ကျရောက်သည့် မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲချုပ်(DAB) ဖွဲ့စည်းတည်ထောင် ခြင်း နှစ်(၂၀) ပြည့်အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဒီမိုကရေစီမဟာမိတ်အင်အားစု အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင် များ တက်ရောက်ခဲ့ကြပြီး စစ်အာဏာရှင်ကျဆုံးရေးအတွက် မဟာမိတ်အင်အားစုအားလုံးသည် ပြည်သူနှင့်အတူ ရပ်တည်၍ မဆုတ်မနစ်တိုက်ပွဲဝင်ကြရန် (DAB)က တိုက်တွန်းလိုက်သည်။

“နှစ်ပေါင်းနှစ်ဆယ်အတွင်းမှာ (DAB)အနေနဲ့ ပထမဆုံးအနေနဲ့ တိုင်းရင်းသားတွေနဲ့ ဗမာတွေ ကြားမှာ သံသယစိတ် အလွန်ကြီးခဲ့ကြတဲ့အခြေအနေကနေ သံသယစိတ်ကို ဖျောက်နိုင်တဲ့ နားလည်မှုတည်ဆောက်နိုင်တဲ့ အခြေအနေကို ရောက်လာပါတယ်၊ ဒုတိယတဆင့်နေနဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို ဦးတည်ပြီးသွားမယ်ဆိုတဲ့ ဘုံရည် မှန်းချက်ကို တညီတညွတ်တည်း စုပေါင်းပြီး ပါဝင်ကြတယ်၊ ဗမာတွေကလည်း ဖယ်ဒရယ်ကို သွားကိုသွားရမယ်ဆိုတဲ့ တိုင်းရင်း သားတွေ ခွဲထွက်မသွားအောင်လုပ်ရမဲ့ တာဝန်လို့ နားလည်ပြီးဆောင်ရွက်နိုင်တဲ့ အခြေအနေကို ရရှိခဲ့ပါတယ်”ဟု (DAB)အတွင်းရေးမှူး ဒေါက်တာကျော်ညွန့်က ပြောသည်။

(DAB)အနေဖြင့် ရှေ့ဆက်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စစ်အစိုးရပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံကြောင်းနှင့် (နအဖ)အနေဖြင့် ထင်ရာကိုစိုင်းပြီး ဆက်လုပ်ဆောင်လာ ပါက ပြည်သူလူထုကို အကာကွယ်ပေးမည့် လုပ်ငန်းစဉ်ကို စတင်အကောင်ထည်ဖော်မည် ဖြစ် ကြောင်း ထုတ်ပြန်ပြောဆိုသည်။

“အခုတကြိမ်မှာ ပြည်သူကိုအကာကွယ်ပေးနိုင်တဲ့ လုပ်ငန်းစဉ်အသီးသီးကို လုပ်ငန်းအရ စီစဉ် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်၊ ရန်သူဒေါက်တိုင်တွေကို ဆုံးမတာ၊ ရန်သူတပ်ရဲ့လှုပ်ရှားမှုတွေ ကို ကန့်သတ်နိုင်အောင်လုပ်တာ အစရှိတဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေပါတယ်”ဟု ဒေါက်တာကျော်ညွန့်က ပြောသည်။

မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်များအဖွဲ့ကို (KNU)အပါအဝင် တိုင်းရင်းသာလက်နက်ကိုင် တပ်ဖွဲ့များ၊ ရှစ်လေးလုံးမှ ပေါက်ဖွားလာသော ကျောင်းသားတပ်မတော်အပါအဝင် အဖွဲ့ဝင် စုစုပေါင်း (၂၁) ဖွဲ့ဖြင့် ၁၉၈၈ ခုနှစ်၊ နိုင်ဝင်ဘာလ (၁၈) ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com