|
နိုင်ငံရေးအကျဉ်းသားများအမှုကို အမြန်ဆုံးအမိန့်ချမှတ်ရန် လုပ်ဆောင်နေ
ရိုးမ ၃။
နိုဝင်ဘာ ၄၊ ၂၀၀၈
စစ်အစိုးရအာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို စစ်ဆေးမှုများ
အမြန်ဆုံးပြုလုပ်နေပြီး ထောင်ဒဏ်များချမှတ်ကာ
နယ်အကျဉ်းထောင်များသို့ပို့ဆောင်ရန် ပြုလုပ်နေသည်။
သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရ၏အမှုများကို အမြန်ဆုံး
စစ်ဆေးမှုများပြုလုပ်နေ ကြောင်း မိသားစုဝင်တဦးက ယနေ့ပြောဆိုလိုက်သည်။
“ဦးဇင်းကို
အာဏာပိုင်တွေက သူ့အမှုတွေအကုန်လုံးကို အမြန်စစ်ဆေးနေတယ်၊ အခု ထောင်ထဲ
မှာရှိတဲ့ အရေးကြီးထောင်သားတွေကို နေရာတွေခွဲပို့ဖို့
လုပ်နေတယ်ဆိုပြီးကြားနေတယ်၊ ပြီးတော့ ဦးဇင်းကိုလည်း
အမှုတွေအမြန်စစ်နေတယ်ဆိုတော့ သေချာသလောက်ဖြစ်နေပြီ” ဟု မိသားစုဝင်တဦးက
ပြောသည်။
အရှင်ဂမ္ဘီရသည် ထောင်တွင်းဆေးရုံတွင် ဆေးကုသမှုခံယူနေရာ
ပြန်လည်သက်သာလာပြီဖြစ် သော်လည်း ဦးနှောက်နှင့် အာရုံကြော
အထူးကုဆရာဝန်နှင့် ပြသနိုင်ရေးအတွက် အဆင်ပြေမှု မရှိသေးကြောင်း
မိသားစုဝင်က ဆက်လက်ပြောသည်။
“လောလောဆယ်
သူ့ကျန်းမာရေးက ထောင်တွင်းဆေးရုံမှာကုတာ နည်းနည်းတော့ သက်သာ လာပြီ၊
ဒါပေမဲ့ အထူးကုဆရာဝန်ကြီးတွေနဲ့ပြဖို့ တင်ပြထားတာတွေကတော့
သိပ်အဆင်မပြေ သေးဘူး”ဟု မိသားစုဝင်က ဆက်ပြောသည်။
ပြီးခဲ့သည့်
ရက်ပိုင်းအတွင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင် (၉) ဦးကို တရားရုံးအား
မထီမဲ့မြင်ပြုလုပ်မှုဖြင့် ထောင်ဒဏ် ၆ လစီ ချမှတ်ကာ
မအူပင်အကျဉ်းထောင်သို့ ပို့ဆောင်မှုများပြုလုပ်ခဲ့သည်။ |