|
စစ်ဗိုလ်များအိမ်ယာ
အီးပီစီနှင့်ပေါင်းပြီး မီးသွယ်၍ ၀ါယာရှော့ဖြစ်
ဗထူး။ မေ ၇၊
၂၀၀၈
ကမာရွတ်မြို့နယ်ရှိ လျှပ်စစ်ကုမ္ပဏီတခုက လျှပ်စစ်ဌာန(EPC)နှင့်ပေါင်းကာ
စစ်ဗိုလ်များ အိမ်ယာအတွက် မီးသွယ်ရာမှ ၀ါယာရှော့ဖြစ်ခဲ့သဖြင့်
ရပ်ကွက်နေပြည်သူများ ထိန့်လန့်ခဲ့ကြ ရသည်။
မုန်တိုင်းဒဏ်ကြောင့် လျှပ်စစ်မီးများပြတ်တောက်နေစဉ်
အောင်သောင်းလျှပ်စစ်ကုမ္ပဏီက လျှပ်စစ်ဌာနနှင့်ပေါင်းကာ
မီးသွယ်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ညက
ကမာရွတ်မြို့နယ်၊ ခိုင်ရွှေဝါလမ်းရှိ အောင်သောင်းလျှပ်စစ်ကုမ္ပဏီက ၀ပ်အား
(၆၆၀၀) လျှပ်စစ်ကေဘယ်ကြိုးများအား ရွှေကိန္ဒရီအိမ်ယာရှိ စစ်ဘက်ဆိုင်ရာ
အရာရှိများ နေထိုင်ရာသို့ မီးသွယ်တန်းရာမှ
ဝါယာရှော့ဖြစ်ခဲ့ခြင်းဖြစ်သည်။
မုန်တိုင်းဒဏ်ကြောင့် ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများမှာ
အထိတ်တလန့်ဖြစ်နေစဉ် ယခုကဲ့သို့ ၀ါယာရှော့ဖြစ်သည့်အတွက်
ပိုမိုစိုးရိမ်သွားကြသည်ဟု ဆိုသည်။
“မနေ့ညက
တရပ်ကွက်လုံးမီးပျက်နေတဲ့အချိန်မှာ သူတို့ကောင်းကင်ကြိုးက
ကြိုးချင်းပူးပြီး တော့ မီးပွားတွေကျလာတာ၊ တကယ်တမ်းမီးလောင်ရင်
ဗဟိုလမ်းတရပ်ကွက်လုံး ပြာဖြစ်သွား မှာ၊ လျှပ်စစ်ဌာနနဲ့ပေါင်းထားတော့
ဘယ်မှာမှမီးမလာလည်း သူတို့ကြိုးကတော့ အမြဲတမ်း လာနေတယ်”ဟု
ရပ်ကွက်နေပြည်သူတဦးက ပြောသည်။
အဆိုပါ
အောင်သောင်းလျှပ်စစ်ကုန်မ္ပဏီသည် ပုဂ္ဂလိပိုင်ဖြစ်ပြီး
ပိုင်ရှင်အမည်မှာလည်း ဦးအောင်သောင်းဖြစ်ကာ ကမာရွတ်မြို့နယ် (၃)
ရပ်ကွက်တွင် တည်ရှိပြီး ပြည်သူများက သွားရောက် ပြောဆိုသော်လည်း
ပြုပြင်ပေးခြင်းမရှိကြောင်း ဒေသခံများက ပြောဆိုသည်။ |