Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ထောက်ခံမဲပေးရန် စစ်ဗျူဟာမှူးက ဒေသခံများနှင့်ဝန်ထမ်းများကို ဖိအားပေး ပြောဆို

ဖြိုးကြီး။ မေ ၈၊ ၂၀၀၈ 

မေလ (၁၀)ရက်နေ့တွင် ပြုလုပ်မည့်လူထုဆန္ဒခံယူပွဲတွင် ထောက်ခံမဲများရရန်အတွက် စစ်ဗျူ ဟာမှူးက ဒေသခံအာဏာပိုင်များနှင့် ၀န်ထမ်းများကို ဖိအားပေး ပြောဆိုခဲ့သည်။ 

ယခုလ (၂)ရက်နေ့မှ (၄)ရက်နေ့အထိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဗျူဟာမှူးက “၀” ဗဟိုဌာန ချုပ် ပန်ဆန်းမြို့သို့ သွားရောက်၍ ဒေသခံ “၀” အာဏာပိုင်များနှင့် ၀န်ထမ်းများကို ထောက်ခံ မဲများရရှိရန် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ပြီး ပြည်သူလူထုကို စည်းရုံးရမည်ဟု ပြောဆို ခဲ့ခြင်းဖြစ်သည်။ 

၎င်းပြောဆိုမှုများနှင့်ပတ်သက်၍ ပန်ဆန်းမြို့ခံ “၀” လူကြီးတဦးက “ဗျူဟာမှူးက ပြောတယ်၊ သူတို့ဖွဲ့စည်းပုံကို ကြိုက်ရင် အမှန်ထည့်ပါ၊ မကြိုက်ရင် အမှားထည့်လို့ပြောတယ်။ ဒါပေမဲ့ ဘယ် လိုပဲဖြစ်ဖြစ် အခုရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဥပဒေဟာ လူထုအတော်များများက လိုလားတောင့်တ နေကြတယ်၊ တိုင်းရင်းသားတွေအတွက်လည်း ကောင်းတဲ့ဖွဲ့စည်းပုံဖြစ်တယ်ဆိုတော့ “၀” လူထု က အမှန်ဘဲထည့်ကြမှာပါ၊ အမှန်ပဲထည့်ရင် “၀” ဒေသအတွက် အကောင်းဆုံးဖြစ်တယ် ကိုယ် ပိုင်အုပ်ချုပ်ခွင့်အတွက်လည်း အကျိုးရှိတယ်လို့ ပြောသွားတယ်” ဟု ပြောသည်။  

မြောက်ပိုင်းတိုင်းစစ်ဗျူဟာမှူး၏ ပြောဆိုမှုများနှင့်ပတ်သက်၍ “၀” ဒေသခံများနှင့် ပညာတတ် လူငယ်များက အလွန်မကျေမနပ်ဖြစ်နေကြပြီး ဒေသအတွင်း ကန့်ကွက်မဲများထည့်ရန်အတွက် လိုက်လံစည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်နေသည်။ 

ကန့်ကွက်မဲပေးရန်စည်းရုံးနေသည့် လူငယ်တဦးက “စစ်ဗျူဟာမှူးက ဒီလိုပြောတာဟာ “၀” ပြည်သူလူထုကို အထင်းသေးတာ၊ ဘာမှမသိပါဘူးဆိုတဲ့ ပုံစံမျိုးနဲ့ပြောသွားတာ၊ ဒီလိုစော်ကား သွားလို့ ကန့်ကွက်မဲထည့်ဖို့ ကျနော်တို့လိုက်စည်းရုံးထားတယ်၊ နအဖက အပြောတမျိုး အလုပ် တမျိုး ဘယ်သူမှ မယုံကြဘူး၊ အခုလည်းသူတို့ လုပ်တာကို မထောက်ခံဘူး၊ “၀” ပြည်နယ် အတွက်လည်း ဘာမှအကျိုးမရှိဘူး” ဟု ပြောသည်။ 

မေလ (၄)ရက်နေ့တွင် ပန်ဆန်းမြို့ မိုင်းရှင်းဟော်တယ်၌ ၀န်ထမ်းများကို ခေါ်၍ လျှို့ဝှက် ညွှန်ကြားမှုများ ပြုလုပ်ခဲ့ပြီး အစိုးရ၀န်ထမ်းတွေအနေနဲ့ လက်ရှိပေါ်လစီလုပ်ငန်းတွေကို အပြည့် အ၀ကာကွယ်ရမည့် တာဝန်ရှိကြောင်းနှင့် ကန့်ကွက်မဲထည့်သည့် ၀န်ထမ်းများကို အရေးယူ မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

ထိုကဲ့သို့ ပြောဆိုမှုများနှင့်ပတ်သက်၍ အမည်မဖော်လိုသူ ၀န်ထမ်းတဦးက “ဘယ်သူမှ ကန့် ကွက်မဲမထည့်ရဘူး၊ ကိုယ့်ရဲ့အနီးစပ်ဆုံး ဆွေမျိုးတွေကိုလည်း ထောက်ခံမဲပဲ ထည့်ခိုင်းရမယ် လို့ပြောတာ ကန့်ကွက်မဲထည့်ရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ ပြောတယ်” ဟု ဆိုသည်။ 

စစ်အစိုးရက  ၎င်းတို့ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတည်မြဲရန်အတွက် နည်း မျိုးစုံဖြင့် စည်းရုံးမှုများ လုပ်ဆောင်နေခြင်းအပေါ် ပြည်သူလူထုက လုံးဝကျေနပ်မှုမရှိကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com