Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဗီဇာရလျှင် ကုလအကြီးအကဲက ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကိုယ်စားလှယ်စေလွှတ်မည် 

ဉာဏ်မောင်။ မေ ၁၇၊ ၂၀၀၈ 

ကုလသမဂ္ဂအကြီးကဲက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် မြန်မာစစ်အစိုးရထံမှ ဗီဇာရလျှင် ကိုယ်စားလှယ်စေလွှတ်မည်ဟု ဆိုသည်။

လေဘေးသင့်ဒုက္ခသည်အား ကူညီရန်  နိုင်ငံတကာကယ်ဆယ်ရေးလုပ်ငန်းများကို စစ်အစိုးရမှ တားဆီးပိတ်ပင်နေသည့်အတွက် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် ဂျွန်ဟိုးလ်မက်စ်ကို စေလွှတ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ကုလပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မီရှဲလ် မွန်တတ်စ်က ပြီးခဲ့သည့်နေ့တွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံသို့ ၀င်ရောက်ခွင့်ရရန်အတွက် ဂျွန်ဟိုးလ်မက်စ်က ဗုဒ္ဓဟူးနေ့တွင် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းများကို သယ်ဆောင်သွားမည့် ကမ္ဘာ့စားနပ်ရိက္ခာ လေယာဉ်နှင့်အတူ လိုက်သွားရန် စီစဉ်ထားကာ အဆင်ပြေမည်ဟုထင်ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

ကုလအကြီးကဲအနေဖြင့် စစ်အစိုးရခေါင်းဆောင်နှင့် အဆက်အသွယ်ရရန် အကြိမ်ကြိမ် ကြိုးစား နေသော်လည်း ယနေ့အထိ တစုံတရာ တိုက်ရိုက်ပြောဆိုနိုင်ခြင်းမရှိကြောင်းနှင့် သူကိုယ်တိုင် မြန်မာနိုင်ငံသို့ သွားရောက်ရန် အစီစဉ်မရှိသေးကြောင်း မွန်တတ်စ်က ပြောသည်။ 

လေဘေးဒုက္ခသည်များအတွက် လိုအပ်လျှက်ရှိသည့် အကူညီများကို လျင်မြန်စွာ ပို့ဆောင်ပေး နိုင်ခြင်းမရှိပါက အစားအစာငတ်မွတ်မှုနှင့် ရောဂါဘယများကြောင့် ထပ်မံသေဆုံးမှုများဖြစ်လာ နိုင်သည်ကို ကုလသမဂ္ဂအနေဖြင့် အထူးစိုးရိမ်နေပြီး လက်ရှိအရေးပေါ်အကူညီလိုအပ်သည့် ဒုက္ခသည် ၁.၆ သန်းမှ ၂ သန်းခွဲထိရှိနေသည်ဟု ဆိုသည်။  

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်သည် မြန်မာနိုင်ငံအတွက် အရေးအပေါ်အကူအညီ ဒေါ်လာ ၁၈၇ သန်း တောင်းခံခဲ့ပြီး သန်း ၂၀၀ ထိ ရရန် မျှော်လင့်ထားကာ ယခုလက်ရှိ အမေရိကန်ဒေါ်လာ ၁၃၃ သန်းထိ လှူဒါန်းနိုင်ခဲ့ကြောင်း နှင့် အထူးသဖြင့် ကယ်ဆယ်ရေးပစ္စည်းများဖြစ်ပြီး ငွေသား ၃၉ သန်း ပါဝင်သည်ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ မစ္စ စတီဖင်နီဘင်ကာက ဆိုသည်။ 

မြန်မာနိုင်ငံမှ လေဘေးဒုက္ခသည်အရေးနှင့်ပတ်သက်၍ အဓိကအလှူရှင်များ၊ အိမ်နီးချင်းနိုင်ငံ များမှ ယခုလအတွင်း ညီလာခံတရပ်စီစဉ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် ပေးရမည်ဟု ဗုဒ္ဓဟူးနေ့က မစ္စတာ ဘန်ကီမွန်းက ပြောသည်။

“ဒုက္ခသည်တွေပြဿနာရဲ့အတိုင်းအတာကို ကြည့်မယ်ဆိုရင် အကူအညီလိုအပ်ချက်များကို ပိုမိုလုပ်ပေးရမယ်၊ မြန်မာသံအမတ်ကြီးကလည်း ကူညီနိုင်သမျှအားလုံး လုပ်ကိုင်ဆောင်ရွက်ဖို့ အာမခံချက်ပေးထားတယ်”ဟု သတင်းထောက်များကို ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံမှ လေဘေးဒုက္ခသည်များအတွက် တကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်ရေး အဆင့်မြင့် အာမခံနိုင်သူများကွန်ဖရင့်ကို အာရှတိုက်တွင် ယခုလအတွင်းလုပ်ရန် စီစဉ်ကြပြီး အဆိုပါ ကွန်ဖရင့်အစည်းအဝေးတွင် အာစီယံ ၁၀ နိုင်ငံ၊ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သြစတြေးလျနှင့် ဂျပန်နိုင်ငံတို့ ပါဝင်မည်ဖြစ်သည်။ 

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင့်ဆွေက လူမှုရေးကိစ္စကို နိုင်ငံရေးအသွင် မပြုလုပ်ရန် ပြောဆိုခဲ့ပြီး အမေရိကန်နိုင်ငံဆိုင်ရာသံအမတ် ဇာမေခါလစ်ဇ်ကလည်း  မိမိတို့ အနေဖြင့် လူသားချင်းညှာတာထောက်ထားမှုဆိုင်ရာ အခြေနေများကို လုပ်ကိုင်ရမည်ဖြစ် ကြောင်းနှင့် နိုင်ငံရေးကိစ္စများကို ရှောင်ရှားစေလိုသည်ဟု ဆိုသည်။ 

“ဒါပေမဲ့ လိုအပ်တဲ့ ကယ်ဆယ်ရေးအကူအညီတွေရောက်ဖို့ ခွင့်မပြုဘူးဆိုရင် နိုင်ငံရေးအသွင်  ပြောင်းသွားနိုင်ပါတယ်၊ ဒုက္ခသည်တွေကို ကာကွယ်ပေးဖို့နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ မပျောက်ပျက်ဖို့အတွက် တာဝန်ရှိပါတယ်၊ သည်လိုမှမဟုတ်ဘဲ အစိုးရရဲ့ဆောင်ရွက်ချက် ကြောင့်ပဲဖြစ်ဖြစ်၊ ဘာမှမလုပ်လို့ပဲဖြစ်ဖြစ် အသက်တွေဆုံးရှုံးသေကြေနေမယ်ဆိုရင် ထင်ရှား သိသာ တာဝန်ရှိစွာဘဲ သူတို့ကို ကိုင်တွယ်ရလိမ့်မယ်”ဟု အမေရိကန် သံအမတ်ကြီးက ဆက်လက်ပြောဆိုလိုက်သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com