Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လေဘေးသင့်ဒုက္ခသည်များရန်ပုံငွေ အနုပညာတင်ဆက်မှုကပွဲ ပြုလုပ် 

ရိုးမ ၃။ မေ ၁၄၊ ၂၀၀၈ 

မြန်မာနိုင်ငံမှ လေဘေးသင့်ဒုက္ခသည်များ ကယ်ဆယ်ရေးရန်ပုံငွေအတွက် သီးလေးသီးဆေး ရောင်စုံအငြိမ့်အဖွဲ့က ‘မုန်တိုင်းဘေး ငြိမ်းအေးစေ’အမည်ရှိ အနုပညာတင်ဆက်မှုတခု ပြုလုပ်ခဲ့ သည်။ 

အဆိုပါ အငြိမ့်ကပြဖျော်ဖြေမှုကို ယမန်နေ့ညပိုင်းက ထိုင်း-မြန်မာနယ်စပ်တနေရာတွင် တင်ဆက်ကပြခဲ့ခြင်းဖြစ်သည်။ 

ယခုကဲ့သို့ ကပြဖျော်ဖြေရခြင်းနှင့်ပတ်သက်၍ သီးလေးသီးအငြိမ့်အဖွဲ့ခေါင်းဆောင် လူရွှင်တော် ကိုဂေါ်ဇီလာက “မြန်မာနိုင်ငံက လေဘေးဒုက္ခသည်တွေ ရန်ပုံငွေအတွက်ပါ၊ အဲမှာအလှူငွေတွေ ကောက်ခံပြီး ရတဲ့ငွေတွေကို လေဘေးသင့်ဒုက္ခသည်တွေကို ပြန်လည်ပံ့ပိုးပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလိုပြုလုပ်တာဖြစ်ပါတယ်”ဟု ပြောသည်။ 

သီးလေးသီးဆေးရောင်စုံအဖွဲ့အနေဖြင့် ပြည်တွင်းပြည်ပရှိ မြန်မာများ၏ ကူညီပံ့ပိုးမှုများနှင့် မိမိ တို့ထံသို့ ဒုက္ခသည်များအတွက် လာရောက်လှူဒါန်းသည့် ငွေများကို ကာယကံရှင် ပြည်သူများ ထံသို့ တိုက်ရိုက်ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်မှာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆို သည်။ 

နာဂစ်မုန်တိုင်းတိုက်ခတ်မှုအပေါ် ကိုဂေါ်ဇီလာက “အခုတိုက်လိုက်တဲ့ နာဂစ်မုန်တိုင်းက ဘယ် သူတွေ ဘာစိတ်ရှိတယ်ဆိုတာကို စမ်းသပ်လိုက်တာပါ၊ သူ့တို့ရဲ့စိတ်ရင်းအမှန်ကို ဖေါ်ပြလိုက် တာဘဲ၊ အဲလိုဖေါ်ပြလိုက်တာကိုတောင် ကျနော်တို့က အကြောက်တရားတွေနဲ့နေမယ်ဆိုရင် ဒီထက်ဆိုးဖို့ပဲ ရှိပါတယ်လို့ ပြောချင်ပါတယ်”ဟု ဆိုသည်။ 

မြန်မာနိုင်ငံတွင် မုန်တိုင်းဒဏ်ကိုခံစားခဲ့ရသည့် ပြည်သူများအတွက် သီးလေးသီးဆေးရောင်စုံ အဖွဲ့နှင့်အတူ မယ်တော်ဆေးခန်းမိသားစု၊ ပြည်ပရောက် (၈၈) မျိုးဆက်ကျောင်းသားများ၊ အလုပ်သမားအဖွဲ့အစည်းများက ပူးပေါင်း၍ ရန်ပုံငွေများ လိုက်လံကောက်ခံလျှက်ပြီး လေဘေး သင့်ဒုက္ခသည်များထံသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။ 

ထို့အပြင် ပြည်ပရောက်မြန်မာများကလည်း လေဘေးသင့်ဒုက္ခသည်များအတွက် အလှူငွေများ ပေးပို့နေကြပြီး ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းဝိုင်းကလည်း ကယ်ဆယ်ရေးလုပ်ငန်း များအတွက် ကူညီပံ့ပိုးမှုများ ပြုလုပ်နေလျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com