Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

တောင်ကုတ်တွင် ကန့်ကွက်မဲများသာပေးကြပြီး အာဏာပိုင်ဘက်မှ မဲလိမ်မှုများပြုလုပ် 

ဗထူး။ မေ ၁၁၊ ၂၀၀၈ 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်တွင် ကန့်ကွက်မဲများကို အများဆုံးပေးခဲ့ကြပြီး အာဏာပိုင် များဘက်မှလည်း ထောက်ခံမဲရရန်အတွက် နည်းအမျိုးအမျိုးဖြင့် လုပ်ဆောင်ခဲ့သည်။ 

ယမန်နေ့ကပြုလုပ်ခဲ့သော လူထုဆန္ဒခံယူပွဲတွင် တောင်ကုတ်မြို့နယ်ရှိ ပြည်သူများက ရဲရဲတင်း တင်း ကြက်ခြေခတ်ထည့်ခဲ့ကြပြီး အာဏာပိုင်များက သက်ကြီးရွယ်အိုများနှင့် ကျေးလက်နေ ပြည်သူများ၏မဲများကို ထောက်ခံမဲများအဖြစ် ပြောင်းလဲခဲ့သည်။ 

ကိုယ်တိုင်မဲသွားပေးခဲ့သူတဦးက “ကျနော်သိရသလောက် လွတ်လွတ်လပ်လပ် ပေးခွင့်ရတယ်၊ မဲရုံပတ်ဝန်းကျင်မှာစောင့်တဲ့ မီးသတ်တွေရှိတယ်။ တောင်ကုတ်မှာတော့ အများအားဖြင့် ကန့်ကွက်မဲကို ရဲရဲတင်းတင်း ပေးကြတယ်။ တချို့ကျတော့ စာရေးမတွေရှေ့မှာတင် ကြက်ခြေ ခတ်ပြီး ထည့်တာ”ဟု ပြောသည်။ 

မဲပေးရာတွင် ကိုယ်တိုင်မလာရောက်နိုင်သူများ၊ ကျန်းမာရေးမကောင်းသူများအတွက် မိသားစု ၀င်တဦးမှ ကိုယ်စားပြု မဲပေးခွင့်ရှိပြီး အာဏာပိုင်များစောင့်ကြည့်ခြင်းမရှိဘဲ မဲရုံပတ်ဝန်းကျင် တွင်သာ လုံခြုံရေးများချထားကြောင်း ယင်းမြို့ခံက ရှင်းပြသည်။ 

အာဏာပိုင်များဘက်ကမှ လိမ်လည်မှုများနှင့်ပတ်သက်၍ “မသိနားမလည်တဲ့ တောသူတောင် သားတွေကို အဒေါ်ရယ် မလုပ်ပါနဲ့၊ ကျနော်တို့ လုပ်ပေးပါမယ်ဆိုပြီးတော့ အမှန်ခြစ်လိုက်တယ်၊ အဲလို သူတို့ရတဲ့နည်းနဲ့ ထောက်ခံမဲတွေရအောင်လုပ်တယ်”ဟု ပြောသည်။ 

တောင်ကုတ်မြို့ပေါ်တွင် မဲရုံ (၈) ရုံရှိပြီး ချောင်းကောက်ရပ်ကွက်တွင် (၂) ရုံ၊ ဘူတာရပ်ကွက် တွင် (၃) ရုံ၊ ဂန်ပိုင်ရပ်ကွက်တွင် (၁) ရုံနှင့် အိမ်ထောင်ရပ်ကွက်တွင် (၂) ရုံထားရှိကာ တောင်ကုတ်မြို့နယ် အမှတ် (၁) မဲရုံတွင် အာဏာပိုင်များက အဖွဲ့အစည်းဝင်များကို စောင့်ကြည့် ခဲ့သည့်အပြင် ပြည်သူလူထုကို ဓါတ်ပုံခိုးရိုက်ခြင်းများရှိသည့်အတွက် မဲပေးရာတွင် လုံခြုံမှု မရှိကြောင်း မဲသွားထည့်ခဲ့သူတဦးက ပြောသည်။ 

တောင်ကုတ်မြို့တပ်နယ်မြေများတွင် မဲရုံ (၃) ရုံထားရှိပြီး တပ်မတော်သားများအနေဖြင့် လွတ်လပ်စွာ မဲပေးခွင့်မရှိကြောင်း မြို့ခံက ဆက်လက်ပြောဆိုသည်။ 

“တောင်ကုတ်က အမှတ် (၅) တပ်မမှာ တပ်မတော်သားတွေက လွတ်လွတ်လပ်လပ် မဲပေးခွင့် မရဘူး၊ ပေးလို့ရှိရင် သူတို့က အကုန်ကြက်ခြေခတ်မယ်လို့ ပြောကြတယ်၊ သူတို့က အာဏာရှင် စနစ်ဆိုးရဲ့ ဆိုးရွားတဲ့ဒဏ်တွေကို အခုပဲ လက်ရှိခံစားနေရတယ်၊ တောင်ကုတ်က တပ်တွေမှာ အကုန်ပေါက်ကွဲလုနီးနီးဖြစ်နေတယ်၊ လူထုရောပဲ”ဟု ပြောသည်။ 

ထို့အပြင်ဆန္ဒခံယူပွဲမတိုင်မီ နှစ်ရက်အလိုက (NO) အမှတ်တံဆိပ် တီရှပ်များဝတ်ဆင်ထားသူ များကို အာဏာပိုင်များက (မယက)ရုံးသို့ ခေါ်ဆောင်သွား၍ (၂)နာရီခန့် စစ်ဆေးမှုများပြု လုပ်ကာ ပြန်လွှတ်လိုက်ပြီး အင်္ကျီများကို သိမ်းဆည်းလိုက်ကြောင်း ကာယကံရှင်တဦးက ပြောဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com