Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အရှင်ဂမ္ဘီရက ဆန္ဒခံယူပွဲကို သပိတ်မှောက်ထားပြီး ဒုက္ခသည်များကိုကူညီရန် မိန့်ကြား

ရိုးမ ၃။ မေ ၁၂၊ ၂၀၀၈ 

နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေကြသည့်သူများကို အကူအညီပေးရန်နှင့် ၎င်းအနေ ဖြင့် စစ်အစိုးရ၏ဆန္ဒခံယူပွဲကို သပိတ်မှောက်ထားကြောင်း သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရက ယနေ့မိန့်ကြားလိုက်သည်။ 

မုန်တိုင်းကြောင့် ဒုက္ခရောက်နေကြသူများကို တတ်နိုင်သမျှအကူညီများပေးကြရန် ပြည်သူလူထု နှင့်သံဃာထုတရပ်လုံးအား ယနေ့ထောင်ဝင်စာသွားတွေ့ခဲ့သည့် ညီမဖြစ်သူမှတဆင့် တိုက်တွန်း မိန့်ကြားလိုက်ခြင်း ဖြစ်သည်။ 

ညီမဖြစ်သူက “မုန်တိုင်းနဲ့ပတ်သက်တဲ့ သတင်းတွေအကုန်လုံးသူသိရတယ်၊ ကျမကိုလည်း ပြောလိုက်သေးတယ် အားလုံးဒုက္ခရောက်နေတဲ့သူတွေကို တတ်နိုင်သလောက် အကူညီပေး လိုက်ပါတဲ့။ သံဃာထုကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တတ်နိုင်သလောက် လုပ်ကြဖို့မှာ လိုက်တယ်” ဟုပြောသည်။ 

ထို့ပြင် အရှင်ဂမ္ဘီရအပါအ၀င် အင်းစိန်ထောင်ထဲတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ၈၈ မျိုး ဆက်သစ်ကျောင်းသားများက နအဖစစ်အစိုးရ၏ ဆန္ဒခံယူပွဲအား မဲမပေးပဲ သပိတ်မှောက်ထား ကြောင်းသိရသည်။  

“ဘယ်လောက်ကြီးပဲ အနိုင်လုပ်လုပ် အာဏာရှင်ဆိုတာရှုံးမှာပဲ။ တကယ်ကျတော့ အာဏာရှင်ဆို တာ လူထုကို အမြဲတမ်းကြောက်ရတာလို့ပြောတယ်၊ အဲဒါကိုလူထုက သဘောမပေါက်လို့ အခု လိုဖြစ်နေတာလို့ ပြောတယ်၊ ဦးဇင်းတို့တွေအထဲက အားလုံးကတော့ မထည့်ကြဖူး၊ လုံးဝသပိတ် မှောက်ထားတယ်၊ အဲဒီသပိတ်မှောက်တဲ့အထဲမှာ ၈၈ မျိုးဆက်သစ်ကျောင်းသားတွေပါတယ် အားလုံးပါပဲ” ဟု အရှင်ဂမ္ဘီရ၏မိန့်ကြားချက်ကို ညီမဖြစ်သူက ပြန်ပြောပြသည်။  

ထို့ပြင် စစ်အစိုးရက အကူအညီပေးရေးဆိုင်ရာ ပစ္စည်းများကို လက်ခံလိုသော်လည်း နိုင်ငံတ ကာမှ ကယ်ဆယ်ရေးအဖွဲ့များကို လက်ခံရန်နှောင့်နှေးနေခြင်းနှင့်ပတ်သက်၍ “လူသားချင်း ကာကွယ်ပေးရန် တာဝန်အရ ကုလသမဂ္ဂကို အသိပေးတိုင်တန်းပြီး လုပ်ကိုင်ဆောင်ရွက်သင့် သည်”ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး၏အကြံပေးချက်ကို အရှင်ဂမ္ဘီရက ထောက်ခံကြောင်း ၎င်းကပြောသည်။  

ယခုလက်ရှိတွင် အရှင်ဂမ္ဘီအနေဖြင့် ကျန်းမာရေးကောင်းမွန်သော်လည်း မကြာမီက ဖြစ်ပွားခဲ့ သည့် မုန်တိုင်းဒဏ်ကြောင့် လူပေါင်းမြောက်မြားစွာသေဆုံးသည့်သတင်းကို ကြားနေရသဖြင့် တရားထိုင်မရဘဲ စိတ်ဖိစီးမှုများဖြစ်နေသည်ဟုလည်း ညီမဖြစ်သူက ရှင်းပြသည်။  

မုန်တိုင်းကျရောက်သည့်နေ့တွင် အင်းစိန်ထောင် အဆောင်(၁)တွင် ဒို့ဗမာသီးချင်းများကို နိုင်ငံ ရေးအကျဉ်းသားများအပြင် ဇေယျာသော်၊ ရန်ရန်ချန်းတို့နှင့်တကွ သီဆိုခဲ့ကြပြီး အာဏာပိုင်များ က သေနတ်(၁၇)ချက် ပစ်ဖောက်ခဲ့သည်ဟု သိရသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com