|
ကပ်ဘေးမှလွန်မြောက်လိုလျှင်
ကန့်ကွက်မဲပေးရန် (ဗကပ) တိုက်တွန်း
ဗထူး။ မေ
၁၁၊ ၂၀၀၈
စစ်အစိုးရအနေဖြင့် အာဏာတည်မြဲရေးတခုတည်းကိုသာကြည့်ပြီး
ဆန္ဒခံယူပွဲကျင်းပပြီး နည်း မျိုးစုံဖြင့် လိမ်လည်နေရာလာမည့်
(၂၄)ရက်နေ့တွင် မုန်တိုင်းဒဏ်သင့်ပြည်သူများအနေဖြင့်
ကပ်ဘေးဆိုးအားကျော်လွန်လိုလျှင် ကန့်ကွက်မဲပေးကြရန်
ဗမာပြည်ကွန်မြူနစ်ပါတီက တိုက် တွန်းလိုက်သည်။
ယခုလ
(၂၄)ရက်နေ့တွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် (၄၇)မြို့နယ်တွင် ဆန္ဒခံယူပွဲ
ထပ်မံကျင်းပရာ တွင် ပြည်သူများအနေဖြင့် လူမှုဒုက္ခအပေါင်းမှကင်းဝေးအောင်
ကန့်ကွက်မဲပေးကြရန် ဗမာပြည် ကွန်မြူနစ်ပါတီ ပြောခွင့်ရှိသူက
တိုက်တွန်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ကထုတ်ပြန်ချက်တွင် တမျိုးသားလုံးအတွက် အမင်္ဂလာဖြစ်နေချိန်တွင်
စစ်အစိုးရ အနေဖြင့် ကပ်ဘေးဒဏ်သင့်သည့်ပြည်သူများအတွက်
ကယ်ဆယ်ကူညီရေးလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်ရမည့်အစား လျစ်လျူရှုကာ
အာဏာတည်မြဲရေးအတွက် ဆန္ဒခံယူပွဲလုပ် ခြင်းသည် အနာဂတ်တခုလုံး
အမှောင်ဖုံးအောင် လုပ်လိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
မဲဆန္ဒရှင်ပြည်သူများမှာလည်း စစ်အစိုးရက နည်းမျိုးစုံဖြင့် အကွက်ချ
ညစ်ပတ်မှုများကို ပြုလုပ် နေသော်လည်း ဘ၀နှင့်ရင်းကာ မဲပေးခဲ့ကြပြီး
စစ်အစိုးရရှိနေသမျှ ဒုက္ခမျိုးစုံခံနေမည်ကို
ပြည်သူများကသိရှိနေသည့်အတွက် နောက်နှစ်ပတ်အကြာတွင် ပြုလုပ်မည့်
ဆန္ဒခံယူပွဲတွင် သွန်အောကာ ကန့်ကွက်မဲပေးကြရန် တိုက်တွန်းထားသည်။
|