|
ဒုက္ခသည်များအတွက် ကုန်သည်များထံမှ
ပစ္စည်းများသိမ်းယူ
ဖြိုးကြီး။
မေ ၁၂၊ ၂၀၀၈
ရှမ်းပြည်နယ်၊ မူဆယ် (၁၀၅) မိုင်ဂိတ်တွင် ကုန်သည်များ၏ပစ္စည်းများကို
လေဘေးဒဏ်သင့်သူ များကို ပေးရန်အတွက် သိမ်းဆည်းမှုများပြုလုပ်ခဲ့သည်။
ယခုလ (၈)
ရက်နေ့က (ရပခ)စစ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်သန်းထွဋ် အမိန့်ဖြင့်
ကုန်တင် ကားအစီး ၂၀ ကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
ထိုကဲ့သို့
ဖမ်းဆီးမှုများနှင့်ပတ်သက်၍ ကုန်တင်ကားမောင်းသူတဦးက “အရင်က ဒီလိုပဲ
ကုန်ကား (၁၀) ဘီးကားတွေ၊ (၁၂) ဘီးကားတွေနဲ့ တရုတ်ကုန်ပစ္စည်းတွေတင်လာရင်
သူတို့ကို ငွေနည်းနည်းပေးလိုက်ရင် ရတယ်၊ အခုကျတော့
ငွေပေးလို့မရတော့ဘူး၊ လေဘေးဒုက္ခသည် တွေကို ပေးဖို့ဆိုပြီးပြောပြီး
သိမ်းသွားတာ”ဟု ပြောသည်။
ယခုကဲ့သို့
ကုန်သည်များ၏ပစ္စည်းများကို အတင်းအဓမ္မ သိမ်းယူမှုများသည် အစိုးရအနေဖြင့်
မလုပ်သင့်ကြောင်းနှင့် မိမိတို့အနေဖြင့်လည်း ဒုက္ခရောက်နေသည့်သူများကို
ကူညီရန် ၀န်လေး သူများမဟုတ်ကြောင်း ကုန်သည်တဦးက ပြောသည်။
“အစိုးရက
ပြည်သူတွေကို မျက်နှာပြချင်တာတခုနဲ့ပဲ ကုန်သည်တွေဆီက ပစ္စည်းတွေကို
အခုလို သိမ်းလိုက်တာတော့ မကောင်းပါဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူပေါင်း သိန်းချီရှိနေပြီး
လေဘေးဒုက္ခသည်များအတွက် နိုင်ငံတကာက အကူအညီအထောက်အပံ့များ ပေးရန်
ကမ်းလှမ်းမှုများကို စစ်အစိုးရအာဏာပိုင် များက ခွင့်ပြုခြင်းမရှိဘဲ
ယခုကဲ့သို့ မတရားသိမ်းဆည်းထားသည့် ပစ္စည်းများဖြင့် ကိုယ့်နည်း
ကိုယ့်ဟန် ဖြေရှင်းရန်အတွက် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ကုန်သည်များက
ပြောဆိုနေကြ သည်။
ရှမ်းပြည်နယ်အတွင်း စစ်အစိုးရအာဏာပိုင်များက မုန်တိုင်းကယ်ဆယ်ရေးများ
လုပ်ဆောင်ရန် အတွက် စီးပွားရေးလုပ်ငန်းရှင်များထံမှ ကုမ္ပဏီတခုလျှင်
ငွေတသိန်း ကောက်ခံမှုများပြုလုပ်နေ သည်ဟု ဆိုသည်။
လေဘေးဒုက္ခသည်များထံ ၎င်းတို့ပေးအပ်သည့် ပစ္စည်းများမှာ အာဏာပိုင်အဆင့်ဆင့်
လာဘ်စားမှုများကြောင့် ပြည်သူလူထုထံ အပြည့်အဝ
ရောက်ရှိခြင်းမရှိသေးကြောင်း ပုသိမ်မြို့မှ ၀န်ထမ်းတဦးက ပြောဆိုသည်။ |