Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကျောက်ပန်းတောင်းတွင် အာဏာပိုင်များကမဲလိမ်၊ လူထုက NO အင်္ကျီများ ၀တ်ဆင်ဆန္ဒပြ 

ရိုးမ ၃။ မေ ၁၀၊ ၂၀၀၈ 

ကျောက်ပန်းတောင်းမြို့ပေါ်တွင် မဲပေးရာ၌ မသမာမှုများရှိနေပြီး တက်ကြွသူလူငယ်များက လည်း NO တီရှပ်များဝတ်ဆင်၍ မြို့ထဲသို့ လှည့်လည် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ 

ယနေ့နံနက်ပိုင်းက ကျောက်ပန်းတောင်းမြို့ပေါ် မဲရုံ (၁၃)ရုံတွင် မဲပေးရာ နယ်ထိန်းနှင့် ကြံ့ခိုင် ရေးအဖွဲ့ဝင်များက အမှန်ခြစ်ပြီးသား မဲများကိုထည့်ခိုင်းခြင်းဖြစ်ပြီး ကန့်ကွက်သည့် လူငယ်(၅၀)ခန့်က NO တီရှပ်များဝတ်ဆင်၍ မြို့တွင်းသို့ လှည့်လည် ဆန္ဒပြကြခြင်းဖြစ်သည်။ 

ယနေ့နံနက်ပိုင်းက မဲကိုယ်တိုင်သွားထည့်ခဲ့သည့် ကျောက်ပန်းတောင်းမြို့ခံက“ မဲရုံမှာ အာဏာ ပိုင်တွေက ကူပွန်စာရွက်ကလေးနဲ့ မဲစာရွက်နဲ့လဲပြီးတော့ ထည့်ပေးလိုက်တယ်၊ တချို့ကြောက် တဲ့သူတွေကြတော့ ဘောလ်ပင်တောင်မကိုင်လိုက်ရဘူး၊ စာရွက်ပဲပေးတယ်။ အမှန်ခြစ်ပြီးသား ကိုပေးတာ ကျနော်တို့ လုံးဝမကျေနပ်ဘူး” ဟု ပြောသည်။ 

ကျောက်ပန်းတောင်းမြို့ပေါ်တွင် မဲရုံတရုံလျှင် လူ(၂၀၀၀) သတ်မှတ်ထားပြီး နောက်ဆုံးကျန်ရှိ သည့် (၁၀)ဦးနှင့် မဲရေတွက်မည်ဟု ကြေညာထားသော်လည်း အာဏာပိုင်များက ခွင့်ပြုခြင်းမရှိ ပဲ နှင်ထုတ်လိုက်ကြောင်း အဆိုပါ မြို့ခံက ဆက်လက်ပြောသည်။ 

ကန့်ကွက်မဲပေးရေးလှုပ်ရှားသူ လူငယ်များကလည်း ယနေ့နံနက်ပိုင်းတွင် Vote NO အင်္ကျီများ ၀တ်ဆင်ကာ ငါးယောက်၊ လေးယောက်၊ ခြောက်ယောက် အဖွဲ့များခွဲ၍ ဆိုင်ကယ်များဖြင့် ဈေး၊ မယကရုံးရှေ့၊ ရဲစခန်းရှေ့များသို့ လှည့်လည်ဆန္ဒပြခဲ့ကြသည်။ 

အဆိုပါလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့်လူငယ်တဦးက “ကျနော်တို့သွားကြတော့ ဘေးကကြည့်နေ တဲ့သူတွေက NO အင်္ကျီတွေကို ၀တ်ချင်လို့တောင်းတယ်။ ကျနော်တို့က သူတို့ကိုချွတ်ပေးတော့ အင်္ကျီကျွတ်တွေနဲ့ဖြစ်ကုန်တယ်၊ အင်္ကျီတွေကလည်း မလောက်ဘူး၊ ပြည်သူလူထုတွေကလည်း လက်ခုပ်တီးကြပါတယ်၊ ဈေးထဲကနေပြီးတော့ ကျနော်တို့ကို ကြည့်ပြီတော့ မျက်ရည်တွေကျ ကြတယ် ၀မ်းသာလွန်းလို့ဆိုပြီးတော့” ဟုပြောသည်။ 

ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုပြုလုပ်ခဲ့သည့်သူများကို အာဏာပိုင်းများဘက်က တစုံတရာပြော ဆိုခြင်းမရှိဘဲ မယကနှင့်ရဲများက ပွိုင့်ကားများဖြင့် လိုက်လံကြည့်ရှုကာ နာမည်များကိုသာ ရေး မှတ်သွားသည်ဟု ၎င်းကဆက်လက်ပြောသည်။ 

မြို့နယ်အာဏာပိုင်များ၏ မဲလိမ်လည်မှုများနှင့်ပတ်သက်၍ ကျောက်ပန်းတောင်းမြို့ခံများက ကျေနပ်မှုမရှိကြောင်းနှင့် နည်းလမ်းမှန်ကန်ခြင်းမရှိခြင်းတို့ကြောင့် အာဏာပိုင်များကို တရားစွဲ ဆိုရန် စီစဉ်နေကြောင်း မြို့ခံတဦးက ပြောဆိုခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com