|
နာဂစ်မုန်တိုင်းအခွေငှားသည့် ဆိုင်ပိုင်ရှင်ကို ဖမ်းဆီး
ဗထူး။ မေ
၂၈၊ ၂၀၀၈
စစ်အစိုးရအာဏာပိုင်များက နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်
မှတ်တမ်းတင်ထားသည့် ဗွီစီဒီအခွေ ငှားရမ်းသူတဦးကို ဖမ်းဆီးခဲ့သည်။
ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ အမှတ် (၂) ရပ်ကွက်နေ
ဗွီဒီယိုအခွေအငှားဆိုင်ပိုင်ရှင် ကိုထင်ကျော်ဆိုသူအား ယမန်နေ့ ညနေ (၆)
နာရီခန့်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
“နာဂစ်အခွေငှားလို့ဆိုပြီးတော့ ဆိုင်ကိုဝင်ရှာတာ၊ အဲဒီမှာ
မုန်တိုင်းတိုက်တဲ့အခွေသုံးခွေတွေ့လို့ ဖမ်းသွားတာ၊
အခုထိပြန်မလွှတ်သေးဘူး” ဟု မျက်မြင်သက်သေတဦးက ပြောသည်။
ကိုထင်ကျော်ကို လာရောက်ဖမ်းစဉ် အောင်ပန်းမြို့နယ် ရဲတပ်ဖွဲ့မှ
စခန်းမှူးနှင့်ရဲများအပြင် (ရယက)အဖွဲ့ဝင်များလည်းပါသည်ဟု
၎င်းကဆက်လက်ပြောသည်။
ကိုထင်ကျော်ကိုလာရောက်ဖမ်းဆီးပုံနှင့်ပတ်သက်၍ အိမ်နီးနားချင်းတဦးက
“သူတို့က အရင်ဆုံး လူတယောက် လွှတ်ပြီးတော့ အဲဒီအခွေကို ငှားခိုင်းတာ၊
ပြီးတော့အဲ့ဒီအခွေကို ယူလာပြီး ဖမ်းတာ”ဟု ပြောသည်။
အဆိုပါ မုန်တိုင်းတိုက်ခတ်သည့် မှတ်တမ်းခွေများကို
ရန်ကုန်မြို့ပေါ်နေရာအနှံ့ပြားတွင် ရောင်း ချနေပြီး အာဏာပိုင်များဘက်က
တစုံတရာဖမ်းဆီးခြင်းမရှိသေးကြောင်း ရန်ကုန်မြို့ခံတဦးက ဆိုသည်။
“ရန်ကုန်မှာတော့ ဒီလိုဘဲရောင်းနေကြတာဘဲ၊ ဘာမှဖမ်းတာ မရှိဘူး၊
လမ်းဘေးဆိုင်တော်တော် များများမှာ ချရောင်းနေကြတာဘဲ၊ တခွေကို (၄၀၀)
ကျပ်နဲ့ ရောင်းနေတာ”ဟု ပြောသည်။
ယင်းကဲ့သို့ ရောင်းချနေသည့် အခွေများတွင် လပွတ္တာ၊ ဘိုကလေး၊
ကွမ်းခြံကုန်းမြို့နယ်များမှ ဖြစ်ရပ်မှန် မှတ်တမ်းခွေများဖြစ်ပြီး
ယခုရက်ပိုင်းအတွင်း လူသေအလောင်းများကိုသာ ရိုက်ထား သည့်အခွေသစ်များ
ထပ်ထွက်နေကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
ထို့အပြင် အချို့အခွေများတွင် စစ်တပ်မှ လုပ်ဆောင်နေပုံကို
ဦးစားပေးရိုက်ကူးထားသည့် အခွေများဖြစ်ပြီး အာဏာပိုင်များဘက်မှ
ဝါဒဖြန့်ချိသည့်သဘောဖြင့် လုပ်ဆောင်နေခြင်း ဖြစ် သည်ဟု
ရန်ကုန်မြို့ခံများကြားတွင် ပြောဆိုနေလျှက်ရှိသည်။ |