|
ဒုက္ခသည်များ
ယာယီတဲများထိုးပြီးနေရ အကူအညီမလာ၍ အခက်အခဲနှင့်ကြုံတွေ့နေ
ဖြိုးကြီး။
မေ ၁၅၊ ၂၀၀၈
ဖျာပုံ-ဘိုကလေး ကားလမ်းဘေးတလျှောက်ရှိ ဒုက္ခသည်များမှာ
ယာယီတဲထိုးကာနေထိုင်ပြီး ခရီးသွားသူများထံမှ အစားအသောက်များကို
မျှော်နေကြပြီးပေးကမ်းကူညီမှုများကို တိုးဝှေ့ယူ နေကြရသည်။
လေဘေးဒဏ်ကူညီစောင့်ရှောင့်သည့်အထောက်အပံ့များ မရရှိသဖြင့်
ဧရာဝတီတိုင်း၊ ဖျာပုံ-ဘို ကလေးကားလမ်းတလျှောက်တွင်
ဒုက္ခသည်များအခက်အခဲနှင့်ကြုံတွေ့နေရခြင်း ဖြစ်သည်။
“လမ်းဘေးလေးတွေမှာ ကိုယ့်အုပ်စုနဲ့ကို အဖီတဲလေးတွေ ထိုးပြီးတော့နေရတယ်။
တဲဆိုတာက လည်း ဓနိနဲ့လုပ်ထားတာ မဟုတ်ဘူး။ ရရာအုန်းလက်တို့ ဘာတို့နဲ့
ထိုးထားပြီး ဘိုကလေးကို ၀င်လာတဲ့ ကားတွေမှာ ကလေးတွေရော၊ လူကြီးတွေရော
ကားနားကိုကပ်ပြီးတော့ စားစရာ၊ သောက်စရာတွေ တောင်းနေတာ၊ ကားပေါ်ကပါတဲ့
လူတွေကလည်း ပါတာလေးတွေချပေးကြ တယ်” ဒေသခံမျက်မြင်သက်သေတဦးက ဆိုသည်။
မိုင်(၃၀)ကွာဝေးသော ဘိုကလေးနှင့်ဖျာပုံကားလမ်းလမ်းတလျှောက်တွင်
လေဘေးဒုက္ခသည် ကလေး၊ လူကြီး မရေမတွက်နိုင်အောင်ရှိနေပြီး
ခရီးသည်များနှင့်အလှူရှင်များ၏ ပေးကမ်းခြင်း ကို အာဏာပိုင်များက
ပိတ်ပင်တားဆီးနေသည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။
“တချို့ခရီးသည်တွေကလည်း မိသားစုတစုကို (၅,၀၀၀)
လောက်စီတတ်နိုင်သလောက်ပေးကြ တယ်၊ အဲ့လိုဝေနေတဲ့အချိန်မှာ
ရဲတို့စစ်တပ်တို့ရောက်လာပြီး ဒီလိုဝေလို့မရဘူး၊ တကယ်လို့လှူ
ချင်တယ်ဆိုရင် သူတို့ဆီကိုအပ်ရမယ်ပြောတယ်” ဟု ဒုက္ခသည်များထံ
အကူအညီသွားပေးခဲ့သူ (HRDP)အဖွဲ့ဝင်တဦးက ပြောသည်။
ယခုအချိန်အထိ စစ်အစိုးရလက်အောက်ခံ မည်သည့်အဖွဲ့အစည်းမှ
လာရောက်ခြင်းမရှိသဖြင့် ခရီးသွားအလှူရှင်များကို အားကိုးနေရကြောင်း
အဆိုပါလမ်းဘေးရှိ လေဘေးဒုက္ခသည်များက ပြောဆိုသည်ဟု ဆက်လက်ပြောဆိုသည်။
ထို့အပြင် ဘိုကလေးမြို့မှ မိုင်(၂၀)ဝေးသည့် စက်စုရွာတွင်
တပ်မ(၆၆)မှ ဗျူဟာမှူးက ကိုယ် တိုင်စခန်းထိုင်နေပြီး
ရဟတ်ယာဉ်များနှင့်လာချပေးသွားသည့် ကယ်ဆယ်ရေးပစ္စည်းများကို
ရွာထဲတွင်ပေးဝေခြင်း မရှိသေးဘဲ ယခုအချိန်ထိ အိမ်ထောင်စုတစုလျှင်
ဆန်နှစ်ပြည်ခွဲသာ ရသေးကြောင်း ရွာသားတဦးက ပြောသည်။
ပင်လယ်ကမ်းစပ်ရှိ စက်စုရွာတွင် ဆရာဝန်နှစ်ဦးက အသက်ရှင်ကျန်ရစ်ခဲ့သည့်
ဒုက္ခသည် ရွာ သား(၅၀၀၀)ခန့်အား ဆေးဝါးကုသမှုပေးနေပြီး
ဆေးဝါးများလုံလောက်အောင်မရရှိပဲ ၀မ်းလျှော ၀မ်းပျက်ရောဂါ
စတင်ဖြစ်ပွားနေသည်ဟု ဆိုသည်။
“တကယ်ဆိုရင်ဆရာဝန်တွေရဲ့ အိမ်တွေပါ မုန်တိုင်းထဲပါသွားတာ၊ ဆေးဆိုတာလည်း
မရှိသ လောက်ရှားပါးနေတယ်၊ ဘိုကလေးနဲ့စက်စုရွာကြားမှာ ရွာတရွာမှ
မတွေ့ရတော့ဘူး၊ ဘယ်လို ပြောရမှန်းတောင် မသိဘူး၊
အလောင်းတွေဆိုတာမြင်မကောင်းဘူး၊ အပုတ်နံ့တွေကတော့ မခံ
နိုင်လောက်အောင်ဖြစ်နေတာ” ဟု အဆိုပါဒေသသို့ သွားရောက်ခဲ့သည့် (HRDP)
အဖွဲ့ဝင်တဦး က ပြောဆိုသွားခဲ့သည်။
ဘိုကလေးဒေသခံများက အဆိုပါရွာသို့ လိုအပ်သည့် ဆေးဝါးပစ္စည်းများ၊
ကိုယ်ဝန်ဆောင် မိခင် များအတွက် လိုအပ်သည့်ဆေးဝါးများနှင့်
အစားအသောက်အ၀တ်အထည်များကို ပို့ဆောင်နေ ကြောင်း
၎င်းကဆက်လက်ပြောဆိုသွားခဲ့သည်။ |