Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ရာသီဥတုသာယာလာသည်ဟုဆိုကာ (ရယက)က ဒုက္ခသည်များကို မောင်းထုတ်
ရန်ကုန်တွင် ငွေပေးမှ မီးပြန်လာမည်
 

ဗထူး။ မေ ၈၊ ၂၀၀၈ 

လေဘေးဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသည် ပြည်သူများအား ရန်ကုန်မြို့တွင် ခိုလှုံရာနေရာ များမှ ရယက က ရာသီဥတုသာယာလာ၍ ကိုယ့်အိမ်ကိုယ်ပြန်နေကြရန် မောင်းချနေသည်။ 

ရာနှင့်ချီရှိသော လေဘေးဒုက္ခသည်များအား တောင်ဒဂုံ အမှတ်(၁၀၅) ရပ်ကွက်မှ ရယကမှ ရပ်ကွက်ဓမ္မာရုံနှင့် စာသင်ကျောင်းတွင်ခိုလှုံနေသူများကို မောင်းထုတ်ခဲ့ခြင်းဖြစ်သည်။ 

“လူတွေက နေစရာ ပြုပြင်စရာမရှိ၊ စားစရာမရှိလို့ ခေတ္တပေးနေပါပြောတာလည်းမရဘူး၊ ရာသီ ဥတုလည်း ကောင်းနေပြီ နေလို့မရဘူး ခရိုင်(ခ၀တ) အမိန့်လို့ ပြောပြီးမောင်းထုတ်လိုက်တာ” ဟု တောင်ဒဂုံမှ လေဘေးဒုက္ခသည်တဦးက ပြောသည်။ 

တောင်ဒဂုံ (၁၀၅)ရပ်ကွက်မှ အိုးမဲ့အိမ်မြဲ့ပည်သူ (၆၀၀)ခန့်မှာ ရပ်ကွက်ဓမ္မာရုံနှင့် အမက (၂၅) တွင် ခိုလှုံနေစဉ် ယခုလ (၅)ရက်နေ့က ယခုကဲ့သို့ (ရယက)မှ မောင်းထုတ်ခံခြင်းဖြစ်သည်။ 

လေဘေးဒဏ်သင့်ပြီးနောက် ကုန်ဈေးနှုန်းများ အဆတန်မြှင့်တက်နေလျှက်ရှိရာ ပျက်စီးသွား သည့် မိမိတို့အိမ်ယာများအား ပြန်လည်ပြုပြင်ရန် ငွေကြေးမတတ်နိုင်သည့် ပြည်သူအများအပြား ရှိနေပြီး ဌာနဆိုင်ရာဝန်ထမ်းများကလည်း နည်းအမျိုးမျိုးဖြင့် ငွေတောင်းခံကူညီမှုများနှင့် ကြုံ တွေ့နေရသည်။ 

“အီးပီစီ (EPC)ကို (၁၀)သိန်းပေးလိုက်တော့ ကျနော်တို့စမ်းချောင်းက သပြေညိုရပ်ကွက်မှာ မီးရတယ်၊ စမ်းချောင်းတောင်ကျတော့ သိန်း(၃၀)ပေးလိုက်ရတယ်၊ အဲ့ဒါတခြားရပ်ကွက်တွေက မီးမလာလို့သွားပြောတော့ မြေအောက်ကေဘယ်ကြိုးရှိလို့ရတာလို့ ပြောတယ်” ဟု စမ်းချောင်း မြို့ခံတဦးက ပြောသည်။ 

ကျောက်တံတားမြို့နယ်အမှတ် (၈)ရပ်ကွက်တွင်လည်း (၃၉)လမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ အိမ်တအိမ်ကို သက်ဆိုင်ရာသို့အကြောင်းကြားခဲ့ရာ လာရောက်မရှင်းပေးသဖြင့် ၀န်ချီစက်တပ် မော်တော်ယာဉ် (Crane)တစီးအား (၄)သိန်းပေးကာ ရှင်းလင်းခဲ့ရသည်ဟုဆိုသည်။ 

စစ်အစိုးရ လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများကလည်း သက်ဆိုင်ရာဌာနအလိုက် ငွေတောင်းခံမှုများကို သာမာန်အချိန်များတွင်လည်း ပြည်သူများအနေဖြင့် ပေးနေရပြီး  ယခုကဲ့ သို့ ဒုက္ခရောက်ချိန်မှာပင် ငွေတောင်းနေခြင်းမှာ မဖြစ်သင့်ကြောင်း ယခုလည်းဒုက္ခသည်များထံ ကယ်ဆယ်ရေးပစ္စည်းများမရောက်ရှိပဲ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက ချုပ်ကိုင်ထားကြောင်း  ရန်ကုန်မြို့ခံကပြောသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com