Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဒုက္ခသည်အစစ်များကိုနှင်ထုတ်၍ ဟန်ပြဒုက္ခသည်များကို မြို့ပေါ်တွင်ထားရှိ

ဖြိုးကြီး။ မေ ၂၃၊ ၂၀၀၈ 

ဘိုကလေးမြို့သို့ ဘန်ကီမွန်းသွားရောက်မည်ဆိုသောကြောင့်  မြို့ပေါ်မှ ဒုက္ခသည်များကို မြို့ပြင်ဘုန်းကြီးကျောင်းများနှင့် ကျေးရွာများသို့ ပြောင်းရွေ့ထားပြီး ဟန်ပြခေါ်ထားသည့် ဒုက္ခသည်များကိုသာ မြို့ပေါ်တွင်ထား၍ လုံခြုံရေးများ တင်းကြပ်စွာချထားသည်။ 

ဘိုကလေးမြို့ပေါ်မှ ဒုက္ခသည်များကို မြို့ပြင်ရှိ မဟာဝိသုဒါရာမ ရတနာပုံစာသင်တိုက်၊ မဂ္ဂင်၊ တပ်ဦးကျောင်းများတွင် ပို့ထားပြီး ကုလသမဂ္ဂအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းကို ပြရန် အတွက် ဒုက္ခသည်များကိုသာ အ.ထ.က (၁) ကျောင်းဝန်းအတွင်းထားရှိခြင်း ဖြစ်သည်။ 

ဘိုကလေးမြို့ပေါ်အမှတ် (၃) ရပ်ကွက်တွင် နေထိုင်သူတဦးက “အ.ထ.က (၁) ကျောင်းနားကို လူတွေဖြတ်သွားခွင့် မပေးဘူး၊ လမ်းထိပ်တွေမှာ လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက ပိတ် ထားတာ၊ အဲဒီကျောင်းဝန်းထဲမှာ တဲပြာလေးတွေထိုးပြီး သူတို့လူတွေကိုထည့်ထားတာ၊ သကြား၊ နို့ဆီ၊ ကော်ဖီမစ်တို့ပေးထားတယ်၊ ပြီးတော့အင်တာဗျူးတွေ လာလုပ်တယ်၊ ပြီးလဲပြီး ရော သူတို့ကိုလဲ အဲဒီကနေမောင်းထုတ်လိုက်တာဘဲ၊ သူတို့က ဒီစကားကိုပြောပြီးရင် ထွက် တော့လို့ ပြောပြီးနှင်ထုတ်လိုက်တာဘဲ” ဟု ပြောသည်။ 

ထို့အပြင် ဒုက္ခသည်များကိုလည်း ငွေကျပ်နှစ်သောင်းပေး၍ ကျေးရွာများသို့ အတင်းကြပ်ပြန် ပို့နေရာတွင် သင်္ဘောနစ်မြုပ်ကာ သေးဆုံးမှုများရှိနေကြောင်းနှင့် ယခုရက်ပိုင်းအတွင်း အာဏာ ပိုင်များဘက်မှ အထောက်ပံ့ပစ္စည်းများ အနည်းငယ်ပေးဝေမှုများ ပြုလုပ်နေသည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

“ဒီရက်ပိုင်းမှာတော့ ကျေးလက်တွေကို နည်းနည်းပေးတာတော့ တွေ့တယ် တကယ့်ကို နည်းနည်းလေး၊ ဒုက္ခသည်စခန်းမှာလည်း မာမားတို့ အ၀တ်အထည်တို့ ပေးတာတွေ တွေ့ရတယ်၊ သူတို့ပေးတာ ဆန်က တပြည်တောင်မပြည့်ဘူး၊ ငါးလုံး၊ ခြောက်လုံးတို့ အဲလောက်ဘဲပေးတာ” ဟုဆိုသည်။ 

ယနေ့နံနက်ပိုင်းတွင် ဘိုကလေးမြို့နယ်အတွင်း အခြေစိုက်၍ ငွေချေးလုပ်ငန်းများလုပ်ဆောင် နေသည့် (UNDP) အဖွဲ့မှ ၎င်းတို့ငွေချေးထားသည့် ကျေးရွာအချို့တွင် အိမ်ထောင်စုအလိုက် တအိမ်ထောင်လျှင် ဆန်တအိတ်နှုန်းဖြင့် ပေးဝေနေသည်ဟု ဆိုသည်။ 

ဘိုကလေးမြို့နယ်အပိုင် အထက်ပိုင်း ဉာဏ်တောအင်း၊ ပိန်ညှော်၊ တူးမြောင်းရွာများတွင် (UNDP) အဖွဲ့ဝင်များက ဆန်ပေးဝေမှုများပြုလုပ်ခဲ့ပြီး ကျေးလက်ဒေသများမှ လေဘေး ဒုက္ခသည်များမှာ ယနေ့ချိန်ထိ ပုဂ္ဂလိကအလှူရှင်များ ပေးဝေမှုဖြင့်သာ စားသောက်နေရသည် ဟု ကိုယ်တိုင်ဒုက္ခသည်များကို အကူညီပေးနေသူ တဦးကပြောသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com