Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ပုပ္ပါးတွင် ကြိုတင်မဲကောက်ခဲ့သဖြင့် မဲလာပေးသူနည်း မြင်းခြံမှာ ကြံ့ဖွံ့က ဦးစီးပြီး တခါးပိတ်ပြီးမဲရေတွက် 

ဗထူး။ မေ ၁၀၊ ၂၀၀၈ 

လေဘေးဒဏ်သင့်သည့် (၄၇) မြို့နယ်မှလွဲ၍ ကျန်ဒေသများတွင် စစ်အစိုးရ ဆန္ဒခံယူပွဲ ယနေ့ ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းပုပ္ပါးတွင် ကြိုတင်မဲကောက်ခံခဲ့သဖြင့် မဲလာရောက်ပေးသူအလွန်နည်း သည်ဟုဆိုသည်။ 

ရယကနှင့်အာဏာပိုင်များက ပုပ္ပါးနယ်ရှိ ကျေးရွာများတွင် ယခုလ (၇)ရက်နေ့မှစတင်ကာ ကြို တင်မဲများ ကောက်ခံခဲ့သဖြင့် ယနေ့မဲလာရောက်ပေးသူနည်းပါးခဲ့ခြင်း ဖြစ်သည်။ 

ဒီနေ့လုပ်တာတောင် သူတို့ယုံကြည်ရသူတွေနဲ့ လုပ်သလိုဖြစ်နေတယ်၊ မယုံတဲ့လူတွေဆို သူတို့ ရှေ့မှာ ဆန္ဒပြုရတာ၊ နောက်ဆုံးမဲပေးသူ (၁၀)ဦးရှေ့မှာ မဲရေမယ်ဆိုပြီး ရေမသွားဘူး၊ အိပ်အ၀ါ ထဲထည့်ပြီး ရဲနှစ်ယောက်နဲ့ ယူသွားတာပဲ” ဟု မဲပေးခဲ့သူတဦးကပြောသည်။ 

ယင်းကဲ့သို့ ပုပ္ပါးနယ် ဂျိုင်းရွာတွင်လည်း မဲရေတွက်ခြင်းမရှိဟုဆိုသည်။ ယနေ့ပြုလုပ်သည့် မဲဆန္ဒပေးခြင်းကို ပုပ္ပါးတွင်မဲရုံတရုံထားရှိကာ လုပ်ဆောင်သွားခြင်းဖြစ်ပြီး ပုပ္ပါး၊ တောင်ရွာ မြောက်ရွာ၊ အရှေ့ရွာနှင့်အလယ်ရွာတို့ တပေါင်းတည်းထည့်ရသည်ဟု ဆိုသည်။ 

တအိမ်ထောင်ကို တယောက်ပဲထည့်ရတယ်၊ မိသားစုလေးယောက်ရှိရင် တယောက်က အမှန် ဆိုတာနဲ့ ကျန်သုံးယောက်လည်းအမှန်ဖြစ်တာပဲ၊ ချိုင်းရွာမှာဆိုမဲရုံတောင်မရှိဘူး၊ ကြိုတင်မဲပေးရ တာနဲ့ကိုပြီးသွားတာ” ချိုင်းရွာသားတဦးက ပြောဆိုသည်။ 

စစ်အစိုးရက ယနေ့ကျင်းပသည့်ဆန္ဒခံယူပွဲတွင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် မဲရုံကော်မရှင်များက အတင်းအဓမ္မထောက်ခံမဲထည့်ခိုင်းခြင်းနှင့် ပြည်သူများထံမှ ဆန္ဒမဲပြား ပေါ်တွင် ထောက်ခံမဲအမှတ်အသားများ ရေးခြစ်ခြင်းများပြုလုပ်ပြီး မဲရေတွက်မှုများကိုလည်း နေရာအတော်များများတွင် ပြုလုပ်ခြင်းမရှိကြောင်း သိရသည်။ 

မြင်းခြံမြို့တွင်လည်း ကြိုတင်မဲအချို့ပေးခဲ့ရပြီး မူလပေးထားသည့် လက်မှတ်များမဟုတ်ပဲ တံဆိပ်အသစ်နှင့် လက်မှတ်များဖြစ်နေသည်ဟု မြင်းခြံမြို့ခံတဦးက ပြောဆိုသည်။ 

မြင်းခြံအမှတ် (၅)ရပ်ကွက်သားတဦးက “ကြိုတင်မဲတွေကို ကြံ့ဖွံ့က အောင်သန်းဦးက လိုက် ကောက်တယ်၊ (၁၃)ရပ်ကွက်မှာကျတော့ မဲတွေက တံဆိပ်အသစ်ဖြစ်နေတယ်၊ အဲ့ဒါကို ရယက နယ်မြေမှူး ဖြူဝင်းနဲ့ ကြံ့ဖွံ့က ဌေးဦးတို့ကလုပ်တာလို့ အဲ့ဒီရပ်ကွက်က လူတွေကပြောတယ်” ဟု မြို့ခံတဦးကပြောသည်။ 

မြင်းခြံမြို့ အမှတ် (၁၁)ရပ်ကွက်တွင်လည်း ရယကနယ်မြေမှူးဖြစ်သူ မြင့်ဆွေနှင့် ကြိုတင်မဲပေး ရသည့် မိသားစုများရန်ဖြစ်ခဲ့ရပြီး ယနေ့မဲရေတွက်ချိန်တွင် ပြည်သူများအား ရေတွက်ခွင့်မပေးပဲ ကြံ့ဖွံ့အဖွဲ့ဝင် မြင့်သိန်းကျော်ဆိုသူဦးစီးကာ တံခါးပိတ်၍ မဲရေတွက်ခဲ့ကြသည်ဟု မြင်းခြံမြို့ အမှတ် (၁၁)ရပ်ကွက်နေ ပြည်သူတဦးကဆိုသည်။ 

ယင်းကဲ့သို့ စစ်အစိုးရက မဲလိမ်နေမှုနှင့်ပတ်သက်၍ မြင်းခြံမြို့ခံတဦးက “နာဂစ်မုန်တိုင်းမိလို့ လူတွေသိန်းနဲ့ချီသေနေတာကို မလုပ်ပဲ သူတို့အာဏာရှိမဲ့အရေးအတွက် ဆန္ဒခံယူပွဲ လိမ်လည် ပွဲကြီးလုပ်နေတယ်၊ အဲ့ဒီအတွက် ကန့်ကွက်မဲတွေက အနိုင်ရရင်တောင်မှ တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့ ကျနော်ပြောချင်တယ်”ဟု ပြောဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com