Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေးရံပုံငွေအဖွဲ့နှင့် နိုင်ငံတကာက
မြန်မာအား အကူအညီများပေးရန် စီစဉ်နေ
 

ဉာဏ်မောင်။ မေ ၇၊ ၂၀၀၈ 

ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေးရံပုံငွေအဖွဲ့နှင့် နိုင်ငံတကာက မြန်မာနိုင်ငံမှ ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံရသည့် ဒုက္ခများအတွက် အကူအညီများပေးရန် စီစဉ်လျှက်ရှိသည်။  

မြန်မာနိုင်ငံတွင်းရှိ လေဘေးဒုက္ခသည်များအတွက် အရေးတကြီးလိုအပ်သော အမိုးပလတ် စတစ်စ၊ ရေသန့်ဆေးပြား၊ အိုးခွက်ပစ္စည်းများ၊ ခြင်ထောင်၊ အရေးပေါ်ဆေးဝါးများနှင့် အစား အသောက်များကို ပေးရန်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးမှူးရုံးက ပြောသည်။ 

“မြန်မာအစိုးရက နိုင်ငံတကာအကူအညီတွေကို လိုအပ်တယ်လို့ပြောပါတယ်။ အရေးပေါ်အကူ အညီ အမေရိကန်ဒေါ်လာ (၅) သန်းခန့် လိုအပ်တယ်လို အစိုးရရဲ့ကြေညာချက်ကို ကျနော်တို့ တန်ဖိုးထား နားလည်ပါတယ်။  မြန်မာနိုင်ငံအတွက် အရေးပေါ်လိုအပ်တဲ့ငွေကို အရေးပေါ် ကယ်ဆယ်ရေးရံပုံငွေကနေ ခွဲဝေသုံးစွဲဖို့ အဆင်သင့်ရှိပါတယ်”ဟု လူသားချင်းစာနာထောက် ထားမှုလုပ်ငန်းနှင့် အရေးပေါ်ကယ်ဆယ်ရေး ရံပုံငွေအဖွဲ့၏ ညှိနှိုင်းရေးမှူး ဂျွန်ဟိုးမက်စ်က ဆိုသည်။ 

အင်ဒိုနီးရှားနိုင်ငံကလည်း မြန်မာဒုက္ခသည်များအတွက် ဒေါ်လာ (၁) သန်း ကူညီမည်ဖြစ်ပြီး အင်ဒိုနီးရှားစစ်တပ်ပိုင် ဟာကျူလီလေယာဉ်တင်သဘောင်္ နှစ်စီးဖြင့် ကယ်ဆယ်ရေးပစ္စည်းများ ကို တင်ဆောင်၍ မြန်မာနိုင်ငံသို့ မကြာမီ စေလွှတ်ပေးမည်ဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရ သတင်းဌာနတွင် ယနေ့ဖော်ပြထားသည်။ 

ထို့ပြင် နယူးဇီလန်နိုင်ငံက ၎င်းတို့နိုင်ငံမှ ကယ်ဆယ်ရေးအကူအညီများကို ကုသလမဂ္ဂအေဂျင်စီ မှတဆင့် ပေးပို့မည်ဖြစ်ကြောင်း ဘန်ကောက်ရှိ နယူးဇီလန်သံအမတ်ကြီး မစ္စ ဟယ်လင် ကလပ်က ယနေ့ပြောပြီး ကမ္ဘောဒီးယားနိုင်ငံကလည်း မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ (၅) သောင်း လှူဒါန်းကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဟော်နမ်ဟွန်က ယနေ့ ပြောသည်။  

သြစတြေးလျနှင့် အင်္ဂလန်နိုင်ငံတို့ကလည်း မြန်မာနိုင်ငံအား ကူညီရန်အဆင်သင့်ရှိနေပြီး  တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ (၁) သန်းတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများနှင့် အိန္ဒိယမှ သင်္ဘောနှစ်စီးစာ ကယ်ဆယ်ရေးပစ္စည်းများကို ပေးခဲ့သည်။ 

ထိုင်းနိုင်ငံက အမေရိကန်ဒေါ်လာ (၁)သိန်း၊ တောင်းကိုးရီးယားနိုင်ငံက အမေရိကန်ဒေါ်လာ (၁) သိန်းနှင့် ဒေါ်လာ (၂) သန်းတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများကို လှူဒါန်းခဲ့ပြီးဖြစ်သည်။ 

ထို့ပြင် အမေရိကန်နိုင်ငံက နောက်ထပ် ဒေါ်လာ (၃) သန်း၊ ဥရောပသမဂ္ဂက ဒေါ်လာ (၃) သန်း၊ ဂျာမဏီနိုင်ငံက  ယူရိုငွေ (၅) သိန်း၊ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ (၂) သန်းခွဲ၊ ဆွီဒင်နိုင်ငံ က မီးစက်များ ပေးပို့လှူဒါန်းရန်ရှိသည်။ 

နိုင်ငံတကာ ကြက်နီခြေနီအဖွဲ့(ICRC)က မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလုပ်သား (၂၅၀၀၀)စေလွှတ်ပြီး ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့မည်ဖြစ်သည်။ 

ယင်းသို့ ကုသမဂ္ဂနှင့် နိုင်ငံတကာက မြန်မာနိုင်ငံအား အကူအညီများပေးရန် ပြင်ဆင်နေချိန်တွင် ရုရှားသမ္မတ ပလာဒီမာပူတင်နှင့် နီပေါနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဂီရစ်ဂ်ျ ပရာဆက်ကို အီရာလာ တို့ကလည်း မြန်မာနိုင်ငံအတွက် ၀မ်းနည်းကြောင်းသ၀ဏ်လွှာများ ပေးပို့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com