|
လျှပ်စစ်မီးမရ၍ ဆေးရုံများတွင်
ဆေးဝါးကုသမပေးနိုင်
ဖြိုးကြီး။
မေ ၇၊ ၂၀၀၈
နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရပြီး အပျက်အစီးများပြားလှသည့်
ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံများတွင် လူနာများ
လက်ခံကုသပေးနိုင်ခြင်းမရှိဘဲ ဖြစ်နေသည်။
အင်အားပြင်းသည့် ဆိုက်ကလုန်းနာဂစ်ဒဏ်ကြောင့် ရန်ကုန်မြို့ရှိ
ဆေးရုံများပါ လျှပ်စစ်မီးများ ပြတ်တောက်နေသဖြင့် လူနာများ
လက်ခံကုသမပေးနိုင်ခြင်းဖြစ်သည်။
လျှပ်စစ်မီး
လုံလောက်စွာမရရှိသဖြင့် လူနာစမ်းသပ်သည့်ကရိယာများကို
အသုံးမပြုနိုင်ခြင်း ကြောင့် လူနာများအား လျှပ်စစ်ဌာနမှ
မီးပေးဝေနိုင်သည့်အချိန်မှပြန်လာရန် ထပ်မံချိန်းဆိုခဲ့ရ သည်ဟု ဆိုသည်
အဆိုပါအခြေအနေနှင့်ပတ်သက်၍ ရန်ကုန်ဆေးရုံကြီးမှ
ကျန်းမာရေးဝန်ထမ်းတဦးက “၀ပ်တခု မှာ မီးချောင်းနှစ်ချောင်းပဲရတယ်၊
ဓါတ်ကင်တဲ့ဌာနမှာ လျှပ်စစ်မီးမရတော့ လူနာ ၃၀ လောက်ကို
ပြန်လွှတ်လိုက်ရတယ်၊ သွားရေးလာရေးခက်ခဲတော့ လူနာတွေက ပြင်ပလူနာဌာနကို
မလာနိုင် ဘူးပေါ့”ဟု ဆိုသည်။
ပြီးခဲ့သည့်
တနင်္ဂနွေနေ့က မွေးခါနီးကိုယ်ဝန်ဆောင်လူနာတဦး အရေးပေါ်ဌာနသို့ ရောက်ရှိလာ
ရာ လက်မခံနိုင်၍ (SSC)အထူးကုဆေးခန်းသို့ ပို့ဆောင်ခဲ့ရာ
အဆိုပါဆေးခန်းတွင် ရေမရရှိ သဖြင့် လူနာရှင်မှ အဆိုပါဆေးခန်းအား
ရေသန့်ဗူးဝယ်ပေးခဲ့ရသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အပေါ်ထပ်ရှိ (၁၇)၊ (၁၈) လူနာဆောင်များမှာ
ခေါင်မိုးများလွှင့်စင် သွားကာ သစ်ပင်များပိ၍
အပျက်အစီးများဖြစ်ပေါ်နေပြီး ယခုအချိန်အထိ စစ်အစိုးရက ကောင်းစွာ
ရှင်းလင်းပေးနိုင်ခြင်းမရှိသေးပေ။
ရန်ကုန်အရှေ့ပိုင်းဆေးရုံမှ ၀န်ထမ်းတဦးက “ဆေးရုံမှာက နှစ်ထပ်ပဲရှိတာ၊
ခွဲခန်းနဲ့ မွေးခန်းက အပေါ်ထပ်မှာဆိုတော့ နှစ်ခန်းစလုံး
အကုန်ပျက်သွားတယ်၊ ခုထိ လူနာတွေကို လက်ခံလို့မရ သေးပါဘူး”ဟု
ပြောဆိုသည်။
စစ်အစိုးရက
မုန်တိုင်းဒဏ်ကျရောက်ရာ ဒေသခံပြည်သူများထံ ဆေးဝါး၊ အစားအစာနှင့်
ထောက်ပံ့ကူညီမှုများ အချိန်မှီရောက်ရှိအောင် ဆောင်ရွက်နေသည်ဟု
ပြောဆိုနေသော်လည်း ရန်ကုန်မြို့ရှိ
ဆေးရုံများသည်ပင် ဆေးဝါးလုံလောက်မှုမရှိ ဖြစ်နေရသည်။
“ကျန်းမာရေးအတွက် အကူအညီကတော့ ဘာမှကိုမကြားမိသေးဘူး၊ ဆေးဝါးပစ္စည်းကူတာ
လည်း မရှိသေးဘူး”ဟု ၀န်ထမ်းတဦးက ဆိုသည်။
ဒဂုံမြို့နယ်အတွင်းရှိ ဆေးသုသေသနအဆောက်အဦမှာလည်း ပျက်စီးသွားခဲ့ရာ
စမ်းသပ်ထား သည့် ကြွက်များအားလုံး သေဆုံးသွားကာ ရိုးတွင်းချဉ်ဆီအတွက်
စုဆောင်းထားရှိသည့် တစ်ရှူးစ နှစ်သောင်းကျော်ထည့်ထားသည့်
ရေခဲသေတ္တာမှာလည်း လျှပ်စစ်မီးမရ၍ လုံးဝ ပျက်စီးသွားသည်ဟုဆိုသည်။ |