Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ရေယာဉ်စွန့်ခွာသူများ ရေတပ်ဌာနချုပ်တွင် ချုပ်နှောင်ထား 

ဗထူး။ မေ ၁၇၊ ၂၀၀၈ 

မုန်တိုင်းတိုက်ခတ်စဉ် မိမိတို့ရေယာဉ်များမှ စွန်ခွာသွားသည့် အရာရှိနှင့် (ရေ)တပ်သားများအား ချုပ်နှောင်ထားသည်။ 

သီလ၀ါဆိပ်ကမ်းတွင်ထားသည့် စစ်ရေယာဉ်မှ အရာရှိနှင့် ရေတပ်သားများက ပြင်းထန်သည့် မုန်တိုင်းကျရောက်စဉ် ကုန်းပေါ်သို့တက်ကာ ရေယာဉ်အား စွန့်ခွာခဲ့ခြင်းဖြစ်သည်။ 

တိကျသည့်မိုးလေ၀သခန့်မှန်းချက် ပေးပို့ခြင်းမရှိသည့်အတွက် စစ်အစိုးရရေတပ်မှ စက်ဘက် ရေယာဉ် ၈ စင်း နစ်မြုပ်ခဲ့ပြီး အဆိုပါသတင်းအား စစ်အစိုးရမှ အတိအလင်း ကြေညာခဲ့ခြင်း မရှိသည့်အတွက် တပ်မတော်(ရေ)အတွင်း အဆိုပါကိစ္စနှင့်ပတ်သက်၍ မကျေနပ်မှုများ ဖြစ်ပေါ် နေသည်။ 

“သီလ၀ါမှာတာဝန်ကျတဲ့ ရေယာဉ်က အရာရှိအပါအ၀င် ၂၃ ယောက်ကို ဧရာဝတီရေတပ်စခန်း ဌာချုပ်မှာ ချုပ်ထားတယ်၊ ရေယာဉ်စွန့်ခွာမှုနဲ့ အရေးယူမဲ့သဘောပဲ၊ တချို့တပ်သားတွေကို အကျယ်ချုပ်သဘောမျိုးထားတယ်လို့ သိရတယ်၊ မုန်တိုင်းကပြင်းတော့ တချို့တွေက ကမ်းကပ် ပြီး ကုန်းပေါ်တက်ကြတာ၊ ပျောက်တာတွေလည်းရှိနေတယ်၊ ရေထဲမှာပျောက်တာလား၊ စွန့်ခွာ ပြီး ပြန်သတင်းမပို့တော့တာလားဆိုတာ မသိရဘူး”ဟု အမည်မဖော်လိုသည့် တပ်မတော်(ရေ) အရာရှိတဦးက ဆိုသည်။ 

မုန်တိုင်းတိုက်ခတ်မှုကြောင့် ရန်ကုန်တိုင်းနှင့်၊ ဧရာဝတီတိုင်းအတွင်းရှိ တပ်များနှင့် မိသားစုဝင် များ၏ နေအိမ်များ ပျက်စီးခဲ့ရပြီး ရေတပ်မှ မိးသားစုများအပါအ၀င် ၃၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မုန်တိုင်းကျရောက်စဉ် ရေပြင်၌ တာဝန်ယူနေရသည့် စစ်ရေယာဉ်များ ထိခိုက်ဆုံးရှုံးမှုများကို အတိအကျ မဖော်ပြသော်လည်း ဧရာဝတီ၊ ဖျာပုံ၊ ဘိုကလေးနှင့် အခြားဒေသများရှိ စစ်ရေယာဉ် အုပ်စုမှ ရေယာဉ်များလည်း ပါဝင်သည်ဟုဆိုသည်။ 

“ကမ်းကိုကပ်ပြီးမှ စွန့်ခွာကြတာ များတယ်၊ အခု အဲ့ဒီ ၈ စင်းလုံးတော့ ပြန်ဆယ်ပြီးပြီ၊ အပျက် အစီးကတော့ ရေထဲမြုပ်သွားတဲ့ နာရီလိုပဲဖြစ်မှာပေါ့”ဟု ရေတပ်သားတဦးက ပြောသည်။  

မုန်တိုင်းဒဏ်ခံရပြီးနောက် ပျက်စီသွားသည့် အိုးအိမ်များကို ပြန်လည်တည်ဆောက်ပေးနေ သော်လည်း အရာရှိများသာ ဦးစားပေးစနစ်ဖြင့် ပြုပြင်လုပ်ဆောင်နေသည့်အတွက် စိတ်ပျက်မိ ကြောင်း ၎င်းက ဆက်လက်ပြောဆိုသွားခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com