Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လူအသေအပျောက်ခန့်မှန်းသည်ထက်များနိုင် အကူအညီများစွာလိုအပ်နေ

ဗထူး။ မေ ၇၊ ၂၀၀၈ 

စစ်အစိုးရက နာဂစ်မုန်တိုင်းကြောင့် သေဆုံးပျောက်ဆုံးသူများစာရင်းကို ကြေညာခဲ့သော်လည်း ခန့်မှန်းသည်ထက် များပြားလာနိုင်ဖွယ်ရှိပြီး အကူအညီများစွာလိုအပ်နေသည်။ 

သောကြာနေ့ကစတင်တိုက်ခတ်ခဲ့သည့် မုန်တိုင်းဒဏ်ကြောင့် ပြည်နယ်/တိုင်း (၅)ခုတွင် အပျက် အစီးနှင့် လူအသေအပျောက်စာရင်းကို စစ်အစိုးရထုတ်ပြန်ထားသော်လည်း ပိုမိုများပြားနိုင် သည်ဟု ခန့်မှန်းပြောဆိုနေခြင်းဖြစ်သည်။ 

နာဂစ်မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံစားခဲ့ရသည့် မြို့နယ်တွင်ပါဝင်သော လပွတ္တာမြို့နယ်မှ ပြည်သူတဦးက “မြို့နယ်မှာ အုပ်စု (၁၆)အုပ်စုရှိတယ်၊ တအုပ်စုကိုအနည်းဆုံး ငါးရွာဆိုတော့ ရွာပေါင်း (၂၀၀)ကျော်တယ်၊ အဲ့ဒီမှာရှိတဲ့ ရွာသားတွေ (၁၀)ယောက်မှာ (၃)ယောက်လောက်ပဲ ရှင်တယ်လို့ ရွာကတက်လာသူတွေကပြောနေတာ” ဟု ပြောသည်။ 

စစ်အစိုးရက နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ (၂၂၀၀၀)ကျော်နှင့် ပျောက်ဆုံးသူ (၄၁၀၀၀) ပျောက်ဆုံးနေသည်ဟု ကြေညာခဲ့သည်။ 

မုန်တိုင်းဒဏ်ကြောင့် လူအများမှာ ဆေးဝါး၊ သောက်သုံးရေနှင့် အမိုးအကာ အ၀တ်အထည်များ လိုအပ်နေပြီး အဆိုပါဒေသများသို့ ကုလသမဂ္ဂ ကူညီစောင့်ရှောင့်ရေးဝန်ထမ်းများ ထွက်ခွာနေ သော်လည်း လမ်းခရီးအခက်အခဲများကြောင့် ကြံ့ကြာနေသည်ဟုဆိုသည်။ 

စစ်အစိုးရက အရေးပေါ်ကော်မတီတရပ်ကိုဖွဲ့စည်းပြီးနောက် ရဟတ်ယာဉ် (၇)စင်း၊ ဖိုင်ဘာ စက်လှေ (၆၀)စင်း၊ သင်္ဘော (၁၀)စင်း၊ ခြေမြန်တပ်မ (၄)ခုနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း များ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ကိုင်နေသည်ဟု ယမန် နေ့သတင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။  

ရန်ကုန်မြို့ဒေသခံတဦးက “မနေ့ကနဲ့ ဒီနေ့မှ လမ်းတွေစရှင်း၊ ဓါတ်တိုင်တွေစထောင်လုပ်နေ တာ တွေ့တယ်၊ လေတိုက်ပြီးစကတော့ ရပ်ကွက်ကလူတွေနဲ့ ဘုန်းကြီးတွေပဲရှင်းကြတာ၊ ခုလည်း ကိုယ့်အိမ်ကိုယ်ဆောက်၊ ကိုယ့်ဘာသာကိုလုပ်၊ ဘာမှအကူအညီမပေးနိုင်ဘူးလို့ကို ရပ်ကွက်လူကြီးတွေကပြောနေတာ” ဟုဆိုသည်။ 

နေပြည်တော်ရှိ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းကြည့်ရာ ၀န်ထမ်းတဦးက “ကယ်ဆယ်ရေးတို့ဘာတို့ ဒီရုံးချုပ်က အကုန်ပို့ ထားပါတယ်၊ အင်အားကတော့ ရန်ကုန်တိုင်းကို (၂၅) ယောက်လောက်ပို့ထားတယ်၊ ဒီနေ့လည်း (၄)ယောက်ထပ်လွှတ်တယ်” ဟု ဖြေကြားခဲ့သည်။ 

နိုင်ငံတကာအစိုးရများက ငွေနှင့်ဒုက္ခသည်များ လိုအပ်သည့်ပစ္စည်းများထောက်ပံ့ရန် အဆင့်သင့် ပြင်ဆင်၍ လူသားချင်းစာနာသည့် အကူအညီများပေးရန် စစ်အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်း နေလျှက်ရှိသည်။  

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်တဦးက စစ်အစိုးရယန္တရား မည်မျှကြီးသည်ကို မသိသော်လည်း နအဖအနေဖြင့် သာမာန်အချိန်အခက်အခဲများကိုပင် အတိုက်အခံပြည်သူများ နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမရှိသလို ယခုကိစ္စတွင်လည်း ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ပြော ဆိုပြီး နိုင်ငံတကာအကူအညီနှင့်ပတ်သက်၍ “ကောင်းတာပေါ့ အဲ့ဒီလိုအင်အားတွေလိုနေတယ်၊ ခုက သိပ်ကိုဒုက္ခရောက်နေကြပြီ၊ တခါမှမကြုံဖူးဘူး” ဟု ပြောဆိုခဲ့သည်။ 

ယခုအခါရန်ကုန်မြို့တွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်မားနေပြီး သောက်သုံးရေ၊ လျှပ်စစ်နှင့် အမိုးအကာ၊ ဆေးဝါးပစ္စည်းများလိုအပ်နေပြီး အခြားဒေသများတွင်လည်း လေဘေးဒုက္ခသည် များထံ အချိန်မှီမရောက်ရှိပါက နောက်ဆက်တွဲသေဆုံးမှုများနှင့် ရောဂါကူးစက်မှုများ ဖြစ်ပွား လာနိုင်ဖွယ်ရှိသည်။

အာရှဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) တာဝန်ခံ ဒေးဗစ်ဘရောင်းက မြန်မာ နိုင်ငံသို့ ကယ်ဆယ်လုပ်ငန်းများလုပ်ကိုင်ရန် ကယ်ဆယ်ရေးလုပ်သား (၂၅၀၀၀)၀န်ထမ်း (၂၁၅)စေလွှတ်ရန် အသင့်ပြင်ဆင်ထားသည်ဟု ယနေ့ပြောဆိုလိုက်သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com