|
မုန်တိုင်းကြောင့်သေဆုံးသူ
တသိန်းကျော်ရှိလာ လပွတ္တာမြို့နယ်တခုတည်းတွင် ရှစ်သောင်းကျော်သေဆုံး
ရိုးမ ၃။ မေ
၈၊ ၂၀၀၇
ပြီးခဲ့သည့်အပတ် သောကြာနေ့က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့်
သေဆုံးသူစာရင်းမှာ တသိန်းကျော်ရှိပြီး လပွတ္တာမြို့နယ်တခုတည်းတွင်
သေဆုံးမှုမှာ ရှစ်သောင်းကျော်ရှိသည်ဟု အမည်မဖော်လိုသည့် စစ်ဖက်အရာရှိတဦးက ဆိုသည်။
မုန်တိုင်းကျရောက်ပြီးနောက် စစ်အစိုးရက ယမန်နေ့တွင် လူပေါင်း (၂၂၀၀၀)
ခန့် သေဆုံး သည်ဟု ဖော်ပြခဲ့ပြီးနောက် သေဆုံးသူစာရင်းမှာ
မုန်တိုင်းကျရောက်ပြီး တပတ်ပြည့်မြောက်ရန် တရက်အလိုတွင် သေဆုံးသူအရေအတွက် ခန့်မှန်းထားသည်ထက် များပြားလာခြင်းဖြစ်သည်။
ကုလသမဂ္ဂ
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေးမှူးရုံးမှ
ရစ်ချတ်ဟိုဆေး က မြစ်ဝကျွန်းပေါ်ဒေသ၏
(၁,၉၃၀)
စတုရန်းမိုင် (စတုရန်းကီလီမီတာ ၅၀၀၀ ခန့်)သည် ရေလွှမ်းမိုးသွားသည်ဟု
ဘန်ကောက်တွင် ပြောဆိုခဲ့သည်။
၁၉၉၁
ခုနှစ်တွင် လူပေါင်း (၁၄၃၀၀၀) သေကျေပျက်စီးခဲ့ရသည့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံအား တိုက်ခတ်ခဲ့သည့်
မုန်တိုင်းထက် ယခု
နာဂစ်မုန်တိုင်းက ပိုမိုပြင်းထန်သည်ဟု ဆိုသည်။
ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် သိန်းနှင်ချီကာ
အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြသည့် ပြည်သူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
အကူအညီများ ပေးပို့လျှက်ရှိရာ စစ်အစိုးရ၏ လက်ခံဆောင်ရွက်နေမှုမှာ
များစွာ နှေးကွေးနေသည်ဟုဆိုသည်။
နာဂစ်မုန်တိုင်းက ပင်လယ်ရေကိုဆွဲယူလာသဖြင့်
ကုန်းတွင်းပိုင်းရွာများကို တိုက်စားသွားခဲ့ရာ ဧရာဝတီတိုင်း၊
မြို့နယ် (၄) ခုတွင် ကျေးရွားပေါင်း
(၁၀၀၀) နီးပါး ပျောက်ဆုံးသွားပြီး
လူပေါင်းသိန်းနှင့်ချီသေဆုံးကာ လူ (၇)
သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေသည်။
“ကျမတို့ရရှိတဲ့ သတင်းအချက်အလက်များအရ အခုဆိုရင် မြစ်ဝကျွန်းပေါ်ဒေသမှာ
သေဆုံးသူ တသိန်းကျော်ရှိပါတယ်၊ စာရင်းအတိအကျမဟုတ်ပေမဲ့ စစ်အစိုးရက
ဒီဒေသမှာ သေဆုံးသူ (၇၀၀၀၀) ရှိနိုင်တယ်လို့ ခန့်မှန်းပြောဆိုနေပါတယ်”ဟု ရန်ကုန်မြို့သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံဆိုင်ရာ
သံရုံးယာယီတာဝန်ခံ မစ္စ ရှရီဗီလာရိုဆာက
သတင်းထောက်များကို ပြောဆိုခဲ့သည်။
စစ်အစိုးရက
အကူအညီပေးရေးဆိုင်ရာ ပစ္စည်းများကို လက်ခံလိုသော်လည်း နိုင်ငံတကာမှ
ကယ်ဆယ်ရေးလုပ်သားများကို လက်ခံရန် နှောင့်နှေးနေခြင်းနှင့်ပတ်သက်၍ “လူသားချင်း ကာကွယ်ပေးရန် တာဝန်အရ ကုလသမဂ္ဂကို
အသိပေးတိုင်တန်းပြီး လုပ်ကိုင်ဆောင်ရွက် သင့်သည်”ဟု
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘမ်မတ် ကော့ချနာက အကြံပေးသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက စစ်အစိုးရအား
နိုင်ငံတကာအကူအညီများ ပိုမိုလက်ခံဆောင်ရွက်ပေးရန် တိုက်တွန်းထားသော်လည်း ကုလဆိုင်ရာ
ကယ်ဆယ်ရေး လုပ်သားများမှာ မုန်တိုင်းတိုက်ခတ်ပြီးသည့် (၅)
ရက်နေ့ထိအောင် ပြည်ဝင်ခွင့်ဗီဇာ စောင့်ဆိုင်း နေရဆဲဖြစ်သည်။
လောလောဆယ်တွင် ကမ္ဘာ့ (၂၄) နိုင်ငံမှ ကယ်ဆယ်ရေးပစ္စည်းများ
သန်း (၃၀) ဘိုး အာမခံ ထားပြီး သတ်မှတ်နေရာများသို့ သောင်္ကြာနေ့အရောက်
ပို့ပေးရမည်ဖြစ်ကာ ကုလမှ ကယ်ဆယ် ရေးပစ္စည်းများမှာ အနည်းဆုံး
ဒေါ်လာ (၁၀) သန်းဘိုးရှိသည်ဟု ဆိုသည်။
ကုလသမဂ္ဂ၏
၂၀၀၅ ခုနှစ် “ကာကွယ်မှုပေးရန်တာဝန်ရှိမှု” သဘောတူညီချက် ပဋိညာဉ်အရ
နိုင်ငံအစိုးရများမှ အရပ်သားပြည်သူများအတွက်
ဆောင်ရွက်ပေးနိုင်သည်ဖြစ်စေ၊ မပေးနိုင် သည်ဖြစ်စေ ကြုံတွေ့နေရပါက
နိုင်ငံတခု၏အချုပ်အခြာအာဏာကို အကြမ်းဖက်၍ ဝင်ရောက် စွက်ဖက်နေသည်ဟု
အဓိပ္ပါယ်သက်ရောက်နေသော်လည်း ကုလသမဂ္ဂမှ ဝင်ရောက်စွက်ဖက်
လုပ်ကိုင်ဆောင်ရွက်နိုင်ခွင့်ရှိသည်ဟု ပြဌာန်းသတ်မှတ်ထားသည်။
ကုလဆိုင်ရာ
ပြင်သစ်သံအမတ်ကြီး ဂျင်းန်မောရစ်ရီပတ်က မြန်မာ့ပြဿနာနှင့်ပတ်သက်၍
လူသားခြင်းညှာတာထောက်ထားမှုဆိုင်ရာ ကြေညာချက်တစောင် ထုတ်ပြန်ရန်
လုံခြုံရေး ကောင်စီသို့ တိုက်တွန်းခဲ့ရာ တရုတ်၊
ရုရှား၊ ဗီယက်နမ်နှင့်
တောင်အာဖရိကနိုင်ငံတို့က ကန့်ကွက်ခဲ့ကြပြီး ယခုကိစ္စသည်
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်မှုမရှိကြောင်း
ငြင်းခုံ ဝေဖန်နေကြသည်ဟု သံတမန်များက ဆိုသည်။ |