Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်ကြောရေးတွင်လက်လွန်ပြီး အကျဉ်းသား ၄ ဦး ထပ်မံသေဆုံး 

ဗထူး။ မေ ၆၊ ၂၀၀၈ 

စစ်အစိုးရက အင်းစိန်အကျဉ်းထောင်တွင်း အကြမ်းဖက်ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း အကျဉ်းသား များအား စစ်ဆေးရာ နောက်ထပ်အကျဉ်းသား ၄ ဦး ထပ်မံသေဆုံးသွားခဲ့သည်။ 

စစ်အစိုးရ စစ်တပ်နှင့် ရဲတပ်ဖွဲ့က မုန်တိုင်းဒဏ်ခံနေရသဖြင့် အကူအညီတောင်းခံခဲ့သည့် အကျဉ်းသားများအား ယခုလ (၃) ရက်နေ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် အခြားသူများ အား စစ်ဆေးစဉ် လက်လွန်ကာ နောက်ထပ်အကျဉ်းသား ၄ ဦး သေဆုံးသွားခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း(မြန်မာနိုင်ငံ) (AAPP) က ယနေ့ ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

(AAPP) က အင်းစိန်ထောင်တွင်းသေဆုံးမှုသတင်း နောက်ဆက်တွဲကို ယနေ့ ထုတ်ပြန်ခဲ့ရာ လက်ရှိတွင် တိုက်ပိတ်ထားသည့် အကျဉ်းသား ၉၈ ဦးအား အင်းစိန်ရေကြည်အိုင်သို့ ပြောင်းရွှေ့ စစ်ဆေးလျှက်ရှိရာ နိုင်ငံရေးအကျဉ်းသားအချို့လည်း ပါဝင်သည်ဟု ဖော်ပြထားသည်။ 

နာဂစ်မုန်တိုင်းကျရောက်သည့် ပြီးခဲ့သည့်အပတ် သောကြာနေ့နှင့် စနေနေ့က အင်းစိန်ထောင် အဆောင် (၁) အမိုးများ လွင့်စင်သွားပြီးနောက် နံနက်ရောက်သည့်အခါ အခန်းတံခါးများ ဖွင့်ပေးရန် ထောင်အာဏာပိုင်များအား တောင်းဆိုခဲ့ရာ ဆောင်ရွက်မပေးသည့်အတွက် ဒေါသ  ထွက်လာသည့် အကျဉ်းသားများက ထောင်အချုပ်ဆောင်အား မီးရှို့ထွက်ပြေးရာ ထောင် အာဏာပိုင်များက စက်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။ 

အဆိုပါပစ်ခတ်မှုတွင် အကျဉ်းသား ၃၆ ဦး သေဆုံးကာ ၇၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု (AAPP) က အတည်ပြုပြောဆိုသည်။

ယခုအခါ အာဏာပိုင်များ၏လုပ်ရပ်ကြောင့် အကျဉ်းသားသေဆုံးမှုမှာ ၄၀ ဖြစ်သွားပြီး အဆိုပါ နေ့တွင် အဆောင် (၁) နှင့် တိုက်ဝင်းအကြားရှိ သရက်ပင် မီးလောင်ကျိုးကျခဲ့ရာ တိုက် (၁) နှင့် တိုက် (၃) အား အုပ်မိုးသွားခဲ့သဖြင့် မီးခိုးမွန်းကြပ်ကာ တိုက် (၃) မှ နိုင်ငံရေးအကျဉ်းသားတဦး အရေးပေါ်ကုသရန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု ထုတ်ပြန်ချက်က ဆက်လက်ဖော်ပြ ထားသည်။ 

အဆိုပါဖြစ်ပျက်မှုကြောင့် မျက်စိကိုက်ခဲသည့်ဝေဒနာ ခံစားနေရသည့် ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်မှာလည်း ဝေဒနာပိုမိုဆိုးဝါးလာသဖြင့် ဆရာဝန်နှင့်ပြသခွင့် ထပ်မံ တောင်းဆိုထားရသည်ဟု ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com