Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

နာဂစ်မုန်တိုင်း ဒုက္ခဒဏ်ခံနေရသည့် ပြည်သူများထံကူညီရန်
သံဃာ့ဓူတအဖွဲ့ တိုက်တွန်းနှိုးဆော် 

ရိုးမ ၃။ မေ ၇၊ ၂၀၀၈ 

နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဒုက္ခရောက်နေသည့် ပြည်သူများထံ မိမိတို့ တတ်အားသရွေ့ ကူညီကြရန် ရဟန်းပြည်သူများအား မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာဓူတအဖွဲ့ ကြီးက ယနေ့ တိုက်တွန်းနှိုးဆော်လိုက်သည်။ 

လူသိန်းနှင့်ချီကာ အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး အစားအစာနှင့် အမိုးအကာ လိုအပ်နေသည့် ပြည်သူများ ထံ အထောက်အကူပစ္စည်းများ ရောက်ရှိမှု နှောင့်နှေးနေချိန်တွင် သံဃာဓူတအဖွဲ့ကြီးက တိုက်တွန်းနှိုးဆော်လိုက်ခြင်းဖြစ်သည်။ 

အဆိုပါ သံဃာ့ဓူတအဖွဲ့၏ ပြောခွင့်ရသံဃာတော်တပါးက “ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုတဲ့ သဘောအရ ဒုက္ခရောက်နေတာကို ဥပေက္ခာပြုပြီးတော့ ကြည့်မနေသင့်ဘူးထင်တယ်လေ၊ ဘာဖြစ်လို့လည်းဆိုတော့ ဆရာဒကာ လက်တွဲခဲ့တဲ့အချိန်ကတွဲပြီးတော့ ဒကာ၊ ဒကာမတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ ကိုယ်နဲ့မဆိုင်သလို နေလို့မသင့်တော်ဘူးလေ”ဟု မိန့်ကြားသည်။ 

သံဃာ့ဓူတအဖွဲ့အနေဖြင့် အကူအညီပေးရေးကို စတင်လုပ်ဆောင်နေချိန်ဖြစ်ပြီး ဒါယကာ၊ ဒါယိ ကာမများထံမှ အလှူခံကာ ဆန်၊ ဆီ၊ ဆား ထောက်ပံ့နိုင်ရန် ယနေ့မှစတင်၍ လုပ်ကိုင်နေသည် ဟု ဆက်လက်မိန့်ဆိုသည်။ 

စစ်အစိုးရအနေဖြင့် နိုင်ငံတကာအကူအညီပေးရေး ကမ်းလှမ်းချက်များကို လက်မခံခြင်းမှာ လည်း နိုင်ငံတွင်းဖြစ်ပျက်နေသည့် အခြေအနေများကို ပြင်ပနိုင်ငံမှ ကူညီဖြေရှင်းပေးခြင်းသည် ယင်းတို့သိဏ္ခာကို ထိခိုက်သည်ဟု ရှုမြင်နေသည်ဟု ဆိုသည်။ 

နာဂစ်မုန်တိုင်းကျရောက်ပြီး စစ်အစိုးရ၏ ကယ်ဆယ်ရေးနှင့် ထောက်ပံ့မှုလုပ်ငန်းများ နှောင့်နှေး နေချိန်တွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်နယ်၊ တိုင်းအသီးသီးမှ ပြည်သူများနှင့် သံဃာများမှာ လမ်းများရှင်းလင်းခြင်း၊ အိုးမဲ့အိမ်မဲ့ပြည်သူများအား ထောက်ပံ့ခြင်းများကို လက်တွဲလုပ်ဆောင် ခဲ့ကြသည်။

သံဃာ့ဓူတအဖွဲ့ကြီးအနေဖြင့် ယခုလိုလုပ်ဆောင်လိုက်သည့်အတွက် စစ်အစိုးရက မေလ (၁၀) ရက်နေ့ ဆန္ဒခံယူပွဲနှင့်နီးကပ်နေခြင်းနှင့် သံဃာ့လှုပ်ရှားမှု ထပ်မံဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် အဘက်ဘက်မှ နှောင့်ယှက်မည်ဟု ဆိုသည်။ 

လေဘေးဒဏ်ကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများထံ သံဃာဓူတ ပြောခွင့်ရသံဃာတော် က ဆက်လက်မိန့်ဆိုရာတွင် “ရှေ့ဆက်လျှောက်ပြီးတော့ ဦးဇင်းတို့အနေနဲ့ ဘယ်လောက်ပဲ ရှေ့က တားဆီးပိတ်ပင်ပါစေ ပြည်သူလူထု ဒုက္ခအကြပ်အတည်းတွေကို ပြေလည်အောင် တာဝန်တရပ်အနေနဲ့ ဦးဇင်းတို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု မိန့်ဆိုခဲ့သည်။ 

 
 
အသံနားဆင်ရန် - အသံဖိုင် ဒေါင်းလော့ဒ်လုပ်ရန် -

This text will be replaced by the flash music player.
 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com