Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မအူပင်ကိုမလိုက်ချင်၍ ဘိုကလေးဒုက္ခသည်များ ရှောင်ပုန်းနေကြ 

ဗထူး။ မေ ၁၅၊ ၂၀၀၈ 

စစ်အစိုးရက မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဘိုကလေးမြို့မှ ဒုက္ခသည်များအား အဆိုပါဒေသမှ ရွှေ့ ပြောင်းပို့ဆောင်နေရာ မပြောင်းရွှေ့လိုသူများက ရှောင်ပုန်းနေကြရသည်။ 

မြောင်းမြနှင့်မအူပင်မြို့များသို့ သင်္ဘောများဖြင့်တင်ဆောင်ကာ ဒုက္ခသည်များအား ပို့ဆောင်နေ လျှက်ရှိရာ နေရပ်အားမစွန့်ခွာလိုသူများက နေ့ဘက်တွင်ရှောင်ပုန်းနေကြခြင်း ဖြစ်သည်။ 

“ဒုက္ခသည်(၂၀၀၀၀) ကျော်ရှိတယ်။ စစ်တပ်က ကားတွေနဲ့ မအူပင်ကို ပို့ဖို့လုပ်တာ။ လူတွေက မလိုက်ချင်ဘူး။ နေ့ခင်းဘက်ဆိုရင် အိုးခွက်တွေကို ပီနံအိတ်ထဲထည့်ပြီး ရှောင်ပုန်းနေရတယ်။ ညနေဘက်ကြရင်တတန်းကြီးဘဲ ဘုန်းကြီကျောင်းကို ပြန်လာကြတယ်” ဘိုကလေးမြို့ခံတဦး ကပြောသည်။ 

ဒုက္ခသည်စခန်းတခုတွင် လူဦးရေ (၃၆၀) ကျော်ရှိပြီး အများစုမှာ ပျက်စီးနေသည့်အမိုးများ အောက်တွင် ညအချိန်အိပ်စက်နေရပြီး နေ့အချိန်တွင် ရေစိုအ၀တ်အထည်များကို ခြောက်သွေ့ အောင်ပြုလုပ်၍ နေထိုင်နေရသည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။  

ဝမ်းရောဂါ စတင်ဖြစ်ပွားနေပုံနှင့်ပတ်သက်၍ ဒေသခံတဦးက “မြို့ကသောက်ရေကန်ကြီးမှာ ကုက္ကိုပင်လဲကျနေတာ သစ်ရွက်တွေကပုပ်တော့ ရေတွေလည်းမကောင်းတော့ဘူး၊ ကလေးတွေ က ဒီရေပဲသောက်နေရတော့ ၀မ်းရောဂါဖြစ်နေကြတယ်၊ စခန်းတခုမှာဆို ကလေး(၁၅) ယောက် လောက်ဖြစ်တယ်၊ စခန်းက (၈) ခုရှိတယ်” ဟု ဘိုကလေးမြို့ခံကပြောဆိုသည်။ 

နိုင်ငံတကာမှ အကူအညီပစ္စည်းများအား စစ်တပ်နှင့်လက်အောက်ခံအဖွဲ့အစည်းများက ပြည်သူ လူထုထံ ပြန်လည်ရောင်းချခြင်းများပြုလုပ်နေရာ ဘိုကလေးမြို့ပေါ်ရှိ ဗလီကျောင်းအတွင်းရှိ ဒုက္ခသည်များအားပေးဝေမည့် သွပ်များကို တချပ်(၄,၀၀၀) ကျပ်ဖြင့် အာဏာပိုင်များက ရောင်း ချနေကြောင်း အဆိုပါဒေသခံက ဆက်လက်ပြောဆိုသည်။ 

ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများက နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံအတွင်း လူဦးရေတသန်းကျော် ဒုက္ခရောက်နေပြီး သုံးပုံတပုံခန့်သာ ထောက်ပံ့ကူညီပေးနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာကြက်ခြေနီအဖွဲ့က နာဂစ်မုန်တိုင်းကြောင့်သေဆုံးသူ (၁၂,၈၀၀၀) ခန့် ရှိသည်ဟု ပြောဆိုခဲ့သည်။ 

စစ်အစိုးရ၏ထုတ်ပြန်ချက်တွင် မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ (၃၂,၀၀၀)ရှိပြီး ပျောက်ဆုံးသူ (၃၄,၀၀၀)ကျော်ရှိသည်ဟု ထုတ်ပြန်ထားသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com