Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

နိုင်ငံတကာအကူအညီများ လက်မခံပါက သေဆုံးမှုများ ဆက်လက်ဖြစ်ပေါ်လာနိုင် 

ဉာဏ်မောင်။ မေ ၁၀၊ ၂၀၀၈ 

စစ်အစိုးရအနေဖြင့် နိုင်ငံတကာအကူအညီများကို လက်ခံရန် ဆက်လက်ငြင်းဆန်နေပါက ရောဂါနှင့် ငတ်မွတ်ခေါင်းပါးမှုများကြောင့် လူများ ပိုမိုသေနိုင်သည်ဟု ကုလသမဂ္ဂမှ သတိပေး လိုက်သည်။ 

နာဂစ်ဆိုက်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် သောက်သုံးရေရှားပါးမှု၊ အစာရေစာငတ်မွတ် ခေါင်းပါးမှုများသည် ကူးစက်ရောဂါများကို ဖြစ်ပွားစေပြီး စစ်အစိုးရအနေဖြင့် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ကိုင်နိုင်ခြင်း မရှိခြင်းတို့ကြောင့် ဖြစ်သည်။ 

စစ်အစိုးရက ကယ်ဆယ်ရေးပစ္စည်းများနှင့် နိုင်ငံတကာမှ ထောက်ပံ့ငွေများကို လက်ခံချင်သော် လည်း ဆန္ဒခံယူပွဲလုပ်မည့်ရက်နှင့် နီးကပ်နေခြင်းကြောင့် နိုင်ငံခြားသားများပါဝင်မည်ကို လိုလားခြင်းမရှိဘဲ စစ်တပ်၏ဦးဆောင်မှုဖြင့်သာ ကယ်ဆယ်ရေးပစ္စည်းများကို ဖြန့်ဝေပေးလို သည်။ 

နိုင်ငံအချို့၏ အကူအညီကို ငြင်းပယ်လျှက်ရှိသော စစ်အစိုးရ၏လုပ်ရပ်ကြောင့် လေဘေးသင့် ဒုက္ခသည်များအနေဖြင့် သောင်းချီ၍ ထပ်မံဖြစ်ပွားနိုင်သည်ဟု ကုလသမဂ္ဂက ပြောဆိုသည်။  

ထို့အပြင် ပြည်ပရောက် မြန်မာ့ဒီမိုကရေးစီအင်အားစုများက ကယ်ဆယ်ရေးအဖွဲ့များ ပိုမို ဝင်ရောက်ခွင့်ရရှိရေးအတွက် တရုတ်နိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ မြန်မာစစ်အစိုးရအား ပိုမိုဖိအားပေးရန် တောင်းဆိုလိုက်သည်။ 

စင်ပြိုင်အစိုးရ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းက “ကျွန်တော်တို့ဟာ အချိန်နဲ့ တပြေးညီ လုပ်နေ ကြရပါမယ်၊ ဆူနာမီမှာသေသလိုမျိုး ဝမ်းရောဂါ၊ ငှက်ဖျားရောဂါ၊ အဟာရချို့တဲ့ရောဂါတွေ၊ ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးရမှုမျိုး အခုလက်ရှိ မြန်မာနိုင်ငံမှာဖြစ်နေပါပြီ၊ ဒါကြောင့် အခု နိုင်ငံတကာအသိုင်းအဝိုင်းက ကယ်ဆယ်ရေးအကူအညီတွေကို လိုအပ်လျှက်ရှိပါတယ်”ဟု  ပြောဆိုသည်။ 

စစ်အစိုးရအနေဖြင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိလျှင် ပြည်သူလူထုသည် အကူအညီကင်းမဲ့စွာဖြင့် ပိုမိုသေကြေပျက်စီးကြရမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

မြန်မာစစ်အစိုးရက နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ ၂၃,၀၀၀ ခန့်သာရှိပြီး ပျောက်ဆုံး သူများ ၎င်းထက် နှစ်ဆခန့်သာရှိကြောင်း တရားဝင်ထုတ်ပြန်ထားသော်လည်း လေမုန်တိုင်းဒဏ် အဓိကခံခဲ့ရသည့်ဒေသမှ စစ်အစိုးရရာရှိတဦးက မြို့နယ်တခုထဲတွင် သေဆုံးသူ ၈၀,၀၀၀ ခန့်ရှိ သည်ဟု ပြောဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com