|
စစ်အစိုးရကို အရေးယူရန်အတွက်
လုံခြုံရေးကောင်စီမှ နိုင်ငံတကာတရားရုံးသို့
လွှဲပြောင်းပေးရန် တောင်းဆို
ရိုးမ ၃။ မေ
၂၉၊ ၂၀၀၈
မြန်မာစစ်အစိုးရအား အရေးယူရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ
နိုင်ငံတကာ ပြစ်မှု ဆိုင်ရာ တရားရုံးသို့ လွှဲအပ်ပေးရန်
မြန်မာနိုင်ငံရှေ့နေများကောင်စီက တောင်းဆိုလိုက်သည်။
ကုလသမဂ္ဂ
လုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်၏ မှုခင်းကို နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးသို့
လွှဲပြောင်းပေးရန် အခွင့်အာဏာရှိ သည့်အပြင်
တာဝန်လည်းရှိသည့်အတွက်ကြောင့် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန် တောင်း
ဆိုလိုက်ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံးဥပဒေကို
အတိအကျ ချိုးဖောက်ခံလိုက်ရပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်
၁၃၂၅ တွင် ပါရှိသည့် အမျိုးသမီးများ၏ အခွင့်အရေး
ကာကွယ်ရပိုင်ခွင့်ကိုပါ ဆက်လက်ချိုးဖောက်ခံနေရသည်ဟု ဆိုသည်။
သူမအား
လက်ရှိချုပ်နှောင်ထားခြင်းသည် ၁၉၇၅ ခုနှစ်၊ နိုင်ငံတော်အား
နှောက်ယှက်ဖျက်စီး သူများ အန္တရာယ်မှကာကွယ်သည့် ဥပဒေအရ အရေးယူခြင်း
မဟုတ်ဘဲ ဒီပဲယင်း နောက် ဆက်တွဲအဖြစ် ထပ်ဆင့်ကျူးလွန်ခံရခြင်းဖြစ်သည်ဟု
အဆိုပါကြေညာချက်တွင် ဖော်ပြထား သည်။
ယခုမှုခင်းကို ပြည်တွင်းဥပဒေအရ သုံးသပ်ရုံဖြင့် လုံလောက်ခြင်း
မရှိသည့်အပြင် နိုင်ငံတကာ ဖိအားကြောင့် ပြန်လွှတ်ပေးလျှင်လည်း
လပိုင်းအတွင်းမှာပင် ပြန်လည်ဖမ်းဆီးခြင်းချုပ်နှောင်ခံ
ရဦးမည်ဖြစ်သည်ဟု ၎င်းကြေညာချက်တွင် ရေးသားထားသည်။
စစ်အစိုးရသည် တည်ဆဲဥပဒေအားလုံးကို ချိုးဖောက်ပြီး
ဒေါ်အောင်ဆန်းစုကြည်အား ယခုကဲ့ သို့ ဖမ်းဆီးလိုက်လွှတ်ပေးလိုက်နှင့်
လုပ်ဆောင်နေခြင်းများ ရပ်တန့်သွားရန်အတွက် နိုင်ငံ တကာဥပဒေအရ
သုံးသပ်အရေးယူခြင်းသာ အကောင်းဆုံးဖြစ်သည်ဟု (BLC) ၏ ကြေညာချက် တွင်
ဆက်လက်ဖော်ပြသည်။
ထို့အပြင် တရားမျှတမှုကိုလိုလားသည့် ဥပဒေပညာရှင်များ၊
အဖွဲ့အစည်းများ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် ပြည်သူများက
စစ်အစိုးရအား နိုင်ငံတကာမှ အရေးယူဆောင်ရွက်နိုင်သည် အထိ
ဝိုင်းဝန်းကြိုးပမ်းရန် တိုက်တွန်းထားသည်။ |