Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လပွတ္တာမြို့နယ်အတွင်း အမှန်တကယ်သေဆုံးမှုမှာ သိန်းချီရှိနေပြီး
အကူအညီ တစုံတရာမရရှိသေး
  

ဖြိုးကြီး။ မေ ၇၊ ၂၀၀၈ 

စစ်အစိုးရက နာဂစ်မုန်းတိုင်းဒဏ်ကြောင့် လပွတ္တာမြို့နယ်အတွင်း လူတထောင်ကျော်သေဆုံး သည်ဟု ကြေညာခဲ့ပြီး အမှန်တကယ်သေဆုံးမှုမှာ သိန်းချီရှိနေကြောင်းနှင့် အကူအညီများ မရ ရှိသေးကြောင်း သိရသည်။ 

မုန်းတိုင်းဒဏ်ကြောင့် ရွာပေါင်း ၂၂ ရွာ ပျောက်ဆုံးသွားခဲ့ပြီး သေဆုံးသူအရေအတွက်မှာ  သိန်းချီရှိနိုင်ကြောင်း ကိုယ်တိုင်သွားရောက်ခဲ့သည့် လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ယမန်နေ့က ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

ပျောက်ဆုံးသွားသည့် ကိုင်းသောင်၊ ပြင်လမ်း၊ အရာတော်၊ ရွေး၊ ဂုံညင်းတန်း၊ သင်္ဃန်းကြီး၊ ရေရွဲ၊ ပြင်ထောင်ပြေး၊ အိုးဘို၊ ကြာနီကန်၊ ဆားကျင်း၊ ပြင်စလူ၊ လေယာဉ်ကွင်း၊ ရေကျော်ဝ၊ ဆားချက်၊ ကြုံးကွင်း၊ ဘီတွတ်၊ မြစ်ပေါက်၊ ရွှေကျွန်းသာ၊ ဓနိချောင်း၊ စလူဆိပ်၊ မိချောင်းအိုင်၊ ဒရယ်ဖြူ၊ ကန့်ဗလာ၊ ရေဆိုင်ကုန်း၊ သဲဖြူ ရွာများသည် လပွတ္တာမြို့နယ်အတွင်းရှိ ပင်လယ်ဝ ရွာများဖြစ်သည်။ 

မြို့ပေါ်သို့တက်လာကြသည့် ဒုက္ခသည်ရွာသားများနှင့်ပတ်သက်၍ လပွတ္တာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်က “ဘုန်းကြီးကျောင်းဘုရားတန်ဆောင်းတွေမှာ အကုန်ဝင်ပြီး နေကြ တယ်၊ စားသောက်စာမရှိတော့ လူမှုနာရေးအသင်းက ဆန်ပြုတ် ပြုပ်တိုက်နေရတယ်။ ဘယ်သူ တွေကမှ ဟုတ်တိပတ်တိ ကြည့်တာမဟုတ်ဘူး၊ သတင်းတွေထဲမှာသာ ပါတာ၊ မော်ကျွန်းကိုပဲ သွားနေကြတာ၊ ဘာမှမကူညီသေးဘူး၊ မသေဘဲ ကျန်ခဲ့တဲ့လူတွေက မြို့ပေါ်ကိုတက်လာပြီး ခါးကြားမှာ ဓါးထိုးလာပြီး စိတ်ဆိုးပြီး ရမ်းနေကြတယ်၊ လုံခြုံရေးလဲ စိတ်မချရတော့ဘူး”ဟု ပြောသည်။ 

လပွတ္တာမြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် သောက်သုံးရေချိုကန်များ ပျက်စီးသွားပြီးနောက် ယခုလက်ရှိ ရေအခက်အခဲကြုံနေရပြီး ၀မ်းပျက်ဝမ်းလျှောနှင့် အခြားရောဂါများဖြစ်လာမည်ကို စိုးရိမ်နေရသောကြောင့် ရန်ကုန်မှ သောက်သုံးရေနှင့် လိုအပ်သော ဆေးဝါးများကို သင်္ဘောများ ဖြင့် ပို့ဆောင်သင့်ကြောင်း  ၎င်းက ဆက်လက်ပြောဆိုသည်။ 

ပျောက်ဆုံးသွားသည့်ရွာများမှ လူအတော်များများကို ပြန်မတွေ့ရသေးဘဲ မုန်တိုင်းဒဏ်မှ လွတ်မြောက်လာသူ ရွာသားတဦးက “သင်္ဃန်းကြီးနဲ့ လပွတ္တာ ကားလမ်းလုပ်ထားတာရှိတယ်၊ ကားတော့မသွားသေးဘူး၊ ကားလမ်းအတိုင်းလျှောက်လာတော့ လမ်းမှာရှိတဲ့ ကြာနီကန်ရွာတို့ ဘာတို့ လမ်းဘေးတလျှောက်မှာ လူသေတွေအများကြီး၊ ရေလို့တောင်မရဘူး၊ အဲဒါကြောင့် ရွာတွေမှာရှိတဲ့ လူတွေတော်တော်များများ သေနိုင်တယ်၊ အဖေအမေတွေ၊ ညီမတွေ အကုန် သေတယ်၊ ရှေ့မှာတင်ပဲ၊ ဘာမှမလုပ်နိုင်ဘူး၊ တယောက်တည်းကျန်တော့တာ”ဟု ပြောသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com