Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ကွမ်းခြံကုန်းမြို့နယ်အတွင်း သေဆုံးသူ နှစ်သောင်းခန့်ရှိပြီး ဒုက္ခသည်များထံသွားရောက်သူများကို စစ်ဆေးမှုများပြုလုပ်နေ 

ဗထူး။ မေ ၁၉၊ ၂၀၀၈ 

နာဂစ်မုန်တိုင်းဒဏ်ကြောင့် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း သေဆုံးသူ (၂၂,၀၀၀) ခန့်ရှိပြီး ဒုက္ခသည်များထံသွားရောက်ကူညီသူများကို စစ်ဆေးမှုများပြုလုပ်နေသည်။ 

စစ်အစိုးရတပ်များက ဂိတ်များဖွင့်လှစ်ကာ ကွမ်းခြံကုန်းမြို့ပေါ်သို့ သွားရောက်သည့်အလှူရှင် များအား စစ်ဆေးမေးမြန်းနေခြင်းဖြစ်သည်။ 

“မြို့အ၀င်မှာ စစ်ဆေးတာတွေလုပ်တယ်၊ အလှူရှင်တွေက ဖောင်ဖြည့်ရတယ်၊ ဘာပစ္စည်းလှူမှာ လဲ၊ ဘယ်ကလာလှူတာလည်းဆိုတာတွေ ဖြည့်ပေးနေရတယ်” ဟု မြို့ခံတဦးကပြောသည်။ 

မုန်တိုင်းကျရောက်ချိန်တွင် လယ်လုပ်ငန်းလုပ်ကိုင်သူများ မိသားစုအလိုက်သေဆုံးခဲ့ရပြီး ကျေး ရွာတိုင်းတွင် သေဆုံးသူများမှာ ယခင်လူဦးရေ၏ သုံးပုံနှစ်ပုံခန့်ရှိနေပြီး နှစ်သောင်းကျော်သေဆုံး သည်ဟု ခန့်မှန်းကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ 

လက်ရှိတွင် ဘုန်းကြီးကျောင်းနှင် စာသင်ကျောင်းတို့တွင် ဒုက္ခသည်စခန်းများဖွင့်လှစ်ထားပြီး စခန်းတခုတွင် လူဦးရေ (၄၀၀) ခန့်ရှိကာ အစားအစာနှင့် ရေလုံလောက်မှုမရှိသောကြောင့် လာရောက်လှူဒါန်းသူများကိုသာ မျှော်လင့်နေရသည်။ 

ကွမ်းခြံကုန်းနှင့် ဒေးဒရဲကားလမ်းအနီးတလျှောက်ကိုသာ ရှင်းလင်းပေးခြင်းရှိပြီး သေဆုံးသွား သူများ၏အလောင်းများမှာ ကွမ်းခြံကုန်းမြို့သုသာန်နှင့် ကပ်လျှက်ရှိသောချောင်းတွင် မြင်မ ကောင်းအောင်ဖြစ်နေသည်ဟု မြို့ခံတဦးကပြောသည်။  

ကယ်ဆယ်ရေးဆိုတာလည်း အထုပ်(၁၀၀) ယူလာရင် လမ်းမှာတင်(၃၀) လောက် ပြန်ထုတ် ရောင်းနေတာတွေရှိတယ်၊ အိမ်ပျက်သွားတဲ့လူတွေကလည်း အမိုးအကာမရသေးတော့ ဘာမှ ပြန်စလို့မရသေးဘူး ဖြစ်နေတယ်” ဟု အဆိုပါမြို့ရှိ ဒုက္ခသည်များထံသွားရောက်ကူညီခဲ့သူ တဦးက ပြောသည်။  

ကွမ်းခြံကုန်းမြို့အနီးရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ရွာများတွင် ပိုမိုဒုက္ခရောက်နေပြီး ကွမ်းခြံကုန်းမြို့ပေါ်သို့ ဒုက္ခသည်များနေ့စဉ်ပိုမိုထပ်ရောက်လာနေသည်ဟု ၎င်းကဆက်လက် ပြောဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com