Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP) မှ
ကြေညာချက်တစောင်ထုတ်ပြန်
 

ရိုးမ ၃။ မေ ၉၊ ၂၀၀၈ 

မြန်မာနိုင်ငံအောက်ပိုင်းတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ပြည်သူများအသက် အိုးအိမ်ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP)မှ ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။ 

မြန်မာနိုင်ငံစစ်အစိုးရအနေဖြင့် ပြည်သူများ၏ဒုက္ခကို ထောက်ထားစာနာ၍ အရေးပေါ် အကူ အညီများအား ကန့်သတ်ပိတ်ပင်ခြင်း၊ တားဆီးခြင်း၊ ကြန့်ကြာအောင်အချိန်ဆွဲခြင်းများ မပြုလုပ် ရန်တို့အတွက် တောင်းဆိုရေးသားပြီး ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။  

မေလ (၂) ရက်နေ့နှင့် (၃) ရက်နေ့များတွင် တိုက်ခိုက်ခဲ့သည် ဆိုင်ကလုံးမုန်တိုင်းဒဏ်ကြောင့် လူအမြောက်အမြားသေဆုံးပြီး အိုးအိမ်အဆောက်အဦးများ ပျက်စီးခြင်း၊ လယ်ယာသီးနှံများ ပျက်စီးခဲ့ခြင်း၊ မသေမပျောက်ကျန်ရစ်သူများမှာ အစားအစာ၊ အ၀တ်ထည်၊ သောက်သုံးရေ၊ အမိုးအကာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျှက်ရှိသည့်အတွက်ကြောင့် လူသားချင်းစာနာ သည့် အကူအညီများကို နိုင်ငံတကာမှာကူညီပေးစေလိုကြောင်း ၎င်းကြေညာချက်တွင် ရေးသား ထားသည်။ 

ထို့အပြင်စစ်အစိုးရအနေဖြင့်လည်း နိုင်ငံတကာမှ လူသားခြင်းစာနာထောက်ထားမှုဖြင့် ပေးအပ် မည့် အကူအညီများကို အမြန်ဆုံးလက်ခံရန်နှင့် ကယ်ဆယ်ရေးအကူအညီပေးမည့် မည်သည့် နိုင်ငံ၊ အဖွဲ့အစည်းများကိုမဆို ပြည်ဝင်ခွင့်ဗီဇာများ အမြန်ဆုံးထုတ်ပေးရန်တို့ကိုလည်း ဆက်လက် ရေးသားဖော်ပြထားသည်။ 

အဆိုပါထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်၍ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP)အဖွဲ့ခေါင်းဆောင် ဦးမြင့်အေးက “မိဘတွေသေကုန်တဲ့ ကလေးတွေ ရောက်လာတာ တွေကလည်း အများကြီးရှိတယ်၊ အဲမှာ ရှိတဲ့လူတွေကို လူထုက၀ိုင်းဝန်း ကျွေးမွေးနေတာလေးနဲ့ အသက်ရှင်နေရပါတယ်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက မြန်မာပြည်ကို ကူညီဖို့ အဆင်သင့်ဖြစ်နေပါပြီ၊ ဘင်္ဂလားပင်လယ်အော်မှာ ရောက်နေပါပြီဆိုပြီး ပြောတယ်။ ဒါပေမဲ့ ပြည်သူတွေဆီကို မရောက်သေးဘူး၊ ကျနော်တို့ပြည်သူတွေ ဘယ်နှစ်ရက်ဆက်ငတ်နေရဦးမှာ လဲ၊ အဲလိုကြန့်ကြာမှုတွေမဖြစ်အောင်လို့ အခုလို ရေးသားတောင်းဆိုရခြင်းဖြစ်ပါတယ်”ဟု ပြောသည်။ 

ထို့အပြင် လူ့အခွင့်အရေးကြေညာစာတမ်းတွင်ပါဝင်သည့် လူသည် မိမိ မိသားစုနှင့်တကွ လုံခြုံ အသက်ရှင်ရပ်တည်နိုင်ရန် လူမှုရေးအထောက်ပံ့များကို ရယူနိုင်ခွင့်ရှိသည်ဟု အတိအလင်းဖွင့် ဆိုထားခြင်းကြောင့် မည်သည့်နိုင်ငံမဆို၊ အသားအရောင်မခွဲခြား၊ နိုင်ငံရေးအယူအဆမကွဲပြား၊ နယ်နိမိတ်ခွဲခြားခြင်းမရှိဘဲနှင့် အကူအညီခံစားပိုင်ခွင့်ရှိသောကြောင့် ယခုကြေညာချက်ကို ထုတ် ပြန်ရခြင်းဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com