Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဘိုကလေးတွင် ဒုက္ခသည်များအနာပေါက်သူများပြားပြီး ၀မ်းပျက်ဝမ်းလျှော ရောဂါစဖြစ် HRDP က ဆန်နှင့်ဆေးဝါးများဝေငှနေ 

ဗထူး။ မေ ၁၁၊ ၂၀၀၈ 

နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် လေဘေးဒုက္ခသည် အများ အပြားမှာ အရေးပြားတွင်အနာများပေါက်နေပြီး ၀မ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားနေ သည်။ 

အစားအသောက်နှင့် ကူညီထောက်ပံ့မှုများလုံလောက်စွာမရရှိပဲ ဆေးဝါးမရှိသည့်အတွက် မုန် တိုင်းဒဏ်ခံရသူများတွင် အဆိုပါနောက်ဆက်တွဲရောဂါများ ဖြစ်ပွားလာခြင်းဖြစ်သည်။

လက်ရှိတွင် ဘိုကလေးမြို့ပေါ်တွင် ဒုက္ခသည် (၄၀၀၀)ထောင်ခန့်ရှိနေပြီး မြို့နယ်အတွင်းရှိ အချို့ရွာများမှ တနေ့လျှင်ဒုက္ခသည် (၁၀၀)ခန့် ဆက်လက်ရောက်ရှိလာနေသည်ဟု ဆိုသည်။ 

အဆိုပါနေရာများတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP)မှ အဖွဲ့ဝင်များ က ဆန်၊ ဆေးဝါးနှင့် အ၀တ်အထည်များကိုဝေငှပေးလျှက်ရှိသည်။ 

“ဒီမှာ ဒုက္ခသည်တွေရဲ့ ဒုက္ခပမာဏကကြီးပါတယ်၊ ကျနော်တို့နိုင်သလောက် ဆန်လေးတွေ ၀ယ်ပေးပါတယ်၊ ဘိုကလေးမှာ မြို့ခံ HRDP တွေ ဦးဆောင်ပြီး လှုပ်ရှားတာပါ၊ တယောက်ခြင်း တော့လည်းမဝေနိုင်ဘူးပေါ့၊ လူအုပ်ကများတော့ တက်နင်းသွားမှာလေ၊ ချက်ပြုတ်မဲ့ ဘုန်းကြီး ကျောင်းတွေမှာ ဆန်အိတ်သုံးအိတ်၊ နောက်တနေ့ကျရင် (၃)အိတ်၊ အဲ့ဒီနည်းနဲ့ ဝေနေတာ (၇၀)ကျော်သွားပါပြီ” ဟု (HRDP)အဖွဲ့မှ ဦးမြင့်အေးက ပြောသည်။

ယခုကဲ့သို့ ဆန်များဆေးဝါးများဝေငှနေခြင်းအား စစ်အစိုးရဘက်မှ အနှောင့်အယှက်ပေးခြင်း ယခုချိန်ထိမရှိသေးသော်လည်း နောက်မှချောင်မြောင်းကာ စုံစမ်းမှုများပြုလုပ်နေသည်ဟု ၎င်း ကဆက်လက်ပြောဆိုသည်။ 

ဆရာဝန်သူနာပြုများမပါရှိပဲ တတ်စွမ်းသည့်နည်းများဖြင့် ပါရာစီတမော၊ အနာလိမ်းဆေးနှင့် ပရိုဗီမင်အားများ အပါအ၀င်အ၀တ်အထည်များကိုလည်း ဝေငှမည်ဟုဆိုသည်။ 

ဒုက္ခသည်များ မုန်တိုင်းဒဏ်ခံရပြီးနောက် ဆေးဝါးကုသမှုမလုံလောက်သည့်နောက်ပိုင်း ဖြစ်ပွား လာနေသည့် အခြေအနေနှင့်ပတ်သက်၍ ဦးမြင့်အေးက “အဲ့ဒီမှာလူတွေက ဘာဖြစ်နေသလဲဆို တော့ မီးလောင်ဘုလို အနာတွေပေါက်နေတယ်၊ မိုးက အက်ဆစ်ပါတဲ့သဘောလို့ထင်တယ်၊ လေထိထားတဲ့ ကြောကုန်းတွေမှာ အရေပြားဘုတွေဖြစ်လာတယ်” ဟု ပြောဆိုသည်။

ဘိုကလေးမြို့တွင်လည်း ၀မ်းလျှောဝမ်းပျက်ရောဂါစဖြစ်နေပြီး သောက်သုံးရေမသန့်ပဲ မြို့ခံ ပြည်သူများက ကျန်းမာရေးပညာပေးလုပ်ငန်းများ တတ်သိသမျှဆောင်ရွက်ပေးနေကြရသည်ဟု ဆက်လက်ပြောဆိုသည်။ 

(HRDP)အဖွဲ့ဝင်များအနေဖြင့် ဘိုကလေးမြို့အပြင် လပွတ္တာ၊ ဖျာပုံမြို့များသို့လည်း သွားရောက် ကာ ဒုက္ခသည်များကို ကူညီရန်ပြင်ဆင်နေပြီး အာဏာပိုင်များကတားဆီးခဲ့လျှင် အခက်အခဲများ ဖြစ်မည်ဟုဆိုသည်။ 

ယခုလက်ရှိတွင် ရန်ကုန်မြို့ပေါ်တွင် ဒုက္ခသည်များကို ဆန်ဝေငှသဖြင့် ဖမ်းဆီးခံထားရသူရှိ ကြောင်း ဦးမြင့်အေးကပြောဆိုကာ ရုပ်ရှင်မင်းသားကျော်သူ အနှောင့်အယှက်ခံရသည့် သတင်း နှင့်ပတ်သက်၍  “ဆန်ဝေလို့ အဖမ်းရတဲ့လူ ရန်ကုန်မှာရှိတယ်၊ ကိုကျော်သူဆန်သွားလှူတယ်၊ တုတ်တွေနဲ့ ရိုက်တော့မလိုလုပ်တာတွေ ကြားနေရတယ်၊ ဒီကြားထဲက ပြည်သူတွေအပေါ် ဂရုဏာထားပြီး ကယ်ဆယ်တဲ့ကိစ္စမှာ ကျနော်တို့ပါ အသက်အန္တရာယ်ရှိနေပါတယ်လို့ ကျနော် ပြောချင်တယ်” ဟုပြောသည်။ 

(HRDP)အဖွဲ့ဝင်များက ပြည်သူများအားတွေ့ဆုံမေးမြန်းထားသည့် စာရင်းဇယားအရ ဘိုကလေး မြို့နယ်တွင် နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ (၁၆၀,၀၀၀)ခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း ဦးမြင့်အေးကပြောဆိုသည်။

ဘိုကလေးမြို့နယ်အတွင်းမှ ဒုက္ခသည်အချို့အား စစ်အစိုးရက သင်္ဘောများဖြင့် မြောင်းမြ၊ ပုသိမ်မြို့များသို့ ပြောင်းရွှေ့နေရာ အဆိုပါမြို့များမှ ဒေသခံများက ထမင်းတနပ်အတွက် ကျပ်ငွေ (၁,၀၀၀,၀၀၀) အလှူ ကောက်ခံကာကျွေးမွေးနေသည်ဟုဆိုသည်။ 

(HRDP) မှတ်တမ်းအရ စစ်အစိုးရက ဘိုကလေးမြို့ပေါ်တွင် ရယကများမှတဆင့် တအိမ်ထောင် လျှင် ဆန် (၃)ပြည်နှုန်းဖြင့် တကြိမ်သာဝေငှပေးခဲ့ပြီး စစ်ဘက်မှ ထိပ်ပိုင်းခေါင်းဆောင်တဦးလာ သည့်ရက်တွင်လည်း (ယမ်ယမ်) ခေါက်ဆွဲခြောက်တထုပ်နှင့် လေးချပ်ပါရသည့် ဘီစကွက်မုန့် တထုပ်စီဝေငှခဲ့ရာ ဒုက္ခသည်အားလုံးမရကြောင်း ပြောသည်။  

“ကျနော်တို့က လုပ်ရင်လုပ်တယ်၊ မလုပ်ရင် မလုပ်ဘူးပြောမှာပဲ၊ ကျနော်တို့က လူ့အခွင့်အရေး သမားတွေ နိုင်ငံရေးဘက်လိုက်မှုလည်း မရှိဘူး၊ တဖက်စောင်းနင်းပြောတတ်တဲ့အကျင့်လည်း မရှိဘူး၊ လူတွေရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးအတိုင်း ပေးပိုင်ခွင့်ရှိသလို လက်ခံပိုင်ခွင့်လည်းရှိ တယ်” ဟု ဦးမြင့်အေးက ပြောဆိုခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com