Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဆန္ဒခံယူပွဲနည်းဥပဒေကို ချိုးဖောက်၍ မဲရုံအဖွဲ့ဝင်နှင့် အာဏာပိုင်များကို လှည်းကူးမြို့နယ် ရွာသားများက တိုင်ကြား 

ဗထူး။ မေ ၁၄၊ ၂၀၀၈ 

ယခုလ (၁၀) ရက်နေ့က ကျင်းပခဲ့သည့် ဆန္ဒခံယူပွဲတွင် အဓမ္မအကြပ်ကိုင်ကာ ထောက်ခံမဲ ရေးထိုးခဲ့သည့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်းရှိ မဲကော်မရှင်အဖွဲ့ဝင်များကို အရေးယူ ပေးရန် ကျေးရွာသားများက လက်မှတ်ထိုးကာ မြို့နယ်ကော်မရှင်သို့ တိုင်ကြားခဲ့သည်။ 

ကျေးရွာများတွင် မဲရုံတည်ဆောက်ခြင်းမရှိပဲ လှည်းကူးမြို့နယ်တွင်းရှိ ကျေးရွာနှစ်ရွာမှ (ရယက)၊ မဲကော်မရှင်နှင့် ရဲတပ်ဖွဲ့ဝင်များက မဲဆန္ဒရှင်ပြည်သူများအား ကြိုတင်မဲပေးရန် ဖိအား ပေးခဲ့ပြီး ထောက်ခံမဲသာထည့်ရန် ခြိမ်းခြောက်ခဲ့ခြင်းကြောင့် အဆိုပါကျေးရွာသားများက မြို့ နယ်ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ 

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဂွေးတောက်အိုင်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာနှင့် ကျော် ဇောစုကျေးရွာတို့တွင် ယခုလ (၅) ရက်နေ့နှင့် (၆) ရက်နေ့များတွင် ထောက်ခံမဲများပေးရန် ဖိအားပေး၍ ဆန္ဒမဲများ အဓမ္မကောက်ခံခဲ့ခြင်းဖြစ်သည်။ 

ရေကျော်ကျေးရွာမှ ပြည်သူ ၈ ဦးနှင့် ကျော်ဇေစုကျေးရွာမှ ပြည်သူ ၁၀ ဦးတို့က လက်မှတ် ရေးထိုး၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ လိပ်မူပြီး ဗဟိုကော်မရှင်(နေပြည်တော်)၊ တိုင်းကော်မရှင်(ရန်ကုန်)၊ ခရိုင်ကော်မရှင် (အင်းစိန်)သို့ မိတ္တူပေးကာ ဆန္ဒခံယူပွဲနည်းဥပဒေကို ချိုးဖောက် ခဲ့သည့် အာဏာပိုင်များအား အရေးယူပေးရန်နှင့် လွတ်လပ်စွာဆန္ဒမဲပေးခွင့်ပြုရန် တိုင်ကြား ထားသည်။ 

ရေကျော်ကျေးရွာအုပ်စုမှ မဲကော်မရှင်အဖွဲ့ဝင်(၂) ဦးသိန်းဇော်နှင့် ရယက စာရေးဒေါ်ကေသီ နွယ်တို့က ယခုလ (၅) ရက်နေ့က မဲရုံဆောက်လုပ်မည်မဟုတ်ကြောင်းပြောဆိုကာ ကျေးရွာ စာသင်ကျောင်းတွင် ရွာသားများကိုဆင့်ခေါ်ကာ ၎င်းတို့၏ ရှေ့မှောက်တွင် ထောက်ခံမဲလက် မှတ်များ အဓမ္မဖိအားပေး ရေးထိုးစေခဲ့သည်။ 

လှည်းကူးမြို့နယ်ရှိ ကျော်ဇောစုကျေးရွာတွင်လည်း ယခုလ (၆) ရက်နေ့က အိမ်ရှင် ဦးမောင် နှောင်း၏ နေအိမ်တွင်၊ အိမ်ရှင်ဖြစ်သူဦးမောင်နှောင်းနှင့် (ရယက)အဖွဲ့ဝင်များက ရွာသားများ အား ဆင့်ခေါ်ကာ ၎င်းတို့ရှေ့မှောက်တွင် ထောက်ခံမဲများ အဓမ္မရေးထိုးခိုင်းခဲ့သည်။ 

ထိုသို့ပြုလုပ်ခြင်းကြောင့် ကျော်ဇောစုကျေးရွာမှ မဲကော်မရှင်ဥက္ကဌ ဦးကြည်မိုး၊ အဖွဲ့ဝင် ဦးအေး ကြူ၊ ရယကအဖွဲ့ဝင် ဦးစံဌေး၊ ရယကအဖွဲ့ဝင် ဦးသိန်းမြင့်နှင့် ရဲတပ်သား မောင်ကျော်(ဖောင်ကြီး ရဲစခန်း)တို့အား အရေးယူပေးရန် ရွာသားများက တိုင်ကြားထားသည်။ 

စစ်အစိုးရအနေဖြင့် ယခုလ (၁၀) ရက်နေ့တွင် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိ မုန်တိုင်းဒဏ် ခံခဲ့ရသည့် ၄၇ မြို့နယ်မှလွဲ၍ ဆန္ဒခံယူပွဲကိုကျင်းပခဲ့ရာ မဲရုံအသီးသီးတွင် နည်းအမျိုးမျိုးဖြင့် မဲဆန္ဒရှင်ပြည်သူများအား ဖိအားပေးခြိမ်းခြောက်ခြင်းများ၊ ထောက်ခံမဲများ အဓမ္မထိုးခိုင်းခြင်း များကို ပြုလုပ်ခဲ့ရာ ယခုအခါ လှည်းကူးမြို့နယ် ကျေးရွာသားပြည်သူများက ဆန္ဒခံယူပွဲ နည်း ဥပဒေအား ချိုးဖောက်သူများကို ယခုလ (၆) ရက်နေ့က တိုင်ကြားလိုက်ခြင်းဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com