|
မန္တလေးမှ အလှူခံပစ္စည်းများ
တိုင်းမှူးကလာတောင်း သံဃာတော်များက လက်မခံ
ဗထူး။ မေ
၁၂၊ ၂၀၀၈
မန္တလေးမြို့မှ သံဃာနှင့်ပြည်သူများက နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့်
ပြည်သူများအား
ပေးပို့ရန် ပစ္စည်းများ စုဆောင်းထားရှိသည်ကို တိုင်းမှူးက
ပစ္စည်းများလွှဲပြောင်းပေးရန် တောင်းခံခဲ့ရာ သံဃာများကလက်မခံဘဲ ငြင်းပယ်ခဲ့သည်။
လေဘေးဒဏ်သင့်သည့် ပြည်သူများအား အနယ်နယ်အရပ်ရပ်မှ ပြည်သူများက
ကူညီပေးပို့နေ လျှက်ရှိရာ မန္တလေးမြို့ရှိ
သံဃာတော်များနှင့် ပြည်သူများကလည်း ဒုက္ခသည်များထံ
ထောက်ပံ့ ပစ္စည်းများပေးပို့ရန် စီစဉ်နေခြင်းဖြစ်သည်။
“မန္တလေးမဟာဂန္ဓာရုံကျောင်းမှာ ပစ္စည်းတွေစုထားတာ၊ ပြီးခဲ့တဲ့
၎ ရက်လောက်က
တိုင်းမှူးက ကျောင်းတိုက်ထဲကို လာတယ်၊
သူတို့ကို ပစ္စည်းတွေအပ်ပေးဖို့ပေါ့၊ သူတို့ကမှတဆင့် သွားပေး မယ်လို့ပြောတာ၊ အဲ့ဒါ ဂန္ဓာရုံတိုက်က လက်မခံဘူး”ဟု
သံဃာ့ဒူတအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ သံဃာတော်က မိန့်ကြားသည်။
လေဘေးကူညီရေးအတွက် အလှူခံခြင်းများကို
သံဃာတော်များက ဦးဆောင်လုပ်ကိုင်နေပြီး မန္တလေးမြို့မှ မြို့ခံအများအပြား ပါဝင်ပူးပေါင်းလုပ်ဆောင်နေရာ အ၀တ်အထည်၊ ရေသန့်ဗူး၊
ဆန် အစရှိသည့်ပစ္စည်းများ ပါဝင်သည်ဟု အဆိုပါသံဃာက ဆက်လက်မိန့်ဆိုသည်။
ယခုအချိန်အထိ စစ်အစိုးရဘက်မှ နှောင့်ယှက်မှုတစုံတရာမရှိသေးဘဲ
ဒုက္ခသည်များထံ အထောက်အပံ့ပစ္စည်းများ
ပထမအကြိမ် ရောက်ရှိသွားပြီဖြစ်ပြီး မကြာမီ ထပ်မံပို့ဆောင်နိုင် မည်ဟု ဆိုသည်။
သံဃာ့ဒူတအဖွဲ့က ယခုလ (၇) ရက်နေ့တွင် တိုင်းပြည်တ၀ှမ်းလုံးရှိ
မုန်တိုင်းဒဏ်မသင့်သည့် ဒေသများမှ သံဃာနှင့် ပြည်သူများအနေဖြင့်
ဒုက္ခရောက်နေသည့် ပြည်သူများအား တတ်အား သရွှေ့ ကူညီကြရန် နှိုးဆော်တိုက်တွန်းခဲ့သည်။
“ဦဇင်းတို့ သံဃာ့ဒူတအနေနဲ့ကတော့ ဒီက ဆရာတော်တွေကို လျှောက်ခဲ့တယ်၊
ဒီလိုလုပ်ဖို့ဟာ ကို ခွင့်ပြုပါတယ်၊ ဦးဇင်းတို့ကတော့ ဒီဘက်မှာ
တက်နိုင်သလောက်စုစည်းပြီး သွားလှူဖို့ရှိပါ တယ်”ဟု ပြောခွင့်ရသံဃာတော်က မိန့်ဆိုခဲ့သည်။
လေဘေးဒဏ်ကူညီရေးလုပ်ငန်းများကို သက်ဆိုင်ရာမြို့များအလိုက်
အလှူငွေနှင့် ပစ္စည်းများ ကောက်ခံ၍ ဒုက္ခသည်များကို ကူညီလျှက်ရှိရာ
သံဃာတော်များ၊
ရုပ်ရှင်အနုပညာရှင်များ၊
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ၊ လူငယ်ကျောင်းသားများ၊
နိုင်ငံရေးပါတီများနှင့် ဒေသခံပြည်သူများက
တက်ကြွစွာ လှုပ်ရှားဆောင်ရွက်လျှက်ရှိသည်။
စစ်အစိုးရပိုင်
ရုပ်သံမီဒီယာများကလည်း ကူညီထောက်ပံ့လိုသည့် ပစ္စည်း၊
ငွေကြေးများအား ပြည်သူတဦးခြင်းဖြစ်စေ လာရောက်လှူဒါန်းနိုင်သည့်
နေရာများကို ကြေညာထားသော်လည်း ယင်းတို့၏ လက်အောက်ခံအဖွဲ့များ၏ မသမာမှုများကို စိုးရိမ်သဖြင့် ကိုယ်တိုင်လှူဒါန်းဖြန့်ဝေမှု များကို
ပြုလုပ်နေခြင်းဖြစ်သည်။
|