Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ထောက်ခံမဲရရေး အနုပညာရှင်အချို့နှင့်မေးမြန်းခန်း
စစ်အစိုးရသတင်းစာက ဖော်ပြ 

ဗထူး။ မေ ၂၊ ၂၀၀၈ 

စစ်အစိုးရက ယင်းတို့ရေးဆွဲထားသည့် ဖွဲ့စည်းပုံအတည်ပြုရေးအတွက် ၀ါဒဖြန့်မှုများ ပြုလုပ် လျှက်ရှိရာ “ပြည်သူချစ်သော အနုပညာရှင်များ၏ ရင်တွင်းစကား” ဟုဆိုကာ အနုပညာရှင် အချို့၏ ဖြေကြားချက်များကို ယနေ့ထုတ်သတင်းစာတွင် ဖော်ပြထားသည်။ 

ပြီးခဲ့သည့်လ (၃၀) ရက်နေ့က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လှုံဆော်ရေးဇာတ်လမ်း၊ တေးသီချင်း တို့တွင် ပါဝင်ခဲ့သည့် အနုပညာရှင်အချို့က ဂုဏ်ပြုညစာ စားပွဲတွင် မြန်မာ့အလင်းသတင်းအဖွဲ့ ထံ ဖြေကြားချက်များကို ဖော်ပြထားခြင်းဖြစ်သည်။ 

ဦးသိန်းထွန်းအောင်(မြန်မာ့ရုပ်ရှင်လုပ်ငန်းညွှန်ကြားရေးမှူး)၊ ဒါရိုက်တာ အကယ်ဒမီ မောင်တင် ဦး၊ တေးသံရှင် ကိုင်ဇာ၊ တက္ကသိုလ်လဲ့လဲ့၊ ဟာသသရုပ်ဆောင် မိုးဒီ၊ မော့(စ်)၊ ရုပ်ရှင်သရုပ် ဆောင် စိုးမြတ်နန္ဒာ၊ နန်းဆုရတီစိုး၊ ရှက်တယ်နှင့် မင်းထက်ကျော်ဇင်တို့၏ ဖြေကြားချက်များကို ယနေ့သတင်းစာက ဖော်ပြထားသည်။ 

ဒါရိုက်တာမောင်တင်ဦးက “ကျနော်တို့နိုင်ငံမှာ လိုအပ်ချက်တခုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို တတိုင်းပြည်လုံးအနေနဲ့ ထောက်ခံအတည်ပြုရေးပါပဲ”ဟု ပြောဆိုခဲ့သည်။ 

ဒီလိုပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးမှာ အနုပညာရှင်တဦးအနေနဲ့ တဖက်တလမ်းက ပါဝင်ကူညီ ခွင့်ရတာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ ဒါ့အပြင် ဒီလို ကြုံတောင့်ကြုံခဲ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကြီးမှာ ပါဝင်ဆောင်ရွက်ခွင့်ရတာဟာလဲ ဘ၀အတွက် အမှတ်တရဖြစ်စေပါတယ်” ဟု သရုပ်ဆောင် နန်းဆုရတီစိုးက ပြောဆိုကြောင်း မြန်မာ့အလင်း သတင်းစာက ဖော်ပြထားသည်။ 

၂၀၀၇ ခုနှစ်၊ စက်တင်ဘာ သံဃာနှင့် ပြည်သူ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် နိုင်ငံကျော် အနု ပညာရှင် ကိုသူရ(ကိုဇာဂနာ)က သူကိုယ်တိုင်ပြောခြင်းမဟုတ်၍ ကာယကံရှင်များကို မေးစေလို ကြောင်း ပြောဆိုပြီး ကိုဇာဂနာက “နောက်တခုက ကျနော်နဲ့တန်းမတူဘူး၊ ကျနော် အဲ့ဒါတွေ ဝင်မပါချင်ဘူး”ဟု ပြောဆိုသွားသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com