Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကလေးငယ်အများအပြား ၀မ်းရောဂါဖြင့် သေမှုများရှိနေ

ဖြိုးကြီး။ မေ ၁၁၊ ၂၀၀၈ 

နာစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်း၊ လပွတ္တာမြို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေမှုကြောင့် ကလေးငယ်အများအပြား ၀မ်းရောဂါဖြင့် သေဆုံးမှုများရှိနေသည်။ 

လပွတ္တာမြို့တွင် သောက်သုံးရေများ ပြတ်လပ်နေကာ နီးစပ်ရာရေများသောက်သုံးနေရသဖြင့် ကလေးငယ်များ သေဆုံးနေခြင်းဖြစ်ကြောင်း လပွတ္တာမြို့ပေါ် (၁၀)ရပ်ကွက်နေ မ၀င်းဆိုသည့် အမျိုးသမီးက ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

“ကယ်ဆယ်ရေးတွေ ဘာမှမရသေးဘူး၊ လက်တလောကတော့ စားဝတ်နေရေးအခက်အခဲ အထူးသဖြင့် ရေအခက်အခဲဖြစ်ရတယ်၊ မိုးရွာတဲ့အချိန်မှာ မိုးရေကိုခံပြီးတော့ထားရတာ၊ အခု တော့ သောက်ရေကန်တွေက ပျက်သွားတော့ ကလေးတွေမှာ ၀မ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်နေရတယ်၊ အဲလိုဝမ်းရောဂါဖြစ်ပြီး သေနေတာ ကလေးတွေလည်း မနည်းတော့ဘူး” ဟု ပြောသည်။

ကျေးရွားများမှတက်လာသည့် လေဘေးဒုက္ခသည်များမှာလည်း လပွတ္တာမြို့ပေါ်တွင် သောင်း နှင့်ချီရှိနေပြီး ဘုန်းကြီးကျောင်းများ၊ ဆေးရုံများတွင် နေရာမဆန့်တော့သဖြင့် အချို့နေအိမ်များ တွင် ပို့ထားရသည်။ 

စစ်အစိုးရအာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီဆောင်ရွက်နေ ကြောင်း ၎င်းတို့ပိုင်သတင်းမီဒီယာများမှ အဆက်မပျက်ကြေညာနေသော်လည်း အကူအညီများ မရသေးကြောင်း အဆိုပါအမျိုးသမီးက ဆက်လက်ပြောသည်။ 

“ဘယ်သူမှအကူညီပေးတာမရှိသေးဘူး၊ ရန်ကုန်ကနေ ဗိုလ်ချုပ်ကြီးတွေလာတဲ့ထဲမှာ အ၀တ် အစားတွေ၊ အိုးတွေ၊ ခွက်တွေတော့ပါတယ်၊ ဘယ်သူ့ကိုမှမပေးသေးဘူး၊ အာဏာပိုင်တွေက သိမ်းထားကြတယ်၊ သိမ်းထားပြီးတော့ အိမ်ထောင်စု စာရင်းတွေတော့ ကောက်နေကြတယ်” ဟုပြောသည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် လပွတ္တာမြို့နယ်အတွင်း လူပေါင်းသိန်းချီ သေဆုံးမှုများ ရှိနေပြီး ကျန်ရစ်ခဲ့သည့် လေဘေးဒုက္ခသည်များမှာလည်း အခက်အခဲများကြုံနေရပြီး ကယ် ဆယ်ရေးနှင့် အစားအသောက်၊ ဆေးဝါးအကူအညီများ အမြန်ဆုံးလာရောက်ရန် စောင့်နေကြ သည်ဟု ၎င်းကဆက်လက်ပြောသည်။ 

ယခုလက်တလော သောက်သုံးရေမရရှိမှုသည် အဆိုးရွားဆုံးဖြစ်နေပြီး ကလေးငယ်များ ၀မ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေမှုကြောင့် သေဆုံးမှုများ ဆက်လက်များပြားလာနေ သည်ဟု ၎င်းက ဆက်လက်ပြောသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com