Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဒုက္ခသည်များ ရိက္ခာပြတ်လပ်မှုအခြေအနေ ဆိုးရွားလာ

ရိုးမ ၃။ မေ ၂၂၊ ၂၀၀၈ 

ဘိုကလေးမြို့နယ်အတွင်းမှ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာပြတ်လပ်မှုအခြေအနေမှာ ဆိုးရွားလာလျှက်ရှိသည်။ 

နိုင်ငံတကာအကူအညီများ မရရှိသည့် လေဘေးဒုက္ခသည်များမှာ အလွန်းများပြားမှုကြောင့် အလှူရှင်များပေးဝေသည့် ရိက္ခာမှာ လုံလောက်မှုမရှိတော့ကြောင်း ကိုယ်တိုင် ရိက္ခာပေးဝေနေ သည့် (HRDP)အဖွဲ့ဝင်တဦးက ပြောသည်။ 

“ကျနော်တို့အဖွဲ့က သိန်း (၇၀) လောက်ကုန်သွားပြီ၊ နာရေးကူညီမှုအသင်း ကိုကျော်သူတို့က သိန်း (၁၂၀) ပေးတယ်၊ အကူညီတောင်းခံနေတဲ့ ဘုန်ကြီးတွေနဲ့ ရွာသားတွေကို ခွဲပေးနေတာ ဒီညနေ ကျနော်မှာ ရိက္ခာဘာမှမရှိတော့ဘူး၊ အမာမြို့နယ်ထဲက ကဒုံကိုတော့ ဆန်ခြောက် အိတ်ပဲ ပို့လိုက်နိုင်တယ်”ဟု ပြောသည်။ 

နာရေးကူညီမှုအသင်းက လှူဒါန်းသည့် ရိက္ခာများကို ဒုက္ခသည်စခန်း အောင်ချမ်းသာ (၁)ရပ်ကွက်တွင် လှူဒါန်းပြီးနောက် (၁၉) ရက်နေ့တွင် ကြိမ်ချောင်းကြီး၊ ကွမ်းသီးချောင်းရွာများသို့ ကိုယ်တိုင် သွားရောက်ဝေငှခဲ့ပြီး ရန်ကုန်သို့ပြန်လာခဲ့သည်ဟု ဆက်လက်ပြောဆိုသည်။ 

ထို့အပြင် စစ်အစိုးရအာဏာပိုင်များက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် လာမည်ဆိုသောကြောင့် ဘိုကလေးမှ လေဘေးသင့်ဒုက္ခသည်များကို ကျေးရွာများသို့ ပြန်လည်ပို့ဆောင်နေရာ (၁၉) ရက်နေ့တွင် တနာရီမိုင် (၅၀) နှုန်းဖြင့် တိုက်ခိုက်ခဲ့သည့် မုန်တိုင်းကြောင့် ဒုက္ခသည်များ တင်ဆောင်လာသည့် သင်္ဘောတစင်း ကိုင်းတောဝရွာအနီးတွင် နစ်မြုပ်သွားသည်ဟု ၎င်းက အတည်ပြုပြောဆိုသည်။ 

ဘိုကလေးမြို့နယ်အတွင်းမှ ဒုက္ခသည်များ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ “ဗြူးဒုက္ခ သည်စခန်းက သားဖွားဆရာမတယောက် ပြောတာကတော့ လူသုံးဆယ်လောက် ၀မ်းလျှော ၀မ်းပျက်ဖြစ်နေတယ်လို့ ပြောတယ်၊ ယူနီဆက်က ၀င်လာတာနဲ့ ကုသလိုက်တော့ နည်းနည်း သက်သာသွားပေမဲ့ ရေမရရင် ထပ်ဖြစ်နိုင်တာကြောင့် ရေလိုအပ်နေတယ်လို့ ရှင်းပြတယ်”ဟု အဆိုပါ (HRDP)အဖွဲ့ဝင်က ဆက်လက်ပြောသည်။ 

နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဘိုကလေးမြို့နယ်အတွင်းရှိ ဒိုင်နယ် (၇၈) ခုမှ ကျေးရွာပေါင်း (၅၂၈) ရွာ အားလုံးနီးပါးပျက်စီးသွားခဲ့ပြီး အာဏာပိုင်များဘက်မှ ကယ်ဆယ်ရေးလုပ်ငန်းများကို ဟန်ပြသာ လုပ်ဆောင်နေခြင်းကြောင့် ဒုက္ခသည်များအတွက် ပြန်လည်တည်ဆောက်ရေးနှင့် စားဝတ်နေရေးအတွက် မည်သို့မျှ ဖြေရှင်းနိုင်တော့မည်မဟုတ်ကြောင်း မြို့ခံတဦးက ဆက်လက်ပြောဆိုခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com