Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဝန်ကြီးဦးအောင်သောင်း မုန်တိုင်းကယ်ဆယ်ရေးမလုပ်ဘဲ
မတက်တဲ့အိမ်ကို ဒဏ်ငွေရိုက်ပြီး ထောက်ခံမဲထည့်ရန် စည်းရုံးနေ

ရိုးမ ၃။ မေ ၆၊ ၂၀၀၈ 

စက်မှုဝန်ကြီး ဦးအောင်သောင်းက မုန်တိုင်းဒဏ် ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပြည်သူများ ရင်ဆိုင်နေရချိန်တွင် မန္တလေးတိုင်းအတွင်း မြို့နယ်အချို့၌  ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေး ရန် ဆင့်ခေါ်စည်းရုံးလျှက်ရှိ သည်။ 

ထောက်ခံမဲရရှိရေးအတွက် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် တအိမ်တယောက်နှုန်းဖြင့် မလာမနေရ ဆင့်ခေါ်ကာ ဆန္ဒခံယူပွဲတွင် ထောက်ခံမဲရရှိရေး ဆောင်ရွက်နေခြင်းဖြစ်သည်။ 

မန္တလေးတိုင်း၊ တောင်ဆင်းမြို့နယ်အတွင်း ယခုလ (၄) ရက်နေ့မှစကာ တအိမ်တယောက် မတက်မနေရပုံစံဖြင့် အစည်းအဝေးခေါ်ယူကာ ထောက်ခံမဲထည့်ရေး စည်းရုံးနေခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးသို့ မတက်ရောက်သူများ အား သက်ဆိုင်ရာအာဏာပိုင်များက ဒဏ်ငွေချမှတ်ခဲ့ခြင်းဖြစ်သည်။ 

“တောင်ဆင်းနယ်ဘက်က ရွာတွေကို တအိမ်ကိုတယောက် မလာမနေရ ဆင့်ခေါ်တာ၊ မလိုက် တဲ့ အိမ်တွေကို တအိမ်ကို ၂,၀၀၀ ကောက်မယ်ဆိုပြီး လုပ်တာ၊ တောင်ဆင်းကိုသွားဖို့ လိုက်ပို့တဲ့ ထော်လာဂျီခ တယောက်ကို ၃၀၀ တောင်းတယ်၊ အဲဒါ (၄) ရက်နေ့ကပါ။ မြန်မာနိုင်ငံအောက် ပိုင်းမှာ မုန်တိုင်း အကြီးအကျယ် ကျနေတဲ့အချိန်မှာ အခုဟာက ၀န်ကြီးတယောက်အနေနဲ့ လက်တလောဖြစ်ပျက်နေတဲ့ မုန်တိုင်းကယ်ဆယ်ရေးကို မလုပ်ဘဲနဲ့ သူတို့အာဏာတည်တံ့ရေး အတွက် လိုက်လုပ်နေတာဟာ ပြည်သူကို တန်ဖိုးမထားရာရောက်တယ်လို့ ယူဆတယ်”ဟု တောင်ဆင်းဒေသခံတဦးက ပြောသည်။

တောင်ဆင်းမြို့နယ်သည် လူဦးရေ သောင်းကျော်ရှိပြီး တောင်ဆင်းတွင် ဆင့်ခေါ်သည့်အတွက် ကောင်းညို၊ ရွှေသွား၊ မကျဉ်းတောက်၊ ၀ါခင်းကြီးရွာများမှ ပြည်သူများကိုလည်း တအိမ် တယောက် မတက်မနေရစနစ်ဖြင့် သက်ဆိုင်ရာအာဏာပိုင်များက အတင်းအကြပ် ခေါ်ဆောင်ခဲ့ သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

“ကျေးရွာဥက္ကဌတွေက အသံချဲ့စက်ကနေ မိုက်တွေနဲ့ဆင့်ခေါ်နေတာ၊ မလိုက်တဲ့လူတွေကို ၂,၀၀၀ ကောက်မယ်၊ တချို့ရွာတွေကျတော့ ၂,၅၀၀ ကောက်မယ်ဆိုပြီး ကြေညာနေတာခဲ့တာ ပဲ၊ အစည်းအဝေးမှာ ဦးအောင်သောင်းက သူတို့က အမှန်တကယ် ဒီမိုကရေစီဖော်ဆောင်နေ တာဖြစ်လို့ ထောက်ခံမဲထည့်ဖို့ကို ပြောတယ်”ဟု အစည်းအဝေးတက်ရောက်ခဲ့သူတဦးက ပြောသည်။

စစ်အစိုးရပိုင်မီဒီယာက ယမန်နေ့ထုတ်ပြန်ချက်တွင် မေလ (၁၀) ရက်နေ့တွင် ပြည်သူများအနေ ဖြင့် မဲပေးရန် စိတ်အားထက်သန်နေသည်ဟု ဖော်ပြသွားခဲ့သည်။ 

မုန်တိုင်းကျရောက်၍ ပြည်သူအများ ဒုက္ခရောက်နေချိန်တွင် ၀န်ကြီးဦးအောင်သောင်း၏ ထောက်ခံမဲရရေး လုပ်ဆောင်မှုအပေါ် ဒေသခံတဦးက “ကျနော်တို့ ပြည်သူတွေအနေနဲ့ တကယ် ဖြစ်သင့်တာက မဲဆန္ဒဆိုတာထက် မုန်တိုင်းဖြစ်တဲ့ ပြည်နယ်တွေ၊ တိုင်းတွေမှာ ဘယ်လို ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်သင့်တယ်ဆိုတာကို  အရင်ဆုံး ဦးစားပေးလုပ်သင့်တယ်လို့ပဲ ထင်တယ်။ အခုဟာက သူတို့ အာဏာတည်တံ့ရေးအတွက် လုပ်နေတယ်ဆိုတော့ သူတို့ဆွဲထား တဲ့ အခြေခံဥပဒေဟာ ဘယ်လိုမှ ပြည်သူတွေအတွက် ဖြစ်နိုင်မှာမဟုတ်ဘူးလို့ ထင်တယ်။ ပြည်သူတွေရဲ့ လက်တလောပြဿနာကို မဖြေရှင်းနိုင်တဲ့သူဟာ နောင်လာမဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးမှာမဟုတ်ဘူးလို့ ကျနော်တို့ ပြည်သူတွေအနေနဲ့ ထင်တယ်”ဟု ပြောဆိုခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com