Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အလောင်းမှပါလာသည့် လက်ဝတ်ရတနာများကို တပ်မ (၆၆)က ဖြတ်တောက်ယူ
ကယ်ဆယ်ရေးပစ္စည်းများမပေးဘဲ ရောင်းချနေ
 

ဗထူး။ မေ ၁၃၊ ၂၀၀၈ 

ကယ်ဆယ်ရေးအတွက် တာဝန်ပေးထားသော တပ်မ(၆၆) မှ စစ်သားများက မုန်တိုင်းကြောင့် သေဆုံးခဲ့သူများထံမှ လက်ဝတ်ရတနာများကိုဖြတ်တောက်ယူနေကြပြီး ထောက်ပံ့ပစ္စည်းများကို ပြန်လည်ရောင်းချခြင်းများ ပြုလုပ်နေသည်။ 

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှ ကယ်ဆယ်ရေးတာဝန်ယူနေသော တပ်မ(၆၆) မှတပ်ဖွဲ့ဝင် များက ဒုက္ခရောက်နေသည့်ဆွေးမျိုးသားချင်းများကို သွားကြည့်မည့်သူများကို ပိတ်ပင်ခဲ့ပြီး အလောင်းများမှ လက်ဝတ်ရတနာများကို ဖြုတ်ယူနေခြင်းဖြစ်သည်။ 

“ကျားချောင်း၊ စပ်ကျွန်း၊ ဧရာဒန်နဲ့ ပဒဲကောရွာတွေက ဒုက္ခရောက်နေတဲ့သူတွေကို သွားကြည့်မဲ့ သားသမီးတွေ၊ မိဘတွေကိုသွားရှာခွင့် မပေးဘူး၊ တပ်မ(၆၆) က အရာရှိတွေနဲ့ စစ်သားတွေက လူသေကောင်မှာပါလာတဲ့ ပစ္စည်းတွေအကုန်ဖြုတ်ယူနေကြတာ၊ လက်ကောက်ဝတ်မှာ ၀တ် ထားရင် လက်ကိုဖြတ်ယူကြတာ” ဟု မျက်မြင်သက်သေတဦးက ပြောသည်။ 

ဒုက္ခသည်များအတွက် လှူဒါန်းထားသည့် ရေသန့်ဗူးများကို ယခုလ (၉) ရက်နေ့တွင် ရောင်းချခဲ့ သဖြင့် ဒုက္ခသည်အများစုမှာ ကြုံရာရေများကို သောက်သုံးခဲ့ရသည်။ 

တပ်မ(၆၆) က စစ်သားတွေ၊ ကားသမားတွေက ဧရာဝတီသင်္ဘောဆိပ် ကွမ်းယာဆိုင်မှာ (၉) ရက်နေ့ နေ့ခင်း(၂) နာရီလောက်က ရေတဗူးကို (၅၀၀) ကျပ်နှုန်းနဲ့ရောင်းနေတာ၊ မှတ်မိသ လောက် (၉)ရက်နေ့ကနေ မနေ့ကထိ တအိမ်ကို ဆန်(၂) ပြည်ပဲရတယ်” ဟု ဘိုကလေးမြို့ခံ တဦးကပြောသည်။ 

စစ်အစိုးရနှင့် ရယကနှင့်ကြံ့ဖွံ့အဖွဲ့ဝင်များက လေဘေးဒုက္ခသည်များကို ကူညီဆောင်ရွက်နေပုံ များကို ရုပ်သံအစီအစဉ်မှထုတ်လွှင့်ပြသနေသော်လည်း လက်တွေ့တွင် လေဘေးဒဏ်သင့်သည့် ဒုက္ခသည်အများစုမှာ အစားအသောက်၊ အ၀တ်အထည်နှင့် နေရာထိုင်ခင်းများ လုံလောက်စွာ မရရှိပေ။ 

ပြီးခဲ့တဲ့ (၉) ရက်နေ့ကပဲ အောင်စင်္ကြာဘုရားဝင်းထဲမှာ နေ့ခင်းတနာရီလောက် တဲအပြာလေး လုံးထိုးထားတာ၊ အဲ့ဒါလေယာဉ်ပေါ်ကဓါတ်ပုံရိုက်တာ တွေ့တယ်၊ (၆) ရပ်ကွက် ကွမ်းသီးချောင် လမ်းမှာလည်း အိမ်ပျက်တလုံးရှေ့မှာ ရေသန့်ဗူးကြီး (၅)လုံးချပြီး ဓါတ်ပုံရိုက်နေတာတွေ့တယ်” ဟု အဆိုပါမြို့ခံက ဆိုသည်။ 

အဆိုပါညနေပိုင်းတွင် လက်မှတ်တစောင်လျှင် (၄၄၀)ကျပ်နှုန်းဖြင့် ဒုက္ခသည်များအား “မေခ” အမည်ရှိ သင်္ဘောနှင့်ထွက်ခွာရန် အာဏာပိုင်များကပြောဆိုခဲ့ပြီး (၅၀၀) ကျပ်နှုန်းတောင်းယူခဲ့ သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။ 

လက်မှတ်မရှိတဲ့လူကို အောင်သပြေ (၉) လမ်းက မှည့်ကြီးဆိုတဲ့လူက တယောက်ကို (၁,၀၀၀) နှုန်းနဲ့ တောင်းတယ်၊ အထက်အရာရှိက ကောက်ယူခိုင်းတာလို့ သူကပြောတယ်၊ အောင်သပြေ က လူပေါင်း (၂၀)လောက်ပေးလိုက်ရတယ်” ဟု ဒေသခံကပြောသည်။  

စစ်အစိုးရက ဒုက္ခသည်များကို မအူပင်၊ မြောင်းမြ စသည့်မြို့များသို့ ပို့ဆောင်နေရာ တပ်မ(၆၆) မှ အချို့ဒုက္ခသည်များအား အကူအညီမပေးသည့်အပြင် တနေ့လျှင် ကျပ်(၁,၀၀၀)နှုန်းဖြင့် ကျောက်ထုလုပ်ငန်းများ လုပ်ကိုင်ခိုင်းစေနေပြီး ဆူပူသောင်းကျန်းမှုများဖြစ်ပေါ်မည်စိုးသော ကြောင့်ဟု အကြောင်းပြကာ မအူပင်မြို့သို့ ပို့ ဆောင်နေသည်ဟု ဒေသခံများကပြောသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com