Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လပွတ္တာမြို့မှဒုက္ခသည် ကလေးငယ်(၃၀၀) ကျော်ကို စစ်တပ်က ခေါ်ဆောင်သွားခဲ့ 

ဗထူး။ မေ ၁၅၊ ၂၀၀၈ 

လပွတ္တာမြို့ရှိ လေဘေးဒုက္ခသည်စခန်းများမှ ကလေးငယ် (၃၀၀) ကျော်ကို မိဘမဲ့ကလေးများ အား အထူးကြည့်ရှုရန် လိုအပ်သည်ဟုဆိုကာ ယခုလပထမပတ်အတွင်းက စစ်တပ်မှခေါ်ဆောင် သွားခဲ့သည်။ 

လူဦးရေ (၈၀,၀၀၀)ခန့်သေဆုံးပြီး သိန်းနှင့်ချီကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ဧရာဝတီတိုင်း၊ လပွတ္တာမြို့ပေါ်ရှိ ဒုက္ခသည်စခန်းများမှ မိဘမဲ့ကလေးများအား စစ်တပ်မှ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ 

စိတ်မကောင်းစရာဖြစ်တာက (၅) ရက်၊ (၆) ရက်နေ့တွေမှာ မိဘမဲ့ကလေး (၃၀၀) ကျော်ကို အများစုက ယောင်္ကျားလေးတွေပါ စစ်ကားတွေနဲ့တင်ခေါ်သွားတာ။ အဲဒီက ဒေသခံတွေပြော တာကတော့ တပ်ထဲကိုပို့မှာလို့ ပြောနေကြတယ်” ဟု အဆိုပါဒေသရှိ ဒုက္ခသည်များထံ သွား ရောက်လှူဒါန်းခဲ့သူတဦးက ပြောသည်။ 

အဆိုပါရက်မတိုင်မီက မြို့ပေါ်တွင် စစ်တပ်မှ ဗျူဟာမှူးတဦးက မိဘမဲ့ကလေးများအား အထူးကြည့်ရှုရန် လိုအပ်သဖြင့် အလှူရှင်ရှာထားပြီးဖြစ်ကြောင်း အကယ်၍လိုက်လိုပါက စာရင်း ပေးရန် လက်ကိုင်အသံချဲ့စက်ဖြင့် လိုက်အော်ခဲ့သော်လည်း စာရင်းပေးသည့်သူမရှိပဲ မိဘမဲ့ ကလေးများကိုခေါ်ဆောင်သွားခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

လပွတ္တာမြို့ပေါ်တွင် ဒုက္ခသည် (၄၀,၀၀၀) ခန့်ရှိပြီး ဆန်၊ ရေ၊ ဆေးဝါးများ အဓိကလိုအပ်လျှက် ရှိပြီး ယင်းတို့၏ အနာဂတ်များပျောက်ဆုံးနေကာ အလှူရှင်များက လာရောက်ထမင်းကျွေးမွေးမှု များ ပြုလုပ်နေသော်လည်း လုံလောက်စွာကျွေးမွေးနိုင်ခြင်း မရှိပဲဖြစ်နေသည်။ 

လပွတ္တာမြို့ပေါ်တွင် ဒုက္ခသည်စခန်း (၃၉) ခုရှိပြီး လေးထပ်ပရိယတ္တိဘုန်းကြီးကျောင်းရှိ ဒုက္ခ သည် (၈,၅၀၀) ခန့်မှာ ဖိနပ်မပါပဲ မိုးရေထဲတွင်နေထိုင်နေရပြီး ကလေးငယ်အများစုမှာ ၀မ်းပျက် ၀မ်းလျှောရောဂါများဖြစ်နေပြီး အချို့ပြည်သူများအား စစ်အစိုးရက မြောင်းမြမြို့သို့ ပို့ဆောင်နေ သော်လည်း ဒုက္ခသည်ဦးရေမှာ ပိုမိုတိုးပွားလာနေသည်ဟု ဒေသခံတဦးကပြောဆိုသည်။ 

“ဒုက္ခသည်စားဖို့ နေဖို့တွေလုပ်ပေးနေပေမဲ့ လိုအပ်ချက်ကအများကြီးရှိနေတယ်၊ စခန်းနှစ်ခုမှာ ၀မ်းလျှောရောဂါဖြစ်နေတယ်၊ ဒုက္ခသည်အတိုးအလျှော့တော့ရှိတယ်၊ လျှော့သွားတယ်ဆိုတာက လည်း မြောင်းမြတို့ မအူပင်တို့လို မြို့တွေက ဆွေမျိုးတွေဆီကို ထွက်သွားကြတာလည်းပါ တယ်” ဟု လပွတ္တာမြို့ခံက ဆက်လက်ပြောဆိုသွားခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com