Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့များအား လက်ခံရန် အမေရိကန်တိုက်တွန်း 

ဖြိုးကြီး။ မေ ၆၊ ၂၀၀၈ 

အမေရိကန်က မြန်မာစစ်အစိုးရအား မြန်မာနိုင်ငံတွင် မုန်းတိုင်းဒဏ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ကယ်ဆယ်ရေးအဖွဲ့များအား လက်ခံရန် တောင်းဆိုလိုက်သည်။ 

မြန်မာနိုင်ငံတွင် နာဂစ်ဆိုင်ကလုန်းမုန်းတိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုများကို ပြန်လည်ပြင်ဆင် ရန်အတွက် အကောင်းဆုံးနည်းလမ်းသည် နိုင်ငံခြားမှ အကူအညီများကို လက်ခံသည့်နည်းသာ ဖြစ်ကြောင်း သမ္မတကတော် လော်ရာဘုရှ်က ယနေ့ တိုက်တွန်းပြောဆိုလိုက်ခြင်းဖြစ်သည်။ 

“မြန်မာနိုင်ငံ၊ ရန်ကုန်မြို့က အမေရိကန်သံရုံးမှာ ဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီ သုံးစွဲဖို့ အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ခွင့်ပြုချက်ရရှိထားတယ်၊ အကူအညီများ ရှေ့ဆက်ပြီး အများကြီးပေးပါဦးမယ်”ဟု မစ္စ လော်ရာဘုရှ်က ပြောသည်။

အိမ်ဖြူတော်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းပွဲတွင် မြန်မာစစ်အစိုးရအနေဖြင့် လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည့် ကယ်ဆယ်ရေးအဖွဲ့များကို လက်ခံမည်ဆိုလျှင် အမေရိ ကန်အစိုးရကလည်း နောက်ထပ် အကူအညီများ လုပ်ဆောင်ပေးဦးမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေးအခြေအနေအရ ယုံကြည်မှုနည်းပါးနေသည့်အတွက် ယခု အမေရိကန်က ပေးမည့် အကူအညီများကို လက်မခံမှာစိုးရိမ်မိကြောင်း ၎င်းက ပြောဆိုခဲ့သည်။ 

ထို့အပြင် “အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ မြန်မာပြည်က မုန်တိုင်းသတင်းကို ပြည်ပ သတင်းဌာန RFA, VOA တို့လို သတင်းဌာနတွေက သတိပေးမှုကိုသာ သိရှိခဲ့ရပါတယ်”ဟု သူမက ဆက်လက်ပြောဆိုခဲ့သည်။ 

အမေရိကန်သမ္မတ ဂျော့ဘုရှ်က မြန်မာစစ်အစိုးရသည် ဆိုင်ကလုံးမုန်တိုင်း ချည်းကပ်လာမှု အခြေအနေများကို ပြည်သူပြည်သားများအား အချိန်မီ ထိထိရောက်ရောက် သတိပေးရန် ပျက်ကွက်ခဲ့သည့်အတွက် ယခုကဲ့သို့ လူသောင်းချီ၍ သေကြေပျက်စီးရခြင်းဖြစ်ကြောင်း ပြစ်တင်ဝေဖန်လိုက်သည်။ 

အမေရိကန်နိုင်ငံခြားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တွမ်ကေစီက“ ဒုက္ခသည်များကိုကူညီဖို့ ကယ်ဆယ်ရေးအဖွဲ့ မြန်မာနိုင်ငံကိုသွားဖို့ အဆင်သင့်စီစဉ်ထားပြီးပြီ၊ စစ်အစိုးရဟာ တိုင်းပြည် ထဲကို ဝင်ခွင့်ပြုဖို့ ခွင့်ပြုချက်မပေးသေးပါဘူး၊ ကျွန်တော်နားလည်တာကတော့ သူတို့တွေက စတင်ပြီး ကူညီဆောင်ရွက်မှုတွေ လုပ်ချင်ပါတယ်၊  အပြင်သူတွေကို မဝင်စေချင်ကြဘူး”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ 

စစ်အစိုးရက မေလ (၁၀) ရက်နေ့တွင်ပြုလုပ်မည့် လူထုဆန္ဒခံယူပွဲနှင့်ပတ်သက်၍ မကြာသေး ခင်က အမေရိကန်သမ္မတ ဂျော့ဘုရှ်မှ အခြေခံဥပဒေသစ်အတွက် ဆန္ဒခံယူပွဲသည် လွတ်လပ်ပြီး တရားမျှတမှုမရှိရုံသာမက ယုံကြည်စရာမရှိဘူးဟု ဝေဖန်ခဲ့ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ရန် တွန်းအားပေးသည့်အနေဖြင့် အစိုးရပိုင်ကုမ္ပများနှင့်ပတ်သက်နေသည့် ကုမ္ပဏီများကို ပိတ်ဆို့အရေးယူခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com