Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်အစိုးရက နာဂစ်မုန်တိုင်းအတွင်းအသေအပျောက်စာရင်း ကြေညာ 

ဗထူး။ မေ ၆၊ ၂၀၀၈ 

စစ်အစိုးရပိုင် ရုပ်သံအစီအစဉ်မှ ယနေ့နံနက်က နာဂစ် မုန်တိုင်းဒဏ်ကျရောက်ခဲ့ရသည့် ပြည်နယ်နှင့် တိုင်းများ အတွင်းရှိ လူအသေအပျောက်စာရင်းကို ကြေညာခဲ့ သည်။ 

လူပေါင်း (၃၅၀) သာ သေဆုံးသည်ဟု ယမန်နေ့က ကြေညာထားခဲ့ရာမှ လူ သောင်းချီသေဆုံးကာ လူပေါင်း သုံးထောင်နီးပါး ပျောက်ဆုံးနေကြောင်း (MRTV- 4) က နံနက် (၈) နာရီသတင်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ 

ယမန်နေ့ညနေပိုင်းတွင် ဘီဘီစီ ကမ္ဘာတလွှား ရုပ်သံ သတင်းက နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူဦးရေ (၄၀၀၀) ခန့် သေဆုံးသည်ဟု သတင်းထွက်ပေါ်လာပြီးနောက် အစိုးရရုပ်သံက အခြားသတင်းဌာနများမှ ကြေညာချက် များအား မယုံကြည်ရန် ဖော်ပြခဲ့သည်။ 

သို့သော် ယနေ့နံနက်မှစတင်၍ စစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အပါအဝင် ၀န်ကြီးများအနေဖြင့် မုန်းတိုင်းဒဏ်ကျရောက်ခဲ့သည့် မြို့နယ်များသို့ သွား ရောက် ကူညီနေပုံများကို ထုတ်လွှင့်ပြသလျှက်ရှိပြီး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်း အတွက် ကျပ်ငွေ (၅) ဘီလီယံ သတ်မှတ်ထားသည်ဟု ဆိုသည်။ 

 ပြည်နယ်နှင့် တိုင်း ၅ ခုသို့ ဖြန့်ခွဲ၍ ရဟတ်ယာဉ် ၇ စင်း၊ ဖိုက်ဘာစက်လှေ အစင်း (၆၀)၊ သင်္ဘောကြီး (၁၀) စီး၊ တပ်မတော်(ကြည်း)မှ ခြေလျင်တပ်မ (၄) ခုတို့နှင့်အတူ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ပါဝင်ပူးပေါင်းမှုဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်ခဲ့သည်ဟု ကြေညာခဲ့သည်။  

ဧရာဝတီတိုင်း အိမ်မဲ၊ မော်ကျွန်း၊ ဟိုင်းကြီးကျွန်း၊ အမာ၊ ဒေးဒရဲ၊ ဖျာပုံ၊ လပွတ္တာ၊ ဘိုကလေး၊ ရန်ကုန်တိုင်းမှ ရန်ကုန်၊ ကွမ်းခြံကုန်းမြို့နယ်များအတွင်း သေဆုံး (၃၉၁၈) ဦးနှင့် ပျောက်ဆုံး နေသူ (၂၈၇၃) ဦးဖြစ်ကာ လပွတ္တာမြို့နယ်တွင်း ထောင်ကျော်သေဆုံးပြီး ဘိုကလေးမြို့နယ် တွင် သောင်းကျော်သေဆုံးကြောင်းနှင့် ထိုဒေသများ၏ စာရင်းအတိအကျအား စုံစမ်းစီစစ် ဆဲဖြစ်သည်ဟု ကြေညာချက်တွင် ဆက်လက်ဖော်ပြသွားခဲ့သည်။ 

လက်ရှိတွင် စစ်အစိုးရက ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ အကူအညီပေးမှုအား လက်ခံလိုက်ပြီး အမေရိကန်အပါအ၀င် အခြားနိုင်ငံများကလည်း ဒုက္ခရောက်နေသည့် ပြည်သူများအား ကူညီနိုင် ရေးအတွက်  ဆုံးဖြတ်ချက်များ ချမှတ်ပြီး နိုင်ငံတွင်းဝင်ရောက်ရန်  စစ်အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းလျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com