Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

စစ်အစိုးရက နိုင်ငံတကာနှင့်လက်တွဲ၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်မည်ဟုဆို 

ဉာဏ်မောင်။ မေ ၂၆၊၂၀၀၈ 

မြန်မာစစ်အစိုးရခေါင်းဆောင်များက မုန်တိုင်းဒဏ်သင့် ဒေသများတွင် နိုင်ငံခြား ကယ်ဆယ်ရေး လုပ်သားများနှင့်အတူ လက်တွဲ၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် စဉ်းစားထား ကြောင်း ပြောဆိုခဲ့သည်။ 

ရန်ကုန်မြို့တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာအလှူရှင်များညီလာခံတွင် စစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

“ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ နိုင်ငံများကို ကျွန်တော်တို့အစိုးရအဖွဲ့က လက်ခံဖို့ အဆင်သင့်ရှိပါတယ်၊ ကျွန်တော်တို့အနေနဲ့ မြို့နယ် အလိုက် ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်း လုပ်ချင်တဲ့ ဆန္ဒရှိတဲ့သူတွေကို ခွင့်ပြုပေးဖို့ စဉ်းစားထားပါတယ်”ဟု ပြောသည်။ 

စစ်အစိုးရဘက်မှ နိုင်ငံခြားကယ်ဆယ်ရေးဝန်ထမ်းများကို ၀င်ခွင့်ပြုလိုက်ကြောင်း ကြေညာပြီး သည့်နောက်ပိုင်း ပထမဆုံး တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်ကာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ (၁၁) ဘီလီယံ ရှာဖွေရန် လိုအပ်ကြောင်း မြန်မာ စစ်အစိုးရက ပြောဆိုသည်။ 

နိုင်ငံတကာအလှူရှင်များညီလာခံတွင် စစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ပြောကြားခဲ့ မှုများနှင့် ပတ်သက်၍ မစ္စတာဘန်ကီမွန်းက အလွန်အားတက်မိကြောင်း ပြောဆိုသည်။ 

အဆိုပါညီလာခံသို့မသွားရောက်မီ ဗြိတိန်ကိုယ်စားလှယ် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီး ဒေါက်ကလက်အလက်ဇန္ဒြားက စစ်အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် အမှန်တကယ်ဖွင့်ပေးကြောင်း သက်သေပြရန်လိုအပ်ပြီး မဖြစ်မနေလုပ်ဆောင်ရမည်ဟု ပြောဆိုသည်။ 

ဒေါက်ကလက်အလက်ဇန္ဒြားက “ကျွန်တော်တို့အနေနဲ့ ကယ်ဆယ်ရေးလေယာဉ်တွေ ဆင်းနေ တာကို မြင်လိုပါတယ်၊ အမှန်တကယ်ဆုံးရှုံးပျက်စီးသွားတဲ့ ဒုက္ခသည်ပြည်သူများ အရေးပေါ် လိုအပ်နေတဲ့ ဆေးဝါးများ၊ အစားအစာများ၊ သောက်ရေများ လက်ဝယ်အရောက်ကို မြင်လို ပါတယ်၊ နိုင်ငံခြားတိုင်းပြည်ကလာတဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများကို တားဆီး ပိတ်ပင်မှုမရှိဘဲ လက်ခံတာကို မြင်လိုပါတယ်”ဟု ပြောသည်။ 

မစ္စတာ အလက်ဇန္ဒြားသည် မစ္စတာ ဘင်ကီမွန်းနှင့်တွေ့ဆုံခဲ့ပြီး နာဂစ်ဆိုက်ကလုံးကြောင့် ဒုက္ခသည်များကို ကယ်တင်ရန် မြန်မာစစ်အစိုးရအာဏာပိုင်များသည် သူတို့ပြောတဲ့အတိုင်း လုပ်ရမည်ဟု သတိပေးခဲ့သည်။ 

လွန်ခဲ့သောအပတ်အတွင်း ဒုက္ခသည်များအတွက် ကယ်ဆယ်ရေးပစ္စည်းကို ဗြိတိန်နိုင်ငံမှ လေယာဉ် (၁၁) စီး ပေးပို့ခဲ့ပြီး ရန်ကုန်နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများရှိ လူ (၂၅၀,၀၀၀)အတွက် နေစရာ အိုးအိမ်များ ကူညီရန် စီစဉ်ထားကြောင်း အလက်ဇန္ဒြားက ဆက်လက် ပြောဆို ခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com