Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

(SYDAB)အဖွဲ့ ရန်ကုန်နှင့် မန္တလေးတွင် ကန့်ကွက်မဲပေးရေးလှုံ့ဆော်မှုပြုလုပ်

ဗထူး။ မေ ၁၊ ၂၀၀၈ 


စစ်အစိုးရဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲထည့်ရန် ပြည်သူများအား တိုက်တွန်းနှိုးဆော်သည့် ပိုစတာများကို (SYDAB)အဖွဲ့က ရန်ကုန်၊ မန္တလေး လူစည်ကားရာနေရာများတွင် ကပ်ကာ ယမန်နေ့က လှုပ်ရှားမှုပြလုပ်ခဲ့သည်။  

ယခုလပိုင်းအတွင်း စစ်အစိုးရဆန့်ကျင်ရေး အတိုက်အခံအဖွဲ့များက ကန့်ကွက်မဲထည့်ရန် နိုင်ငံအနှံ့ပြုလုပ်လျှက်ရှိရာ ကျောင်းသားလူငယ်များ ဒီမိုကရက်တစ်အစည်းအရုံး(မြန်မာနိုင်ငံ) (SYDAB)အဖွဲ့၏လှုပ်ရှားမှု ဖြစ်ပေါ်နေခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် မတ်လအတွင်း ဖွဲ့စည်းခဲ့သည့် အဆိုပါအဖွဲ့အစည်းတွင် ရန်ကုန်နှင့် မန္တလေးမှ လူငယ်ကျောင်းသားများ၊ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားတက်ကြွသူများ ပါဝင်ပြီး အဆိုပါ အဖွဲ့ဝင်များသည် ၂၀၀၇ ခုနှစ် သံဃာ့နှင့် ပြည်သူများ၏ အုံကြွမှုတွင်လည်း တဦးချင်း တက်ကြွစွာ ပါဝင်ခဲ့သူများဖြစ်သည်။ 

ရန်ုကုန်ရှိ အဆိုပါအဖွဲ့ဝင်များက အင်းယားကန်ဘောင်ရှိ ထိုင်ခုံများတွင် ဆပ်ပြာကြေညာများ၊ အမှတ် ၂၀၃၊ ၂၀၇၊ ၃၃၊ ၃၈ ဘစ်ကားများပေါ်နှင့် တာမွေမြို့နယ် လူနေတိုက်ခန်းအချို့တွင် ယမန်နေ့က ကန့်ကွက်မဲ ထည့်ရေး လှုပ်ဆော်ပိုစတာငယ်များကို ကပ်ခဲ့သည်ဟု အဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။ 

မေလ (၁၀) ရက်နေ့တွင်ပြုလုပ်မည့် စစ်အစိုးရ၏ အခြေခံဥပေဒအတည်ပြုရေး ဆန္ဒခံယူပွဲတွင် ပြည်သူ များအနေဖြင့် ကန့်ကွက်မဲထည့်ရန်နှင့် မဲအရေအတွက်စာရင်းအား နည်းမျိုးစုံဖြင့် စောင့်ကြည့် ရန်လည်း (SYDAB)အဖွဲ့က တိုက်တွန်းထားသည်။ 

ကန့်ကွက်မဲထည့်ရန် လှုံဆော်စာများကို မန္တလေးမှ (SYDAB)အဖွဲ့ လူငယ်များကလည်း ယခု လပိုင်းအတွင်းက လူစည်ကားရာ နေရာများ၊ ရပ်ကွက်များနှင့် အများပြည်သူ သွားလာရာ လမ်းဘေးဓါတ်တိုင်များတွင်ကပ်ကာ လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။ 

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com