Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထပ်မံတိုးမြှင့် 

ဗထူး။ မေ ၂၇၊ ၂၀၀၈ 

နေအိမ်အကျယ်ချုပ်သက်တမ်း ကုန်ဆုံးနေပြီဖြစ်သော်လည်း စစ်အစိုးရက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သက်တမ်း တိုးမြှင့်လိုက်သည်။ 

ဘီဘီစီကမ္ဘာတလွှားရုပ်သံအစီအစဉ်မှ ယနေ့ညနေနှောင်းပိုင်းတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်းကို စစ်အစိုးရက နောက်ထပ် (၆) လ တိုးမြှင့်လိုက်ကြောင်း ထုတ်လွှင့်ပြသခဲ့ခြင်းဖြစ်သည်။ 

နိုင်ငံတကာ၊ ဒေသတွင်းနိုင်ငံများနှင့် ပြည်သူများက အထိန်းအသိမ်းခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာမည်ဟု မျှော်လင့်နေချိန်တွင် စစ်အစိုးရက သူမအား ထပ်မံချုပ်နှောင်ရန် သက်တမ်းတိုးမြှင့်လိုက်ခြင်းဖြစ်သည်။  

ဥပဒေအရ ဆက်လက်ချုပ်နှောင်ခွင့်မရှိတော့သည့်အတွက် မည်သည့်အကြောင်းပြချက်နှင့်မျှ ဆက်လက်ချုပ်နှောင်ထားခြင်းမရှိဘဲ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ချက်ချင်း ပြန်လွှတ်ပေးရမည်ဟု ယခုလ (၂၄) ရက်နေ့က နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း(မြန်မာနိုင်ငံ) AAPP မှ ထုတ်ပြန်ကြေညာခဲ့သည်။ 

နာဂစ်မုန်တိုင်းဒဏ်ခံထားရသည့် ယနေ့ကာလတွင် သူတို့နှစ်ဦးအား ပြန်လည်လွှတ်ပေးရေးမှာ ပို၍ပင်အရေးကြီးလှပြီး အထူးသဖြင့် မုန်တိုင်းဒဏ်ကြောင့် အတိဒုက္ခနှင့်ရင်ဆိုင်နေရသော အနာဂတ်မဲ့ပြည်သူများအတွက် မျှော်လင့်ချက်တံခါးပွင့်လာမည်ဖြစ်ပြီး ပြည်သူများအတွက် အကောင်းဆုံးစိတ်ပိုင်းဆိုင်ရာ ကုထုံးဖြစ်လိမ့်မည်ဟု AAPP ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ 

အာစီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ၀ီရာယုဒကလည်း ဆိုက်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးနေသည့် တိုင်းပြည်အား ကူညီဆောင်ရွက်ပေးနေသည့် နိုင်ငံတကာအား အကောင်းမြင်လာအောင် ပြသရန် တခုတည်းသောနည်းလမ်းမှာ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးခြင်းသာဖြစ်သည်ဟု (၂) ရက်ကြာ ဖိလစ်ပိုင်နိုင်ငံ အလည်အပတ်ခရီးတွင် စစ်အစိုးရအား တိုက်တွန်းပြောဆိုခဲ့သည်။ 

စစ်ခေါင်းဆောင်များအနေဖြင့် နိုင်ငံတကာမှတောင်းဆိုချက်များကို အစဉ်အစိုက် ငြင်းပယ်နေ လျှက်ရှိသဖြင့် မျှော်လင့်ချက်နည်းသည်ဟုပြောဆိုခဲ့ပြီး မစ္စတာ ၀ိရာယုဒက “ကျနော့်အနေနဲ့ တော့ အကောင်းဆုံးကို မျှော်လင့်ပါတယ်၊ ဒါပေမဲ့ ဖြစ်မဲ့ပုံတော့မမြင်သေးပါဘူး”ဟု အေပီ(AP) သတင်းဌာနကို ပြောဆိုခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့အား စစ်အစိုးရက ပုဒ်မ(၁၀)(ခ)ဖြင့် နေအိမ် အကျယ်ချုပ် ချုပ်နှောင်ထားခြင်းဖြစ်ပြီး ဥပဒေအရ (၅) နှစ်သာ ချုပ်နှောင်ခွင့်ရှိသည့်အတွက် ယခုလ (၂၄) ရက်နေ့တွင် အဆိုပါချုပ်နှောင်မှုသက်တမ်း ပြည့်မြောက်ခဲ့ပြီဖြစ်၍ စစ်အစိုးရ အနေဖြင့် ၎င်းတို့ပြဌာန်းထားသည့် ဥပဒေအရ ပြန်လည်လွှတ်ပေးရမည်ဖြစ်သည်။ 

စစ်အစိုးရအနေဖြင့် မိမိတို့တဖက်သတ်ပြဌာန်းထားသည့် ဥပဒေကို ကိုယ်တိုင်ချိုးဖောက်ကာ ရက်ကန့်သတ်ပြည့်ပြီးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ချုပ်နှောင်ပါက ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် ပြင်းပြင်းထန်ထန် ဖိအားပေး အရေးယူဆောင်ရွက်ရန် (AAPP) က ထုတ်ပြန်တိုက်တွန်းထားသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com