|
(KNU)ဥက္ကဋ္ဌ
ကွယ်လွန်
ရိုးမ ၃။ မေ
၂၂၊ ၂၀၀၈

ကရင့်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ဖဒိုစောဘသင်စိန်သည် ယနေ့နံနက် (၂)
နာရီတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။
အသက် (၈၂) နှစ်ရှိပြီဖြစ်သော (KNU)ခေါင်းဆောင်သည် လူကြီးရောဂါဖြင့်
ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ဖဒိုစောဘသင်စိန်သည် မကွယ်လွန်မီအချိန်ထိ ကရင့်အမျိုးသားအစည်းအရုံး(KNU)
ဥက္ကဋ္ဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ(NCUB)
သဘာပတိအဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု(NDF) ဥက္ကဋ္ဌ၊
တိုင်းရင်းသားလူမျိုးများကောင်စီ(ENC) ဥက္ကဋ္ဌ တာဝန်များကို
ထမ်းဆောင်ခဲ့သည်။
ကွယ်လွန်ချိန်တွင် ဇနီးနှင့်အတူ သမီး (၃) ဦး၊ သား (၁) ဦး
ကျန်ရစ်ခဲ့ပြီး ရက်ပိုင်းအတွင်း (KNU)ထိန်းချုပ်ရာ နယ်မြေတခုတွင်
ဈာပနအခမ်းအနားပြုလုပ်သွားမည်ဟု သိရသည်။ |