Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

မွန်ပြည်နယ်မှသိမ်းလာသည့် ကျွဲများကို ပုသိမ်သို့ပို့ဆောင်ခဲ့ 

ဗထူး။ မေ ၂၁၊ ၂၀၀၈  

စစ်အစိုးရက  ဧရာဝတီတိုင်းအတွင်း ပြန်လည်တည်ဆောက်ရေးအတွက်ဟုဆိုကာ ယမန်နေ့ ညနေက ကျွဲများကို ပုသိမ်မြို့သို့ ပို့ဆောင်ခဲ့သည်။ 

ကျွဲများမှာ မွန်နှင့် ကရင်ပြည်နယ်မှဖြစ်ပြီး အဆိုပါဒေသများမှ ကျေးရွာလူကြီးများကို ဆင့်ခေါ် ကာ အကောင်ရေအလိုက် ကျသင့်ငွေပေးချေမည်ဟုဆိုကာ ဒေသခံတပ်များက အတင်းအဓမ္မ သိမ်းယူခဲ့ခြင်းဖြစ်သည်။ 

ယမန်နေ့ညနေ (၄) နာရီခွဲခန့်မှစတင်ကာ ရန်ကုန်မှ စစ်တပ်ပိုင်ကားများဖြင့် ပုသိမ်မြို့သို့ ညတွင်းချင်း အရောက်ပေးပို့ရန် ညွှန်ကြားထားခဲ့ကြောင်း စစ်တပ်နှင့် နီးစပ်သူတဦးက ပြောသည်။ 

“တစီးကို ငါးကောင်နှုန်းတင်ပြီးတော့ ထောက်ပံ့ပို့ဆောင်ရေးတပ်ရင်း ထပရ ( ၅၂၅) က ကားတွေနဲ့ ပုသိမ်ကို ညအရောက် မောင်းခိုင်းတယ်၊ မွန်ပြည်နယ်ဘက်ကလို့ သိရတယ်၊ ရွာတွေမှာဆင့်ခေါ်ပြီး ပေါက်ဈေးအတိုင်း အစိုးရက ချေလိမ့်မယ်ဆိုပြီး အတင်းဆွဲလာတာလို့ ပြောတယ်၊ ပေးမပေးတော့မသိဘူး၊ ပေးရင်လည်း ဈေးနှိမ်မှာပဲ”ဟု ရန်ကုန်မှ စစ်တပ်အရာရှိ တဦးက ပြောသည်။ 

လေဘေးဒုက္ခသည်များကို ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ဒုတိယအဆင့်အနေဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ စတင်နေသည်ဟု စစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က မကြာမီရက်ပိုင်းအတွင်းက ပြောဆိုခဲ့သည်။ 

ယမန်နေ့က ရန်ကုန်မှ ပုသိမ်သို့ ပထမအသုတ်အဖြစ် ကျွဲကောင်ရေ ၁၅၀၀ စတင်သယ်ဆောင် နေပြီး ကုလအတွင်းရေးမှူးချုပ် လာရောက်စဉ် ပြန်လည်တည်ဆောက်ရေးအတွက် လုပ်ငန်း များ လုပ်ဆောင်နေသည်ကို ပြသရန် ရည်ရွယ်နေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

စစ်အစိုးရကမူ ယင်းတို့ပိုင် ရုပ်မြင်သံကြားအစီအစဉ်မှနေ၍ ယခုလ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ် သာအေးမှ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်လှာရွာသို့ရောက်ရှိပြီး ရန်ကုန်နှင့် ဧရာဝတီတိုင်း အတွက် ခိုင်းကျွဲများဝယ်ယူကာ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်နေသည်ကို ကြည့်ရှု အားပေးနေကြောင်း ထုတ်လွှင့်သွားခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com