|
စစ်အစိုးရ၏လုပ်ရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှေ့နေများကောင်စီက
သတိပေးကြေညာချက်ထုတ်ပြန်
ရိုးမ ၃။
မေ ၂၇၊ ၂၀၀၈
မြန်မာစစ်အစိုးရ၏ ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာအောင်လုပ်ဆောင်မှုနှင့် လိမ်လည်မှုများအတွက်
မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ကြေညာချက်ထုတ်ပြန် သတိပေး ခဲ့သည်။
(နအဖ)စစ်အစိုးရသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား လက်မခံခြင်း၊
အချိန်ဆွဲ ခြင်း၊ လိမ်လည်ခြင်းများပြုလုပ်သည့် အစဉ်အလာများရှိသည့်အတွက်
ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်သတိပေးခဲ့ခြင်းဖြစ်သည်။
စစ်အစိုးရအနေဖြင့် ဘန်ကောက်သံရုံးမီးလောင်မှုကို နာဂစ်မုန်တိုင်းဒုက္ခသည်များထံသို့ အကူအညီသွားပေးမည့်
နိုင်ငံခြားသားများအား ပြည်ဝင်ခွင့်ဗီဇာပေးရန် အချိန်ဆွဲသည့်
နည်းလမ်းအနေဖြင့် မသုံးသင့်ကြောင်းနှင့် အဆိုပါမီးလောင်မှုသည်
အလွန်သံသယဖြစ်ဖွယ် ကောင်းသည်ဟု မြန်မာနိုင်ငံရှေ့နေများကောင်စီက
ကြေညာချက်တွင် ရေးသားထားသည်။
မစ္စတာဘန်ကီမွန်းအနေဖြင့်
၎င်း၏လုပ်ပိုင်ခွင့်များကိုသုံး၍ မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များ အတွက်
နိုင်ငံတကာအကူအညီများ ပိုမိုလက်ခံရန် တွန်းအားပေးသည့်အတွက်
မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ လေးစားဂုဏ်ယူကြောင်းနှင့် စစ်အစိုးရ၏လုပ်ရပ်များသည် နိုင်ငံတကာ ဖိအားများကို
ရှောင်ကွင်းရန် လုပ်ဆောင်နေသည်ဟု ထင်မိကြောင်း ဆက်လက်ရေးသားဖော်ပြ
ထားသည်။
(နအဖ)စစ်အစိုးရအနေဖြင့် မြန်မာပြည်သူများကို အမှန်တကယ်ဂရုစိုက်သည်ဆိုပါက
နိုင်ငံခြား အကူညီများ အမြန်ဆုံး ၀င်ရောက်နိုင်ရန်အတွက်
နယ်စပ်ဒေသများကို ခြွင်းချက်မရှိ ဖွင့်ပေးရ မည်ဖြစ်သည်ဟု ဆိုသည်
ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း စစ်အစိုးရသည်
နှောင့်နှေးကြန့်ကြာမှုမရှိဘဲ လက်ခံသည်မှာ မည်သည့်အရာမှ
မရှိသေးကြောင်း ပြောဆိုခဲ့သည်။
နအဖစစ်အစိုးရသည် လွန်ခဲ့သောနှစ်များအတွင်း မရေတွက်နိုင်သည့်
ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့ရုံသာမက လက်ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက်
နိုင်ငံခြားအကူအညီ ဖြန့်ဝေ နေမှုများကို
နှောင့်နှေးကြန့်ကြာအောင် ဟန့်တားနေမှုများကို ရည်ရွယ်ချက်ရှိရှိဖြင့်
လုပ်ဆောင် လျှက်ရှိကြောင်းတို့ကို အဆိုပါကြေညာချက်တွင် ဆက်လက်ရေးသားဖော်ပြထားသည်။ |