Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

(နစက)တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုများကြောင့် ကုန်သည်တဦးသေဆုံးခဲ့

ဖြိုးကြီး။ မတ် ၆၊ ၂၀၀၈ 

ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်၊ နယ်စပ်လုံခြုံရေးတပ်ဖွဲ့(နစက) ဝန်ထမ်းများ၏ ပစ်ခတ်မှု ကြောင့် စက်လှေပေါ်တွင် လိုက်ပါလာသည့် ကုန်သည်တဦး သေဆုံးခဲ့သည်။ 

ယခုလ (၁) ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နွားများကို တင်ပို့နေသော စက်လှေကို မောင်းတောမြို့နယ်၊ အလီသန်းကျော်ရွာအနီး စစ်ဆေးရေးဂိတ်နားအရောက် စက်လှေ ခုတ်မောင်းနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။  

၎င်းစက်လှေပေါ်တွင် စက်လှေသမား ၁၀ ဦး လိုက်ပါပြီး စက်လှေသားအားလုံးသည် ရခိုင် တိုင်းရင်းသားများဖြစ်ကာ စစ်တွေမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှက်ပူရီဒစ်သို့ သက်ဆိုင်ရာ အာဏာပိုင် တို့၏ ခွင့်ပြုချက်စာရွက်စာတမ်းများနှင့်အတူ နွားများကို တင်ဆောင်လာခြင်း ဖြစ်သည်။

“အလီသန်းကျော်ရွာ နစကဂိတ်နားရောက်တော့ (နစက)ဝန်ထမ်းတွေက စက်လှေကို ရပ်ခိုင်း တယ်လေ။ ဒါပေမဲ့ စက်လှေက ချက်ချင်းရပ်လို့မရဘူး။ အဲဒီတော့ (နစက)၀န်ထမ်းတွေက သေနတ်နဲ့ပစ်တာ”ဟု မျက်မြင်ရွာသားတဦးက ပြောသည်။ 

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်လှေအနီးသို့ ချည်းကပ်လာပြီး စက်လှေပေါ်ရှိ လူအားလုံးနှင့် စက်လှေတခုလုံးကိုရှာဖွေခဲ့ပြီးနောက် စက်လှေပေါ်ရှိ ကျွဲနွားများနှင့် စက်လှေကို သိမ်းပိုက်ပြီး လူအားလုံးကို ခေါ်ဆောင်၍ (နစက)အချုပ်ထဲတွင် ဖမ်းဆီးထားသည်။ 

ကုန်သည်များက သက်ဆိုင်ရာအာဏာပိုင်များမှ ထုတ်ပေးခဲ့သော ခွင့်ပြုအမိန့် စာရွက်စာတမ်း များလည်း အပြည့်အစုံပြသော်လည်း တစုံတရာပြောဆိုခြင်းမရှိဘဲ ပစ္စည်းများကိုသိမ်းဆည်းပြီး လူများကို ဖမ်းထားကြောင်း မျက်မြင်သက်သေက ဆက်လက်ပြောဆိုခဲ့သည်။ 

ရခိုင်ပြည်နယ်ရှိ (နစက)စစ်အာဏာပိုင်များသည် လာဘ်ပေးလာဘ်ယူမှု၊ မတရား ငွေကြေး ကောက်ခံမှု၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု၊ အမှုဆင်ဖမ်းဆီးမှုများဖြင့် ဒေသခံပြည်သူ များကို နည်းမျိုးစုံဖြင့် လုပ်ဆောင်နေလျှက်ရှိကြောင်း ဒေသခံများက ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org