Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မြန်မာနိုင်ငံ အမျိုးသားသင့်မြတ်ရေးအတွက် တောင်းဆို

ဉာဏ်မောင်။ မတ် ၁၈၊ ၂၀၀၈

မြန်မာစစ်အစိုးရအား အမျိုးသားပြန်လည်သင်ြ့မတ်ရေးအတွက် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပြီး ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန် ကုလသမဂ္ဂညီလာခံ ဥက္ကဌက တိုက်တွန်းကြောင်း ကြေညာချက် တစောင်ထုတ်ပြန်လိုက်သည်။

ကုလသမဂ္ဂထိပ်သီးခေါင်းဆောင် အထွေထွေညီလာခံဥက္ကဌ မစ္စတာ ဆာဂျီရင်ကရင်မ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီတို့နယူးယောက်မြို့ UN ရုံးတွင် ယခုလ (၁၇)ရက်နေ့က တွေ့ဆုံပြီးနောက် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

မစ္စတာဆာဂျီရင်ကရင်မ် က “အခုကျင်းပပြုလုပ်မဲ့ အထွေထွေရွေးကောက်ပွဲမှာ အခြေခံဥပဒေ အရ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်ပေးပြီး ဆန္ဒခံယူပွဲကိုလည်း UN အပါအဝင် နိုင်ငံခြား က လေ့လာသူများ လာရောက်ခွင့်တွေအပြင် နိုင်ငံရေးပါတီအားလုံးနှင့်တွေ့ဆုံပြီး ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ အထူးပဲ ပြောချင်ပါတယ်” ဟု ၎င်းကြေညာချက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့ မြှင့်တင်ရန်အတွက် ကုလသမဂ္ဂညီလာခံမှ ကိုယ်စားပြုစေလွှတ်လိုက်သော ကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ၏ လုပ်ဆောင်ချက်နှင့် သူ၏အခန်းကဏ္ဍကို ယုံကြည် ထောက်ခံကြောင်းကို လည်း ထည့်သွင်းရေးသားထားသည်။

နအဖစစ်အစိုးရက လာမည့် မေလတွင် အခြေခံဥပဒေအား အတည်ပြုမည့် ဆန္ဒခံယူပွဲအား ကျင်းပပြီး ၂၀၁၀ ခုနှစ်တွင် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကိုလည်း ဆက်လက်ကျင်းပြမည် ဟု ကြေညာခဲ့ပြီးနောက်ပိုင်း မစ္စတာဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်တွင် ငြိမ်းချမ်းရေး နိုဗယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြေခံဥပဒေ ရေးဆွဲရေးကော်မရှင် လူကြီးများ၊ ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံနိုင်ခဲ့ခြင်းအပေါ်ကို မစ္စတာကရင်မ် ချီးကျူးကြောင်းကိုလည်း ဆက်လက်ရေးသားဖော်ပြထားသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org