Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဦးမြင့်အေး အရိုက်ခံရ၍ ဒဏ်ရာပြင်းထန်းစွာရရှိ 

ဗထူး။ မတ် ၂၈၊ ၂၀၀၈ 

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP)အဖွဲ့ဝင် ဦးမြင့်အေးအား အမည်မသိ သူတဦးက ရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးကုသမှုခံယူနေရသည်။ 

ယမန်နေ့ည (၉)နာရီခန့်က ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်မှ အိမ်သို့အပြန် တွင် အမည်မသိသူတဦးက ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။ 

“စမ်းချောင်းပဒုမ္မာလမ်းနဲ့ ဗားဂရာလမ်းဒေါင့်မှာ ကားငှားနေတုံး လူတယောက်က ရိုက်ပြီးတော့ ထွက်ပြေးသွားတာ မိတ်ဆွေတွေနဲ့အတူသွားပြီး လမ်းခွဲအပြန်မှာ ခေါင်းရဲ့ညာဘက်ခြမ်းကို အရိုက်ခံရတာ” ဟု (HRDP)အဖွဲ့ဝင် ကိုမောင်မောင်လေးက ဆိုသည်။ 

အရိုက်ခံရသည့်ဒဏ်ရာကြောင့် ဦးမြင့်အေးသည် ဦးခေါင်းတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ယခု လက်ရှိတွင် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောအထူးကု၊ အတွင်းလူနာဆောင် အဆောင် (၁)ကုတင်နံပတ် (၂)တွင် ဆေးကုသမှုခံယူနေကြောင်း ၎င်းက ဆက်လက်ပြောဆို သည်။ 

စစ်အစိုးရသည် ၂၀၀၇ ခုနှစ်၊ ဧပြီလအတွင်းကလည်း အဆိုပါ (HRDP)အဖွဲ့ဝင်များအား ဧရာဝတီ တိုင်း၊ ဟင်္သာတမြို့နယ်၊ အုတ်ပုံကျေးရွာအနီးတွင် ကြံ့ဖွံ့နှင့်မြို့နယ် ရဲအာဏာပိုင်များ ပူးပေါင်း ကာ ရိုက်နှက်ခဲ့သဖြင့် (HRDP)အဖွဲ့ဝင် နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ 

ယခုလက်ရှိတွင် ဦးမြင့်အေးအား အုတ်ပုံကျေးရွာတွင် စစ်အစိုးရအာဏာပိုင်များ ရိုက်နှက်မှု ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် ကိုမောင်မောင်လေးမှ ကြည့်ရှုစောင့်ရှောင့်နေသည်ဟု ဆိုသည်။ 

“ဆေးရုံရဲ့မှတ်ချက်ကတော့ ဦးခေါင်းဒဏ်ရာရ၊ နားထဲမှသွေးယိုထွက်လို့ပြောထားတယ်၊ ခေါင်း လည်း တော်တော်မူးနေတယ်” ဟု ကိုမောင်မောင်လေးက ဆိုသည်။ 

ဦးမြင့်အေး အရိုက်နှက်ခံရမှုနှင့်ပတ်သက်၍ (HRDP)အဖွဲ့မှ စမ်းချောင်းမြို့နယ် ရဲစခန်းမှူး ဦးကျော်ကျော်ထံ ယနေ့နံနက် (၁၁)နာရီခန့်က သွားရောက်အမှုဖွင့်တိုင်ကြားခဲ့ပြီး ရဲစခန်းမှ ယင်းအမှုနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

အုတ်ပုံကျေးရွာတွင် စစ်အစိုးရအဖွဲ့ဝင်များက ရိုက်နှက်ခဲ့သည့်ဖြစ်စဉ်တွင်လည်း (HRDP)အဖွဲ့မှ အမှုဖွင့်ကာ တရားရင်ဆိုင်ခဲ့ရာတွင် စစ်အစိုးရက ကျူးလွန်သူများအား အပြစ်ပေးခြင်းမရှိပဲ ရိုက်နှက်ခံရသူ (HRDP)အဖွဲ့ဝင် ကိုမြင့်လှိုင်အပါအ၀င် လူခြောက်ဦးအား ထောင်ဒဏ် (၈)နှစ် (၄)နှစ် အသီးသီးထောင်ဒဏ်များ ချမှတ်ခဲ့သည်။  

စစ်အစိုးရအနေဖြင့် နိုင်ငံရေးအရ လှုပ်ရှားတက်ကြွသူများ၊ နိုင်ငံရေးပါတီဝင်များအား ဖမ်းဆီး အကျဉ်းချမှုများ ပြုလုပ်နေသလို ကြံ့ဖွံ့၊ စွမ်းအားရှင်အဖွဲ့ဝင်များဖြင့် အကြမ်းဖက်ရိုက်နှက်မှုများ ကို မကြာခဏ ပြုလုပ်လျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org