|
မြန်မာနိုင်ငံတွင်
ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်မည်ဖြစ်ကြောင်း ထိုင်းကပြောဆို
ဉာဏ်မောင်။ မတ် ၅၊ ၂၀၀၈
နိုင်ငံတကာမှ မြန်မာစစ်အစိုးရကို
စီးပွားရေးဒဏ်ခတ်အရေးယူရန် အလေးအနက်ထား လုပ်ဆောင်နေချိန်တွင်
ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရန်
စီစဉ်လျှက်ရှိ သည်။
ထိုင်းဝန်ကြီးချုပ် ဆမတ်ဆန္ဒရာဗက်
မြန်မာနိုင်ငံနှင့်ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေးသဘောတူ စာချုပ်
လက်မှတ်ရေးထိုးရန် အသိသက်သေအဖြစ် မြန်မာနိုင်ငံသို့ မတ်လ ၁၂
ရက်နေ့တွင် သွားရောက်မည်ဖြစ်ကြောင်း ယနေ့ ကြေညာလိုက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံစီပွားရေးဆိုင်ရာသံမှူး
မတ်ရာဝန်စီ အမတ်ယကူလ်က “ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကာကွယ်ရေးစာချုပ်မူ
ကြမ်းကတော့ ရေးဆွဲပြီးသွားပါပြီ၊ နှစ်နိုင်ငံဝန်ကြီးတွေ လက်မှတ်ရေးထိုး
ဖို့ကိုပဲ စောင့်နေကြပါတယ်”ဟု ဆိုသည်။
ထိုသဘောတူညီချက်အသစ်အရ
မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို ပိုမို
အားပေးမည်ဖြစ်ပြီး နှစ်နိုင်ငံကြား ပိုမိုခိုင်မြဲစွာ
ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကာ လွန်ခဲ့သော နှစ်က အမေရိကန် ဒေါ်လာ ၁.၃၄
ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။
ထိုင်းနိုင်ငံခြားရေး
ရင်းနှီးမြှုပ်နှံမှုဌာန စာရင်းဇယားများအရ ထိုင်းနိုင်ငံသည်
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တတိယအကြီးဆုံး နိုင်ငံဖြစ်ပြီး
ယူနိုက်တက်ကင်းဒန်း(အင်္ဂလန်)မှ အမေရိကန် ဒေါ်လာ ၁.၅၆ ဘီလီယံရင်းနှီး
မြှုပ်နှံထားရှိ၍ အများဆုံးဖြစ်ပြီး စင်္ကာပူသည် မြန်မာနိုင်ငံတွင် ၁.၄၃
ဘီလီယံရင်းနှီးမြှုပ်နှံထားရှိသောကြောင့် ဒုတိယအများဆုံးဖြစ်သည်ဟု
ဆိုသည်။
၂၀၀၇ ခုနှစ်တွင်
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့သည့် သဘာဝဓါတ်ငွေ့တန်ဘိုးမှာ
ထိုင်းဘတ်ငွေ ၈၀.၀၃ ဘီလီယံ (အမေရိကန်ဒေါ်လာ-၂.၅ဘီလီယံ) ရှိခဲ့ပြီး ၂၀၀၆ ခုနှစ်ထက် ၉.၈
ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့
တင်သွင်းသည့်ကုန်ပစ္စည်း ပမာဏ မှာ ထိုင်းဘတ်ငွေ ၃၃.၀၆
ဘီလီယံ(အမေရိကန်ဒေါ်လာ- ၁.၀၅ ဘီလီယံ) ရှိ၍ ယခင်နှစ်ထက် ၁၄.၆
ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
မြန်မာနိုင်ငံအပေါ်
စီးပွားရေးဒဏ်ခတ်အရေးယူခြင်းသည် နှစ်ရှည်လများ စီးပွားရေး ပူးပေါင်း
ဆောင် ရွက်လျှက်ရှိသည့် ထိုင်း၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အပေါ်
အကျိုးသက်ရောက်မှု မရှိသည့်အပြင် ၎င်းနိုင်ငံများက ထိုကဲ့သို့
အရေးယူမှုမျိုးကိုလည်း အမြဲတမ်း ငြင်းဆန်လျှက်ရှိ သည်။
ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ်
အရေးယူဆောင်ရွက်မှုများကို နိုင်ငံတကာမှ ပါဝင်
လှုပ်ရှားဆောင်ရွက်နိုင်ရန် ပထမအဆင့်အနေဖြင့် ထိုင်း၊ တရုတ်၊
အိန္ဒိယနိုင်ငံတို့ကိုပါ အရေးယူ မည့်အကြောင်း ဖိအားပေးဆောင်ရွက်ရမည်
ဖြစ်သည်။ |